၄ လ အတွင်း အနိမ့်ဆုံးစျေးတန်းသို့ ပြန်ကျလာတဲ့ ဒေါ်လာ

ပြည်တွင်းမှာ ဆက်တိုက် အတက်ကြမ်းခဲ့တဲ့ ဒေါ်လာစျေးတွေဟာ ၄ လအတွင်း အနိမ့်ဆုံး စျေးတန်းတစ်ခုကို ပြန်ကျဆင်းလာနေပြီဖြစ်ပါတယ်။

ပြည်တွင်းရေးအပြင် ကောလဟာလတွေကြောင့် ဇူလိုင်လကစလို့ ခုန်တက်လာခဲ့တဲ့ ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ကျပ် ၇၀၀၀ အထိ တက်ခဲ့ပြီး အမြင့်ဆုံးတန်းကို ရောက်ရှိခဲ့ပါတယ်။

အဲ့နောက်ပိုင်း ဗဟိုဘဏ်ရဲ့ ‌ဒေါ်လာ သန်းပေါင်းများစွာ ထုတ်ရောင်းမှုနဲ့အတူ တအိအိ ပြန်ကျလာနေပါတယ်။

ကောလဟာလတွေမှာတော့ ဗဟိုဘဏ်ဟာ ဒေါ်လာ ၃ ဘီလျံ အကူအညီရထားတယ်လို့ ဆိုထားပြီး ဒီသတင်းခိုင်မာမှုအပေါ် အတည်မပြုနိုင်ပေမယ့် ဗဟိုဘဏ်ရဲ့ ဒေါ်လာ၊ ဘတ်နဲ့ ယွမ်ငွေ ဆက်တိုက် ရောင်းချမှုတွေဟာ နိုင်ငံခြားငွေစျေး အတက်ကြမ်းမှုကို ရပ်တန့်စေခဲ့ပါတယ်။

နောက်ဆုံး ရောင်းထုတ်မှုအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်မှာ ဗဟိုဘဏ်က ပြည်တွင်း နိုင်ငံခြားငွေ ဈေးကွက်ထဲကို အမေရိကန်‌ဒေါ်လာ ၁၂ ဒသမ ၄၈ သန်းနဲ့ ထိုင်းဘတ် ၃၈ ဒသမ ၇ သန်း ထုတ်ရောင်းခဲ့တဲ့နောက် ငွေလဲနှုန်းတွေ ဆက်ကျဆင်းနေပါတယ်။

လက်ရှိ ဗဟိုဘဏ်ရဲ့ ဒေါ်လာစျေးနှုန်းဟာ ၃၅၅၄ ကျပ် ဖြစ်နေပြီး ပြင်ပစျေးကွက်မှာ ဒေါ်လာ ၄၅၀၀ တန်းဖြစ်လို့ စျေးနှုန်းကွာဟချက်လည်း အတော်လေး ကျဉ်းမြောင်းလာနေပါပြီ။

ဒါဟာ ၄ လအတွင်း အနိမ့်ဆုံးစျေးတန်းကို ပြန်ရောက်လာခဲ့ခြင်းဖြစ်ကာ ဆက်ကျမယ့် အလားအလာတွေ မြင်နေရပေမယ့် ၂၀၂၄ ခုနှစ် မေလမှာရှိခဲ့တဲ့ တဒေါ်လာ ၄၀၀၀ ကျပ် အောက်ထိ ပြန်ဆင်းဖို့တော့ ဝေးကွာနေဆဲဖြစ်ပါတယ်။

The post ၄ လ အတွင်း အနိမ့်ဆုံးစျေးတန်းသို့ ပြန်ကျလာတဲ့ ဒေါ်လာ appeared first on .



Your new digest 49

Post a Comment

Previous Post Next Post