တကယ်တမ်းပြောရရင် ရွှေဈေးက ထပ်ကျမှာလား?

တကယ်တမ်းပြောရရင် ရွှေဈေးက လက်ရှိဈေးထက်ကို ထပ်ကျရမှာပါ။ ထိပ်စီးပြောင်းကျရမှာကို ပြောတာပါ

အခုကကျသင့်သလောက် မကျဘူးဖြစ်နေတာက ဒေါ်လာဈေးနဲ့ ကမ္ဘာရွှေဈေးက ကျတာနဲ့ တက်တာက သွားညီနေသလို ဖြစ်နေတာပါ။

နောက်တစ်ခု ဗဟိုဘဏ်ကို ခါတိုင်းလိုမျိုး လျော့တွက်လို့ မရတော့ဘူး။ နိုင်ငံခြားငွေတွေကို ထုတ်ရောင်းပေးဖို့ အထိုက်အလျောက်တော့ ရှိနေပြီ။

ဒီလကစပြီး ရွှေခွန် ၃% ပေးဆောင်ရမယ်ဆိုတာက ရွှေကို အမှန်တကယ် စုဆောင်းသူတွေအတွက်တော့ အခက်တွေ့စေမှာအမှန်ပဲ။

ဒီအခွန်ကြောင့် ရွှေဆိုင်တွေမှာ ရေတိုအနေနဲ့ ရွှေဝယ်သူတွေ သိသိသာသာ လျော့နည်းသွားလိမ့်မယ်လို့ မြင်မိတယ်။

သို့ပေမယ့်လည်း အခေါက်မှောင်ခိုဈေးကွက်ကတော့ သိသိသာသာတော့ ကြီးထွားလာနိုင်တယ်။ လက်ရှိ ဒီအနေအထားတွေ အရကြည့်ရင် ရွှေဈေးဟာ အတက်မှန်းဖို့က ဘယ်လိုမှမဖြစ်နိုင်သေးဘူးလို့ မြင်မိပါတယ်။

ဈေးသာ မကစားဖူးဆိုရင် လက်ရှိဈေးတန်းမှာပဲ ငြိမ်ရင်ငြိမ်၊ မငြိမ်ရင် အကျဘက်မှာပဲ ရှိနေပါတယ်။ အတိတ်နိမိတ် ကောက်တတ်တဲ့သူဆိုရင် ရထားနဲ့ ရွှေဆိုတာ ဗုဒ္ဓဟူးနံတွေပါ။

စပိန်က ရထားနဲ့ မြန်မာသံလှေကားတောင် ဆုံမိသေးတာပဲလေ။ ရွှေဆိုတာလည်း အစိုးရဈေးနဲ့အပြင်ဈေး မကြာမီ ဆုံနိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး။ မူရင်းရေးသားသူ – ဘုန်းဆုမင်း

The post တကယ်တမ်းပြောရရင် ရွှေဈေးက ထပ်ကျမှာလား? appeared first on .



Your new digest 49

Post a Comment

Previous Post Next Post