The action of the beggar who returned a thousand times the value of the money to those who contributed money.

သူေတာင္းစားေနပံုက ထူးျခားေနတယ္။

“အစ္ကိုၾကီး အစ္မၾကီးတို႕ရယ္ သနားၾကပါေနာ္…ပိုက္ဆံေလးမ်ား ထည့္ျပီးရင္ လိပ္စာေလးပါ ေပးခဲ႕ပါ”

သူ႔ ေရွ႕မွာ ခ်ထားတဲ့ ခြက္ ထဲကို ပိုက္ဆံလာထည့္ၾကတဲ့ လူတိုင္းရဲ႕ လိပ္စာကို ေမးၿပီး စာအုပ္တစ္အုပ္နဲ႕မွတ္ေနတယ္။

ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားက အိမ္အထိမ်ား လာေတာင္းမလားဆိုတဲ႕အေတြးနဲဲသူ႔ခြက္ထဲကို ဘာပိုက္ဆံမွ ထည့္မသြားၾကဘူး။

တစ္ခ်ိဳ႕ကေတာ့ သနားတာနဲ႕ထည့္သြားၾကတာေပါ့ဗ်ာ။သိပ္မၾကာပါဘူး…

သူက ခြက္ကို သိမ္းၿပီး ခုနက ခြက္ထဲ ပိုက္ဆံထည့္သြားတဲ့ သူေတြရဲ႕ အိမ္ေတြကုိအပင္ပန္းခံ ၿပီး

သူတို႕ထည့္ခဲ႕တဲ႕ေငြတန္ဖိုး ရဲ႕အ ဆ ၁၀၀၀ ကို လိုက္ေပးတယ္။

အဲ့ဒီ သတင္းက ေစ်းထဲမွာ ခ်က္ခ်င္းပ်ံ႕သြားတာေပါ့။ သူ႔ကိုလည္းလူေတြကေ၀ဖန္ၾကတယ္။ အမ်ိဳးမ်ိဳးေျပာ ၾကနဲ႕ေပါ့ေလ။

ေနာက္ေန႔ မနက္…ေစ်းထဲက အဲဒီေနရာမွာပဲ သူေတာင္းစား ျပန္ေတာင္းေနျပန္တာေတြ႕ရေရာ။

အဲဒီေန႔ေတာ့သူ႔ေဘးမွာ ပိုက္ဆံထည့္မယ္သူေတြ အမ်ားၾကီးျဖစ္ေနေတာ့တယ္။

သူ႔ခြက္ထဲထည့္ၾကတဲ့ပိုက္ဆံေတြကလည္းတစ္ေထာင္တန္ေတြ ငါးေထာင္တန္ေတြ တစ္ေသာင္းတန္ေတြ

ထပ္ၿပီးလာထည့္ၾကသလို ေရႊေတြ လက္ဝတ္ရတနာေတြ ေတာင္ထည့္ၾကပါေရာလား။

လိပ္စာမွတ္တဲ႕ စာအုပ္ေတာင္ ေလးငါးအုပ္ေတာင္ ကုန္သြားတယ္ေလ။ညေနပိုင္းေရာက္ေတာ့ ျပန္သြားတယ္။

ဒါေပမယ့္ ေနာက္ေန႕ကစျပီး အဲဒီေစ်းထဲမွာ သူေတာင္းစားကိုဘယ္ေတာ့မွ ျပန္မေတြ႕ေတာ့ဘူးေလ။

#Ae Lay Hein

Unicode Version

တစ်နေ့ကစျေးထဲ မှာ သူတောင်းစား တစ်ယောက် တောင်းစားနေတာတွေ့မိတယ်။

သူတောင်းစားနေပုံက ထူးခြားနေတယ်။

“အစ်ကိုကြီး အစ်မကြီးတို့ရယ် သနားကြပါနော်…ပိုက်ဆံလေးများ ထည့်ပြီးရင် လိပ်စာလေးပါ ပေးခဲ့ပါ”

သူ့ ရှေ့မှာ ချထားတဲ့ ခွက် ထဲကို ပိုက်ဆံလာထည့်ကြတဲ့ လူတိုင်းရဲ့ လိပ်စာကို မေးပြီး စာအုပ်တစ်အုပ်နဲ့မှတ်နေတယ်။

ဒါပေမယ့် လူတော်တော်များများက အိမ်အထိများ လာတောင်းမလားဆိုတဲ့အတွေးနဲဲသူ့ခွက်ထဲကို ဘာပိုက်ဆံမှ ထည့်မသွားကြဘူး။

တစ်ချို့ကတော့ သနားတာနဲ့ထည့်သွားကြတာပေါ့ဗျာ။သိပ်မကြာပါဘူး…

သူက ခွက်ကို သိမ်းပြီး ခုနက ခွက်ထဲ ပိုက်ဆံထည့်သွားတဲ့ သူတွေရဲ့ အိမ်တွေကိုအပင်ပန်းခံ ပြီး

သူတို့ထည့်ခဲ့တဲ့ငွေတန်ဖိုး ရဲ့အ ဆ ၁၀၀၀ ကို လိုက်ပေးတယ်။

အဲ့ဒီ သတင်းက စျေးထဲမှာ ချက်ချင်းပျံ့သွားတာပေါ့။ သူ့ကိုလည်းလူတွေကဝေဖန်ကြတယ်။ အမျိုးမျိုးပြော ကြနဲ့ပေါ့လေ။

နောက်နေ့ မနက်…စျေးထဲက အဲဒီနေရာမှာပဲ သူတောင်းစား ပြန်တောင်းနေပြန်တာတွေ့ရရော

အဲဒီနေ့တော့သူ့ဘေးမှာ ပိုက်ဆံထည့်မယ်သူတွေ အများကြီးဖြစ်နေတော့တယ်။

သူ့ခွက်ထဲထည့်ကြတဲ့ပိုက်ဆံတွေကလည်းတစ်ထောင်တန်တွေ ငါးထောင်တန်တွေ တစ်သောင်းတန်တွေ

ထပ်ပြီးလာထည့်ကြသလို ရွှေတွေ လက်ဝတ်ရတနာတွေ တောင်ထည့်ကြပါရောလား။

လိပ်စာမှတ်တဲ့ စာအုပ်တောင် လေးငါးအုပ်တောင် ကုန်သွားတယ်လေ။ညနေပိုင်းရောက်တော့ ပြန်သွားတယ်။

ဒါပေမယ့် နောက်နေ့ကစပြီး အဲဒီစျေးထဲမှာ သူတောင်းစားကိုဘယ်တော့မှ ပြန်မတွေ့တော့ဘူးလေ။

The post The action of the beggar who returned a thousand times the value of the money to those who contributed money. appeared first on Achawlaymyar.



Your new digest 49

Post a Comment

Previous Post Next Post