စကော့တလန်အသင်းဟာ သောကြာနေ့ညက ယူရို ၂၀၂၄ ပြိုင်ပွဲကို စိတ်ပျက်ဖွယ် စတင်ခဲ့ရပြီး မြူးနစ်မှာ အိမ်ရှင် ဂျာမနီအသင်းကို ၅-၁ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဂျာမန်တွေဟာ အဲလီးယန့်ဇ် အရီနာမှာ ကစားခဲ့တဲ့ တစ်ပွဲလုံးမှာ စကော့တလန်ကို လွှမ်းမိုးထားနိုင်ခဲ့တာဖြစ်ပြီး ပွဲကစားချိန် အဖွင့် ၁၀ မိနစ်မှာပဲ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖလိုရီယန် ဗာ့ဇ်က ဂျိုရွှာ ကင်းမစ်ချ် ပေးပို့လိုက်တဲ့ ဘောလုံးကို ပင်နယ်တီဧရိယာထိပ်တည့်တည့်ကနေ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့ပြီး စကော့တလန် ဂိုးသမား အန်ဂတ်စ် ဂန်း ပုတ်ထုတ်ခဲ့ပေမယ့် လက်ချောင်းထိပ်လေးနဲ့ပဲ ထိခဲ့ပြီး ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။
ဖလိုရီယန် ဗာ့ဇ်ဟာ ယူရိုပြိုင်ပွဲမှာ ၂၀၂၀ ယူရိုတုန်းက ကိုင် ဟာဗတ်ဇ်နောက်ပိုင်း အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်တဲ့ ဂျာမန်ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး နောက်ထပ် ၉ မိနစ်အကြာမှာ ဂျမဲလ် မူစီအားလားက နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒီသွင်းဂိုးကတော့ အာဆင်နယ်ကြယ်ပွင့် ကိုင် ဟာဗတ်ဇ်ရဲ့ အလွန်ကောင်းမွန်တဲ့ အရည်အသွေးနဲ့ တကိုယ်ကောင်းမဆန်မှုကြောင့် ရခဲ့တာဖြစ်ပြီး ဂန်ဒိုဝမ် မျှောထိုးပေးလိုက်တဲ့ ဘောလုံးကို ဂျာမန်တိုက်စစ်မှူးက ပင်နယ်တီဧရိယာထဲမှာ ကန်မလို တစ်ချက်ဖိန့်ပြီးနောက် မူစီအားလားဆီ ပြန်ခင်းပေးလိုက်တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ကြယ်ပွင့် မူစီအားလားက ဂိုးပေါက်အလယ်ကို အပြင်းကန်သွင်းယူခဲ့ပြီး ဘောလုံးက ဂိုးပိုက်ခေါင်မိုးနဲ့ မိတ်ဆက်သွားခဲ့ပြီး နောက်ထပ် ၅ မိနစ်ခန့်အကြာမှာ မူစီအားလားကြောင့်ပဲ ပင်နယ်တီရမလို ဖြစ်ခဲ့ပါသေးတယ်။
တီယာနီနဲ့ ခရစ္စတီးတို့ ဝိုင်းဝန်း ဖျက်ထုတ်မှုကြောင့် မူစီအားလားက ပင်နယ်တီဧရိယာထဲမှာ လဲကျသွားခဲ့ပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီပေးခဲ့ပေမယ့်လည်း VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ပင်နယ်တီဧရိယာအပြင်ဘက်မှာ ပြစ်ဒဏ်ကျူးလွန်မှုဖြစ်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် အလွတ်တည်ကန်ဘောသာ ခွင့်ပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပွဲပြီးခါနီး ၄၄ မိနစ်မှာ စကော့တလန်အသင်း ကစားသမား ပေါတီးယပ်စ်ရဲ့ ဂန်ဒိုဝမ်အပေါ် အဆင်အခြင်မဲ့ ဖျက်ထုတ်မှုကြောင့် ဂျာမနီအသင်းဟာ ပင်နယ်တီရခဲ့သလို VAR နဲ့ ပြန်လည်စစ်ဆေးမှုမှာ အန္တရာယ်ရှိတဲ့ ဖျက်ထုတ်မှု လုပ်ဆောင်ခဲ့တဲ့ ပေါတီးယပ်စ်လည်း အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
ဂျာမနီအသင်း ရရှိခဲ့တဲ့ ပင်နယ်တီကို ကိုင် ဟာဗတ်ဇ်က ကန်သွင်းယူခဲ့ပြီး စကော့တလန် ဂိုးသမား ဒိုင်ဗင်ပစ်ခဲ့တဲ့ဘက်နဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း စကော့တလန်တို့ တစ်ယောက်လျော့နေတာကြောင့် ဂျာမနီကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ၅၇ မိနစ်မှာ ဖလိုရီယန် ဗာ့ဇ် နောက်ထပ် သွင်းဂိုးရဖို့ နီးစပ်ခဲ့ပြီး တဝက်မြေမကျဘောကန်ချက်က ဂိုးဘားတန်းပေါ် အနည်းငယ်ကျော်သွားတာဖြစ်ပါတယ်။
၆၈ မိနစ်မှာတော့ လူစားဝင်လာတဲ့ နစ်ကလပ် ဖားခရုဂျ်က ဂန်ဒိုဝမ်ဆီကနေ ရောက်လာတဲ့ ဘောလုံးကို ဂိုးညာဘက်အပေါ်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့ပြီး စကော့တလန်ဂိုးသမား ဘယ်လိုမှ မတတ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရပါတယ်။ ဖားခရုဂျ်က နောက်ထပ် ၇ မိနစ်အကြာမှာ ဂျာမနီအတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း VAR က ပြန်လည်စစ်ဆေးခဲ့ပြီး ဂျာမနီတိုက်စစ်မှူးက လူကျွံနေတာကြောင့် ဂိုးကို ခွင့်ပြုပေးဖို့ ငြင်းပယ်ခဲ့ပါတယ်။
စကော့တလန်အသင်းဟာ ပွဲပြီးဆုံးခါနီး ၃ မိနစ်မှာ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ရောဘတ်ဆန်ရဲ့ အလွတ်တည်ကန်ဘောကနေ ပင်နယ်တီဧရိယာထဲ ဖြတ်တင်ပေးပို့မှုကို ဖားခရုဂျ် ရှင်းထုတ်မှုက မသေသပ်ခဲ့တာကြောင့် မက်ကန်နာပိတ်သွင်းဖို့ မကြိုးပမ်းမီ ရူဒီဂါက ခေါင်းတိုက်ရှင်းထုတ်ခဲ့ပေမယ့် ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိသွားခဲ့တာဖြစ်ပါတယ်။
နာကျင်အချိန်ပို ၉၀+၃ မိနစ်မှာ သောမတ်စ် မူလာက ပင်နယ်တီဧရိယာထိပ်က အမ်မရီ ချန်ဆီကို ပေးပို့ခဲ့ရာမှာ ဒေါ့မွန်ကွင်းလယ်လူက ဂိုးညာဘက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့ပြီး စကော့တလန်ဂိုးသမား မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။
အိမ်ရှင် ဂျာမနီဟာ ယူရိုပြိုင်ပွဲအဖွင့်ပွဲစဉ်မှာ ရင်သပ်ရှုမောဖွယ် ၅-၁ နဲ့ ဂိုးပြတ်နိုင်ပွဲကို ရယူနိုင်ခဲ့ပြီး မျှော်မှန်းသွင်းဂိုး ၂.၁၇ ဂိုးမှာ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
စေကာ့တလန္အသင္းဟာ ေသာၾကာေန႔ညက ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲကို စိတ္ပ်က္ဖြယ္ စတင္ခဲ့ရၿပီး ျမဴးနစ္မွာ အိမ္ရွင္ ဂ်ာမနီအသင္းကို ၅-၁ နဲ႔ ဂိုးျပတ္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။
ဂ်ာမန္ေတြဟာ အဲလီးယန႔္ဇ္ အရီနာမွာ ကစားခဲ့တဲ့ တစ္ပြဲလုံးမွာ စေကာ့တလန္ကို လႊမ္းမိုးထားႏိုင္ခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္ အဖြင့္ ၁၀ မိနစ္မွာပဲ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ဖလိုရီယန္ ဗာ့ဇ္က ဂ်ိဳ႐ႊာ ကင္းမစ္ခ်္ ေပးပို႔လိုက္တဲ့ ေဘာလုံးကို ပင္နယ္တီဧရိယာထိပ္တည့္တည့္ကေန ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့ၿပီး စေကာ့တလန္ ဂိုးသမား အန္ဂတ္စ္ ဂန္း ပုတ္ထုတ္ခဲ့ေပမယ့္ လက္ေခ်ာင္းထိပ္ေလးနဲ႔ပဲ ထိခဲ့ၿပီး ဂိုးထဲဝင္သြားခဲ့တာျဖစ္ပါတယ္။
ဖလိုရီယန္ ဗာ့ဇ္ဟာ ယူ႐ိုၿပိဳင္ပြဲမွာ ၂၀၂၀ ယူ႐ိုတုန္းက ကိုင္ ဟာဗတ္ဇ္ေနာက္ပိုင္း အသက္အငယ္ဆုံး ဂိုးသြင္းယူႏိုင္တဲ့ ဂ်ာမန္ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ၿပီး ေနာက္ထပ္ ၉ မိနစ္အၾကာမွာ ဂ်မဲလ္ မူစီအားလားက ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။
ဒီသြင္းဂိုးကေတာ့ အာဆင္နယ္ၾကယ္ပြင့္ ကိုင္ ဟာဗတ္ဇ္ရဲ႕ အလြန္ေကာင္းမြန္တဲ့ အရည္အေသြးနဲ႔ တကိုယ္ေကာင္းမဆန္မႈေၾကာင့္ ရခဲ့တာျဖစ္ၿပီး ဂန္ဒိုဝမ္ ေမွ်ာထိုးေပးလိုက္တဲ့ ေဘာလုံးကို ဂ်ာမန္တိုက္စစ္မႉးက ပင္နယ္တီဧရိယာထဲမွာ ကန္မလို တစ္ခ်က္ဖိန႔္ၿပီးေနာက္ မူစီအားလားဆီ ျပန္ခင္းေပးလိုက္တာျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ မူစီအားလားက ဂိုးေပါက္အလယ္ကို အျပင္းကန္သြင္းယူခဲ့ၿပီး ေဘာလုံးက ဂိုးပိုက္ေခါင္မိုးနဲ႔ မိတ္ဆက္သြားခဲ့ၿပီး ေနာက္ထပ္ ၅ မိနစ္ခန႔္အၾကာမွာ မူစီအားလားေၾကာင့္ပဲ ပင္နယ္တီရမလို ျဖစ္ခဲ့ပါေသးတယ္။
တီယာနီနဲ႔ ခရစၥတီးတို႔ ဝိုင္းဝန္း ဖ်က္ထုတ္မႈေၾကာင့္ မူစီအားလားက ပင္နယ္တီဧရိယာထဲမွာ လဲက်သြားခဲ့ၿပီး ကြင္းလယ္ဒိုင္က ပင္နယ္တီေပးခဲ့ေပမယ့္လည္း VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ ပင္နယ္တီဧရိယာအျပင္ဘက္မွာ ျပစ္ဒဏ္က်ဴးလြန္မႈျဖစ္ခဲ့တယ္လို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ အလြတ္တည္ကန္ေဘာသာ ခြင့္ျပဳျခင္းခံခဲ့ရတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ပြဲၿပီးခါနီး ၄၄ မိနစ္မွာ စေကာ့တလန္အသင္း ကစားသမား ေပါတီးယပ္စ္ရဲ႕ ဂန္ဒိုဝမ္အေပၚ အဆင္အျခင္မဲ့ ဖ်က္ထုတ္မႈေၾကာင့္ ဂ်ာမနီအသင္းဟာ ပင္နယ္တီရခဲ့သလို VAR နဲ႔ ျပန္လည္စစ္ေဆးမႈမွာ အႏၲရာယ္ရွိတဲ့ ဖ်က္ထုတ္မႈ လုပ္ေဆာင္ခဲ့တဲ့ ေပါတီးယပ္စ္လည္း အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။
ဂ်ာမနီအသင္း ရရွိခဲ့တဲ့ ပင္နယ္တီကို ကိုင္ ဟာဗတ္ဇ္က ကန္သြင္းယူခဲ့ၿပီး စေကာ့တလန္ ဂိုးသမား ဒိုင္ဗင္ပစ္ခဲ့တဲ့ဘက္နဲ႔ ဆန႔္က်င္ဘက္ကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာလည္း စေကာ့တလန္တို႔ တစ္ေယာက္ေလ်ာ့ေနတာေၾကာင့္ ဂ်ာမနီကို ဘယ္လိုမွ မယွဥ္ႏိုင္ခဲ့ဘဲ ၅၇ မိနစ္မွာ ဖလိုရီယန္ ဗာ့ဇ္ ေနာက္ထပ္ သြင္းဂိုးရဖို႔ နီးစပ္ခဲ့ၿပီး တဝက္ေျမမက်ေဘာကန္ခ်က္က ဂိုးဘားတန္းေပၚ အနည္းငယ္ေက်ာ္သြားတာျဖစ္ပါတယ္။
၆၈ မိနစ္မွာေတာ့ လူစားဝင္လာတဲ့ နစ္ကလပ္ ဖားခ႐ုဂ်္က ဂန္ဒိုဝမ္ဆီကေန ေရာက္လာတဲ့ ေဘာလုံးကို ဂိုးညာဘက္အေပၚေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့ၿပီး စေကာ့တလန္ဂိုးသမား ဘယ္လိုမွ မတတ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရပါတယ္။ ဖားခ႐ုဂ်္က ေနာက္ထပ္ ၇ မိနစ္အၾကာမွာ ဂ်ာမနီအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ေပမယ့္လည္း VAR က ျပန္လည္စစ္ေဆးခဲ့ၿပီး ဂ်ာမနီတိုက္စစ္မႉးက လူကြၽံေနတာေၾကာင့္ ဂိုးကို ခြင့္ျပဳေပးဖို႔ ျငင္းပယ္ခဲ့ပါတယ္။
စေကာ့တလန္အသင္းဟာ ပြဲၿပီးဆုံးခါနီး ၃ မိနစ္မွာ ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး ေရာဘတ္ဆန္ရဲ႕ အလြတ္တည္ကန္ေဘာကေန ပင္နယ္တီဧရိယာထဲ ျဖတ္တင္ေပးပို႔မႈကို ဖားခ႐ုဂ်္ ရွင္းထုတ္မႈက မေသသပ္ခဲ့တာေၾကာင့္ မက္ကန္နာပိတ္သြင္းဖို႔ မႀကိဳးပမ္းမီ ႐ူဒီဂါက ေခါင္းတိုက္ရွင္းထုတ္ခဲ့ေပမယ့္ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိသြားခဲ့တာျဖစ္ပါတယ္။
နာက်င္အခ်ိန္ပို ၉၀+၃ မိနစ္မွာ ေသာမတ္စ္ မူလာက ပင္နယ္တီဧရိယာထိပ္က အမ္မရီ ခ်န္ဆီကို ေပးပို႔ခဲ့ရာမွာ ေဒါ့မြန္ကြင္းလယ္လူက ဂိုးညာဘက္ေအာက္ေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့ၿပီး စေကာ့တလန္ဂိုးသမား မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။
အိမ္ရွင္ ဂ်ာမနီဟာ ယူ႐ိုၿပိဳင္ပြဲအဖြင့္ပြဲစဥ္မွာ ရင္သပ္ရႈေမာဖြယ္ ၅-၁ နဲ႔ ဂိုးျပတ္ႏိုင္ပြဲကို ရယူႏိုင္ခဲ့ၿပီး ေမွ်ာ္မွန္းသြင္းဂိုး ၂.၁၇ ဂိုးမွာ ၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post ယူရိုအဖွင့်မှာ စကော့တလန်ကို ဂိုးပြတ်သွင်းပြီး ဘီလူးဆိုင်းနဲ့ စထွက်တဲ့ အိမ်ရှင်ဂျာမနီ first appeared on Sports A2Z.
Your new digest 50
Post a Comment