အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ဆွဲထားတဲ့ ကစားကွင်းအတိုင်း ပုံဖော်ဖန်တီးပေးခဲ့

အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ဆွဲထားတဲ့ပုံထဲမှ ကစားကွင်းကို မြို့အာဏာပိုင်တွေက အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ယူတားပြည်နယ် ကလီးယားဖီးလ်မြို့မှာ နေထိုင်တဲ့ မိန်းကလေးငယ် ရိုဆီလီဟာ သော်နော့ခ်ပန်းခြံထဲမှာ ကလေးကစားကွင်း တည်ဆောက်နေတာကို တွေ့ပြီး ကစားကွင်းထဲမှာ တပ်ဆင်ထားတဲ့ ပစ္စည်းတွေက သူတို့အရွယ် ကလေးငယ်တွေဆော့ဖို့ အဆင်မပြေဘူးလို့ တွေးမိခဲ့တာပါ။

ဒါကြောင့်ပဲ ရိုဆီလီက သူ့စိတ်ကူးထဲက ကစားကွင်းကို အသေးစိတ် ပုံဆွဲခဲ့တာပါ။ သူ့အမေက ရိုဆီလီရဲ့ပုံကို ကလီးယားဖီးလ်မြို့တော်ကောင်စီထံ ပေးပို့ခဲ့ပြီး ပြင်ပဆက်ဆံရေးဒါရိုက်တာ အဲရစ်ဟောင်းကလည်း ဒီပုံတွေကို သဘောကျတာကြောင့် ပုံကြမ်းတစ်ခုချင်းစီကို အသေအချာ အချိန်ယူလေ့လာခဲ့ပါတယ်။

သော်နော့ခ်ပန်းခြံမှာ ကစားကွင်းတည်ဆောက်မှုက ပြီးစီးလုဆဲဆဲ ဖြစ်နေတာမို့ ရိုဆီလီရဲ့ စိတ်ကူးကို ပုံဖော်ပေးဖို့ မဖြစ်နိုင်တာကြောင့် နောက်ထပ်ကစားကွင်းတစ်ခု တည်ဆောက်ဖို့ မြို့တော်ကောင်စီက စီစဉ်ခဲ့ပါတယ်။

သူတို့ဟာ ဘိုင်ဆန်တန်နီယယ်ပန်းခြံမှာ ရိုဆီလီရဲ့ စိတ်ကူးထဲမှ ကစားကွင်းအတိုင်း ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ ကစားကွင်း တည်ဆောက်မှုအဆင့်တိုင်းမှာ ရိုဆီလီကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ ဘိုင်ဆန်တန်နီယယ်ပန်းခြံထဲမှ ကစားကွင်းကို တရားဝင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

Ref: 12-Year-Old Draws Plans For A Playground, The City Built It
NZ ( ရိုးရာလေး)

The post အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ဆွဲထားတဲ့ ကစားကွင်းအတိုင်း ပုံဖော်ဖန်တီးပေးခဲ့ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post