မလျှော့သော ဇွဲ ၊ လုံ့လနဲ့ ကြိုးပမ်းပြီး မိဘအပေါ် သိတတ်မှုကြောင့် ချီးကျူးခံနေရတဲ့ ထိုင်းမိန်းကလေးငယ်

ပလတ်စတစ် ဘူးခွံတွေ လိုက်ကောက်၊ ရောင်းချပြီး ပိုက်ဆံရှာကာ နာမကျန်းဖြစ်နေတဲ့ ဖခင်ကို ပြုစုစောင့်ရှောက်နေတဲ့ ထိုင်းမိန်းကလေးငယ်ဟာ ကျောင်းစာမှာလည်း ထူးချွန်တာကြောင့် လူမှုကွန်ရက်မှာ ချီးကျူးဂုဏ်ပြုခံနေရပါတယ်။

အသက် ၁၅ နှစ်အရွယ် ထိုင်းမိန်းကလေးငယ် သာနာကွန်းမွန်ဖွန်းဟာ ၈ တန်းကျောင်းသူဖြစ်ပြီး စာမေးပွဲ ဖြေဆိုမှုတိုင်းမှာ ဂုဏ်ထူးမှတ်ရသလို အတန်းထဲမှာ အဆင့် ၃ ချိတ်သူပါ။ သူဟာ ကျောင်းဆင်းတဲ့အခါ ပလတ်စတစ် ဘူးခွံတွေ လိုက်ကောက် ရောင်းချပြီး ငွေရှာရပါတယ်။ သူ့အဖေဟာ မတော်တဆမှုကြောင့် အိပ်ယာထဲ လဲနေတာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်နေပြီး ဖခင်အတွက် သေးခံ လဲလှယ်ပေးတာ၊ စားစရာ ပြင်ဆင် ကျွေးမွေးတာမျိုးတွေကိုလည်း သာနာကွန်းမွန်ဖွန်းက လုပ်ပေးရပါတယ်။

သာနာကွန်းမွန်ဖွန်းဟာ ပလတ်စတစ် ဘူးခွံကောက်တဲ့အလုပ်ကနေ တစ်ပတ်ကို ဘတ် ၁၀၀ နီးပါး ရှာဖွေနိုင်ပြီး သူ့အမေကတော့ ကျောင်းမှာ သန့်ရှင်းရေးဝန်ထမ်း ဖြစ်ပါတယ်။ ပလတ်စတစ် ဘူးခွံ လိုက်ကောက်ရတဲ့ အလုပ်ကို မရှက်ဘူး၊ သူ့အဖေကို ပြုစု စောင့်ရှောက်ပေးရမှာ သူ့ရဲ့ တာဝန်ပဲလို့ ခံယူထားကြောင်း သာနာကွန်းမွန်ဖွန်းက ပြောခဲ့ပြီး သူ့ရဲ့ သိတတ်မှု၊ ရင့်ကျက်မှု၊ မလျှော့သော ဇွဲ၊ လုံ့လနဲ့ ကြိုးပမ်းမှုတွေကြောင့် ထိုင်းလူမှုကွန်ရက်မှာ ချီးကျူးခံနေရပါတယ်။

Ref: Benyapha Thanakornmonporn

NZ (ရိုးရာလေး) 

The post မလျှော့သော ဇွဲ ၊ လုံ့လနဲ့ ကြိုးပမ်းပြီး မိဘအပေါ် သိတတ်မှုကြောင့် ချီးကျူးခံနေရတဲ့ ထိုင်းမိန်းကလေးငယ် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post