ကမ္ဘာ့ရွှေဈေး တစ်ပတ်တာ အမြင့်ဆုံးရောက်၊ မြန်မာ့ရွှေဈေးလည်း မြင့်မားလာ

အမေရိကန်ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းတွေကို ခပ်မြန်မြန် လျှော့ချလာဖွယ် ရှိပြီး အရှေ့အလယ်ပိုင်း ဒေသမှာလည်း ပဋိပက္ခတွေ ဖြစ်ပွားနေတာကြောင့်

ကမ္ဘာ့ရွှေဈေးဟာ တစ်ပတ်အတွင်း အမြင့်ဆုံးကို ရောက်လာပါတယ်

မနေ့က သောကြာနေ့ ဈေးပိတ်ချိန်မှာ ကမ္ဘာ့ရွှေတစ်အောင်စကို ၂၀၄၉ ဒေါ်လာနဲ့ ပြီးဆုံးခဲ့ပြီး အဲဒီနေ့ အစောပိုင်းကလည်း တစ်ပတ်အတွင်း အမြင့်ဆုံး ရောက်ခဲ့ပါတယ်။ (Current Content ရဲ့သတင်း ဖြစ်ပါတယ်)

ကမ္ဘာ့ရွှေဈေးဟာ တစ်ပတ်လုံး အတက်အကျ မရှိသလောက် ငြိမ်နေခဲ့ပေမဲ့ တစ်အောင်စကို ဒေါ်လာ ၂၀၀၀ အထက်မှာ တစ်လနီးပါး ရပ်တည်နေဆဲ ဖြစ်ပါတယ်။ အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၁.၆ % မြင့်ပြီး ၂၀၅၁ ဒေါ်လာနဲ့ ဈေးပိတ်ထားပါတယ်။

အမေရိကန်နဲ့ ဗြိတိန်က ပင်လယ်နီထဲက သင်္ဘောအသွားအလာတွေကို အနှောင့်အယှက် ပြုနေတဲ့ ဟူသီသူပုန်တွေအပေါ် လေကြောင်းစစ်ဆင်မှု စတင်ခဲ့ပြီး အီရန်နဲ့ အစ္စရေးကြားမှာလည်း တင်းမာမှု အရှိန် မြင့်လာတဲ့အတွက် ဒီအချက်တွေက ရွှေဈေးကို ပံ့ပိုးနေပါတယ်။

ကမ္ဘာ့ရွှေဈေး တက်ရိပ် ဖြစ်လာချိန်မှာ နဂိုတည်းက ဈေးအမြင့် ရောက်နေတဲ့ မြန်မာ့ရွှေဈေးကလည်း တစ်ကျပ်သားကို ၃၇ သိန်း ၆ သောင်းခွဲဝန်းကျင်မှာ ဆက်လက် ဈေးမာနေပါတယ်။

မနေ့က ၁၆ ပဲရည် ရွှေဈေးဟာ တစ်ကျပ်သားကို ၃၇၆၀,၀၀၀ အထိ ဖြစ်ခဲ့သလို ဒီမနက်အစောပိုင်း ဈေးမဖွင့်မှာ ၃၇၇၀,၀၀၀ အထိ ရောက်ခဲ့သေးတယ်လို့ သိရပါတယ်။ Ref: Reuters စာရေးသူ – ငွေကြယ်

The post ကမ္ဘာ့ရွှေဈေး တစ်ပတ်တာ အမြင့်ဆုံးရောက်၊ မြန်မာ့ရွှေဈေးလည်း မြင့်မားလာ appeared first on Achawlaymyar.



Your new digest 49

Post a Comment

Previous Post Next Post