ထရမ့် အနိုင်ရခဲ့တဲ့ ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲ အပြီး ပြီးခဲ့တဲ့လတွေက စံချိန်တင် ထိုးတက်ထားတဲ့ ကမ္ဘာ့ရွှေစျေး ပြိုဆင်းလာနေပါပြီ။
ကမ္ဘာ့ရွှေစျေးဟာ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၂၇၅၀ ဒေါ်လာ အထိ ဆက်ချိန်တင် တက်သွားခဲ့ပြီး သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်ကို တင်ထားခဲ့တာပါ။
ဒါပေမယ့် ယနေ့ နိုဝင်ဘာ ၆ ရက်နေ့ အမေရိကန်သမ္မတရွေးကောက်ပွဲ ရလဒ် ထွက်လာအပြီးမှာ ကမ္ဘာ့ရွှေ တရှိန်ထိုး ကျဆင်းလာခဲ့ကာ
လက်ရှိမှာ တစ်အောင်စကို ၂၇၀၀ ဒေါ်လာ အောက် (၂၆၈၀ ဒေါ်လာ ဝန်းကျင်ထံ) သိသိသာသာ ကျသွားခဲ့ပါပြီ။
ပြီးခဲ့တဲ့လတွေအတွင်း ကမ္ဘာတဝန်း ဗဟိုဘဏ်တွေက ငွေကြေးမူဝါဒတွေ ဖြေလျှော့တာနဲ့ ရွှေအမြောက်အမြား ဝယ်ယူတာတွေကြောင့် ဒီနှစ်ထဲမှာ ရွှေစျေးက ၂၀ ရာခိုင်နှုန်းကျော် တက်လာခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း တင်းမာမှုနဲ့ ဥရောပက ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်တို့လို ပထဝီနိုင်ငံရေး မငြိမ်သက်မှုတွေကြောင့်လည်း ဘေးကင်းစိတ်ချရတဲ့ ပိုင်ဆိုင်မှုအဖြစ် ရွှေကို စုဆောင်းသူ ပိုများလာခဲ့ပါတယ်။
ထရမ့် သမ္မတသစ်ပြန်ဖြစ်လာအပြီး ကမ္ဘာ့ရွှေ ကြောက်ခမန်းလိလိ ပြန်ကျလာနေချိန် ကမ္ဘာ့ဒေါ်လာဈေး ပြန်မာလာပါတယ်။ ရွှေစျေးအကျ ဒေါ်လာစျေးအတက်ဟာ ပုံသေနည်းတစ်ခုဖြစ်ကာ ဘယ်အတိုင်းအတာထိ ရွှေစျေးဆက်ကျမလား စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။
The post အမေရိကန်သမ္မတရွေးကောက်ပွဲ အပြီး ကမ္ဘာ့ရွှေစျေး ပြိုဆင်းနေ appeared first on .
Your new digest 49
Post a Comment