မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ နယူးကာဆယ်လ်အသင်းကို အဝေးကွင်းမှာ နောက်ကနေ လိုက်ကစားရပြီးမှ နောက်ဆုံးမိနစ် Come Back နိုင်ပွဲနဲ့ သုံးမှတ်ရပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်လှမ်းလာခဲ့သလို အာဆင်နယ်တို့ကို ချန်ပီယံအဖြစ် စိတ်ကူးယဉ်ဖို့ဆိုရင် လူအင်အား နက်ရှိုင်းမှုရှိရမှာဖြစ်ကြောင်း သင်ခန်းစာပေးသွားနိုင်ခဲ့ကြပါတယ်။
ဒီနေ့ပွဲမှာ နှစ်သင်းစလုံး လူစုံနီးပါး ထုတ်ကစားခဲ့ကြပြီး နယူးကာဆယ်လ်တို့အနေနဲ့တော့ ကွင်းလယ်မှာ ဂီမာရိုင်းစ်တစ်ယောက်ကိုပဲ အားကိုးဖို့ ရှိတာကြောင့် ကောင်တာချောင်းသွားခဲ့သလို မန်စီးတီးတို့ကတော့ ဟားလန်း မပါဝင်နိုင်ချိန်မှာ အယ်လ်ဗာရက်ဇ်ကို ဒိုကူး၊ ဖိုဒန်တို့နဲ့တွဲပြီး တိုက်စစ်ကို တည်ဆောက်လာခဲ့တာဖြစ်ပါတယ်။
မန်စီးတီးခံစစ်အနေနဲ့ နယူးကာဆယ်လ်တို့ရဲ့ ဧရိယာထဲကို အလျင်အမြန် ဖိအားပေးမှုတွေနဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး တစ်ချက်ကောင်း ထိုးဖောက်မှုတွေကို ကိုင်တွယ်ဖို့ ခက်နေခဲ့သလို ရူဘင် ဒီယက်စ်နဲ့ အာကေတို့ ဗဟိုအတွဲက ဖရိုဖရဲဖြစ်နေခဲ့တာကြောင့် သူတို့တွေရဲ့ အိုးနင်းခွက်နင်းနိုင်မှုကနေ ဂိုးသမား အီဒါဆန်ပါ ဒဏ်ရာရသွားခဲ့လို့ အော်တေဂါနဲ့ စောစောစီးစီး လူစားလဲခဲ့ရတာပါ။
ပွဲချိန် ၂၆ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဒိုကူးက ညာတောင်ပံကို ဖြန့်ပေးခဲ့တဲ့ ဘောလုံးကို ဝေါ်လ်ကာက ဂိုးရှေ့ကို ဖြတ်တင်ခဲ့ရာမှာ ခြေသွက်သွက်နဲ့ ပြေးထွက်နိုင်ခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားက လေးလံတဲ့ ရှားကို အနိုင်ယူပြီး နောက်ပေါက်နဲ့ ချိတ်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၃၅ မိနစ်မှာတော့ နယူးကာဆယ်လ်တို့တွေ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘရူနို ဂီမာရိုင်းစ်က ကန်တင်ပေးခဲ့ရာမှာ ပေါတောတောနဲ့ ဘယ်ခြမ်းမှာ အကုန်စုမျောနေခဲ့တဲ့ မန်စီးတီးခံစစ်ရဲ့ ညာခြမ်းကနေ အီဆက်ခ်က သာသာယာယာပဲ ရယူသွားခဲ့ပြီး ဝေါ်လ်ကာကို တစ်ချက်ခေါက်ပြီးမှ ဂိုးသမား အော်တေဂါကို ကျော်ကန်သွားခဲ့တာပါ။
ပွဲချိန် ၃၇ မိနစ်မှာ နယူးကာဆယ်လ်တို့ပဲ ဒုတိယဂိုးသွင်းပြီး ပွဲကို ဦးဆောင်သွားခဲ့ကြသလို ဒီဂိုးကိုတော့ စုတ်ပြတ်သတ်နေတဲ့ ရူဘင် ဒီယက်စ်ရဲ့ အမှားကနေ ပြန်ကျလာတဲ့ ဘောလုံးကို ဒန်ဘန်းက ဘယ်တောင်ပံဆီ ခင်းပေးခဲ့ရာမှာ ဂေါ်ဒန်က တောက်လျှောက်ဆွဲပြေးပြီး ပထမဂိုးက ပုံစံအတိုင်းပဲ အော်တေဂါရဲ့ အဝေးတိုင်ကို ကန်သွင်းယူနိုင်ခဲ့တာကြောင့် သူတို့ရဲ့ လူစားဝင်ဂိုးသမားကို မန်စီးတီးပရိသတ်တွေ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
ပထမပိုင်းမှာ နယူးကာဆယ်လ်တို့က မန်စီးတီးတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ကြပြီး ဧည့်သည်တွေ ပိုဖိကစားနေခဲ့ကြသလို အိမ်ရှင်တွေရဲ့ ခံစစ်ကလည်း မာကျောခဲ့တာကြောင့် ဂိုးရဖို့ ခက်နေခဲ့တာကြောင့် ဂွါဒီယိုလာအနေနဲ့ ပွဲချိန် ၆၉ မိနစ်မှာ ဒဏ်ရာက သက်သာလာတဲ့ ဒီဘရိုင်းနားကို အရန်ခုံကနေ ဘာနာဒို ဆေးလ်ဗားနေရာ ထည့်သွင်းလာခဲ့တာပါ။
ပွဲချိန် ၇၄ မိနစ်မှာတော့ မန်စီးတီးတို့ သရေကျစေမယ့် ချေပဂိုးကို ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ နယူးကာဆယ်လ်ကွင်းလယ် သုံးယောက်ကြားကနေ ရိုဒရီက ခင်းပေးလိုက်တဲ့ ဘောလုံးကို ကွင်းထဲ ရောက်လို့ ၅ မိနစ်သာ ရှိသေးတဲ့ ဒီဘရိုင်းနားက ဧရိယာအပြင်ကနေ ပေးမလိုလို ပုံစံနဲ့ ဘယ်ဘက်တိုင်ခြေကို ကန်သွင်းခဲ့ရာမှာ တိကျလှတဲ့ ကန်ချက်ကို ဂိုးသမား ဒူဘရက်ဗ်ကာ အငိုက်မိပြီး မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။
နာကျင်အချိန်ပို ၁ မိနစ်မှာတော့ မန်စီးတီးတို့ပဲ သုံးမှတ်တန် အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဒီဘရိုင်းနားကပဲ အကွက်မြင်မြင်နဲ့ ဧရိယာဘယ်ခြမ်းကို လှမ်းမ,တင်ပေးခဲ့ရာမှာ လူစားဝင်တောင်ပံသမား အော်စကာ ဘော့ဘ်က နယူးကာဆယ်လ်ခံစစ်ကြားကနေ လှပတဲ့ အထိန်းအသိမ်းနဲ့ ဆွဲထွက်ပြီး အနီးကပ်ကန်သွင်းနိုင်ခဲ့တာပါ။
ပွဲချိန်အပြည့်မှာတော့ ဒီဘရိုင်းနားအစွမ်း အံ့မခန်းနဲ့ မန်ချက်စတာစီးတီးတို့ နယူးကာဆယ်လ်ကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံခြေစွမ်းနဲ့ ပြန်တူလာခဲ့သလို ခံစစ်က ရူဘင် ဒီယကစ်တို့ရဲ့ စုတ်ပြတ်မှုတွေကိုသာ ပြင်ဆင်နိုင်ခဲ့ရင် အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနိုင်ပြီဖြစ်သလို ဒီနှစ်ချန်ပီယံဆုက အချိန်တန်ရင် သူတို့ အတွက်ပဲလို့ သုံးသပ်ရမလိုဖြစ်လာခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post KDB အစွမ်းနဲ့ ငှက်ကျားကို ဘုပြီး တစ်ခါတည်း ချန်ပီယံရုပ်ပေါက်လာတဲ့ မန်စီးတီး first appeared on Sports A2Z.
Your new digest 50
Post a Comment