The best ways to restore bad karma to the maximum

အဆောင်ပစ္စည်းတွေနဲ့ ကောင်းမွန်တဲ့အစီအရင်တွေက

လူတစ်ယောက်ရဲ့ကံကိုကောင်းအောင်ပြုပြင်ပေးနိုင်တယ်ဆိုတာက

ရာနှုန်းပြည့်လက်ခံဖို့တော့ ခက်ပါတယ်။ဒါပေမယ့် ကံကောင်းစေတဲ့အဆောင်လေးတွေက သင့်ကိုကံကောင်းစေဖို့ တွန်းပို့ပေးနိုင်ပါတယ်။

အခုဖော်ပြမယ့်အဆောင်လေးတွေကို အိမ်မှာ ဒါမှမဟုတ် ကိုယ်နဲ့မကွာဆောင်ထားပြီး

နေ့စဉ်မပျက်မကွက် မေတ္တာပို့ပေးရုံနဲ့ သင့်ရဲ့ကံကိုအမြင့်ဆုံးထိကောင်းစေပါလိမ့်မယ်။

(၁) အစိမ်းရောင်ဝါးပင်

ဝါးပင်အကြီးကြီးတွေမဟုတ်ဘဲ အစိမ်းရောင်ဝါးပင်အသေးလေး သုံးပင်ကိုတစ်အိုးတည်းမှာစိုက်ထားပေးခြင်းက

ပျော်ရွှင်ခြင်းကိုယူဆောင်လာပေးပြီး သင့်ရဲ့ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။

(၂) မွှေးရနံ့

မွှေးရနံ့သင်းသင်းလေးတွေရှိတဲ့နေရာမှာ နတ်ကောင်းနတ်မြတ်တွေ ရှိနေတယ်လို့ ရှေးအယူအဆတစ်မျိုးရှိပါတယ်။

အိမ်မှာ သန့်ပြန့်ပြီး မွှေးကြိုင်နေခြင်းက နတ်ကောင်းနတ်မြတ်တွေကိုနေပျော်စေတာကြောင့် ကံအထူးကောင်းစေတယ်လို့ ယူဆကြပါတယ်။

သင့်ရဲ့အိမ်ကို မွှေးပျံ့အောင်ထားပါ။ ငွေကြေးကံလည်းကောင်းပြီး ဘဝမှာပိုပျော်ရွှင်လာပါလိမ့်မယ်။

(၃) အံစာတုံး

အံစာတုံးလေးတွေက သင့်ဆီကံကောင်းခြင်းတွေကိုယူဆောင်လာပေးနိုင်ပါတယ်။

အံစာတုံးလေးတွေက အသက်အန္တရာယ်နဲ့ပတ်သက်တဲ့ကံဆိုးမှုမျိုးကို တားဆီးပေးနိုင်တယ်လို့ ယူဆကြတာကြောင့် ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်သားတွေရဲ့အဆောင်ဖြစ်ခဲ့ပါတယ်။

တကယ်လည်း ကံကောင်းကြတယ်လို့ပြောကြပါတယ်။အများစုကတော့ အံစာတုံးလေးတွေကို မိမိရဲ့အိမ်နဲ့ ကားအတွင်းမှာချိတ်ဆွဲလေ့ရှိကြပါတယ်။

(၄) ယုန်ခြေထောက်

ယုန်ခြေထောက်လေးတွေက ကံဆိုးမှုတွေကို အနောက်မှာချန်ထားပြီး ကံကောင်းမှုတွေဆီခေါ်ဆောင်သွားပေးနိုင်တယ်လို့ ပြောစမှတ်ရှိပါတယ်။

ညဘက်လူခြေတိတ်ချိန်မှာ ယုန်ခြေထောက်က ကံကောင်းမှုတွေကိုစုဆောင်းထားပေးတယ်လို့ဆိုပါတယ်။ အဆောင်အနေနဲ့ ယုန်ခြေထောက်အစစ်ကိုဆောင်ထားစရာမလိုပါဘူး။

ယုန်ခြေထောက်ပုံကိုတုပပြီးလုပ်ထားတဲ့ သော့ချိတ်လေးတွေ၊ ဒါမှမဟုတ် ယုန်ခြေထောက်ပုံကိုကူးဆွဲထားတဲ့ပန်းချီကား၊ ရုပ်ပုံကားချပ်လေးတွေကို ဆောင်ထားရင် ရပါပြီ။

(၅) ရွှေငါး

အိမ်မွေးတိရစ္ဆာန်လေးတွေကလည်း သင့်အတွက်ကံကောင်းမှုတွေကို ယူလာပေးနိုင်ပါတယ်။ အထူးသဖြင့် ရွှေငါးတွေပါ။

ရွှေငါးလေးတွေကို အိမ်မှာမွေးထားခြင်း ဒါမှမဟုတ် ရွှေငါးအရုပ်၊ ပုံ စတာတွေကိုထားခြင်းက သင့်ကိုအနာဂတ်မှာရွှေရောင်လိုကံကောင်းခြင်းတွေဖြစ်စေတယ်လို့ ယူဆနိုင်ပါတယ်။

The post The best ways to restore bad karma to the maximum appeared first on Achawlaymyar.



Your new digest 49

Post a Comment

Previous Post Next Post