လီယွန်နယ် မက်ဆီရဲ့ တရုတ်နိုင်ငံကို နောက်ဆုံးသွားရောက်ခဲ့တဲ့ ခရီးစဉ်တုန်းက လေဆိပ်မှာ အငြင်းပွားဖွယ် မေးခွန်းကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
မက်ဆီရဲ့ အင်တာ မိုင်ယာမီဟာ လာမယ့်လမှာ ခြေစမ်းပွဲစဉ်အဖြစ်နဲ့ တရုတ်နိုင်ငံကို သွားရောက်ရမှာဖြစ်ပြီး ဂျရတ် မာတီနိုရဲ့ အသင်းဟာ မေဂျာလိဂ် ပလေးအော့ဖ်ကစားခွင့် မရရှိခဲ့တဲ့နောက် တရုတ်စူပါလိဂ်ကလပ်တွေဖြစ်တဲ့ ချင်းဒေါင်း ဟိုင်းနယူးနဲ့ ချန်ဒူး ရောင်းချောင်တို့နဲ့ ခြေစမ်းပွဲအဖြစ် ကစားသွားမှာဖြစ်ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ဇွန်လတုန်းက မေဂျာလိဂ်ကို မပြောင်းရွှေ့ခင် တရုတ်နိုင်ငံကို အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ ရောက်ရှိခဲ့ပြီး ဘေဂျင်းမှာ ဩစတြေးလျနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘလွန်ဒေါ ၇ ဆုရှင်ဟာ ၂၀၀၈ ခုနှစ်တုန်းက အိုလံပစ်ရွှေတံဆိပ်ဆုရရှိခဲ့ပြီးနောက် ဘေဂျင်းမြို့နဲ့ပတ်သက်ပြီး နှစ်လိုဖွယ် အမှတ်တရတွေ ပိုင်ဆိုင်ထားသူဖြစ်ပေမယ့်လည်း ယခုနှစ် အစောပိုင်း ခရီးစဉ်အစမှာ အခက်အခဲတွေရှိခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ခရီးထွက်ခဲ့ပေမယ့်လည်း နယ်စပ်လုံခြုံရေးမှာ ရပ်တန့်ခြင်းခံခဲ့ရပြီး ဗီဒီယိုထဲမှာ ပတ်စ်ပို့ကိုင်ဆောင်ထားတဲ့ အာဂျင်တီးနားကြယ်ပွင့်နားမှာ ရဲအရာရှိတွေက ဝန်းရံနေတာဖြစ်ပါတယ်။
Daily Mirror ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဂန္တဝင်ဟာ စပိန်နဲ့ အာဂျင်တီးနား ပတ်စ်ပို့စ် ၂ ခု ကိုင်ဆောင်ထားတာကြောင့် ပြဿနာတက်ခဲ့တာဖြစ်တယ်လို့ သိရပြီး မက်ဆီဟာ ဘာစီလိုနာကို လူငယ်ကြယ်ပွင့်အဖြစ်နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် စပိန် နိုင်ငံသားဖြစ်ခွင့် ရရှိခဲ့ပြီး ကစားသမားဘဝတလျှောက်လုံးကို နူးကမ့်မှာ အချိန်ကုန်ဆုံးခဲ့ရတာဖြစ်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ မက်ဆီဟာ စပိန်ပတ်စ်ပို့နဲ့ ခရီးထွက်ခဲ့တာဖြစ်ပြီး နိုင်ငံအသင်းအတွက် ကိုယ်စားပြု ကစားပေးဖို့အတွက် အလည်အပတ်ထွက်ခဲ့တာဖြစ်ပေမယ့်လည်း အာဂျင်တီးနားပတ်စ်ပို့ ပါမလာတာကြောင့် လေဆိပ်မှာ ပြဿနာတက်ခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ဘေဂျင်းမြို့တော်လေဆိပ်မှာ ၂ နာရီလောက် နိုင်ငံအတွင်း ဝင်ခွင့်ရဖို့ စောင့်ဆိုင်းခဲ့ရပြီး ဝန်ထမ်းတွေကို “ထိုင်ဝမ်က တရုတ်မဟုတ်ဘူးလား”လို့ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ စပိန်ပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေဟာ ဗီဇာမလိုဘဲ ရက် ၉၀ နေထိုင်ခွင့်နဲ့ ထိုင်ဝမ်ကို ဝင်ရောက်နိုင်တာကြောင့် မက်ဆီက တရုတ်မှာလည်း အဲဒီအတိုင်းပဲ ထင်မြင်ခဲ့ပုံပေါ်ပါတယ်။
ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးဟာ တင်းမာနေပြီး မက်ဆီဟာ နောက်ဆုံးမှာတော့ ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းခံခဲ့ရပြီး အာဂျင်တီးနားကို ၂-၀ နဲ့ အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်တာ မိုင်ယာမီကြယ်ပွင့်အနေနဲ့ နိုဝင်ဘာလအစောပိုင်းမှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မဖြစ်အောင် ရှောင်လွှဲနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပြီး တရုတ်နိုင်ငံကို ၈ ကြိမ်မြောက် အလည်အပတ် သွားရောက်မှာ ဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: လီယြန္နယ္ မက္ဆီရဲ႕ တ႐ုတ္ႏိုင္ငံကို ေနာက္ဆုံးသြားေရာက္ခဲ့တဲ့ ခရီးစဥ္တုန္းက ေလဆိပ္မွာ အျငင္းပြားဖြယ္ ေမးခြန္းကို ေမးျမန္းခဲ့တယ္လို႔ သိရပါတယ္။
မက္ဆီရဲ႕ အင္တာ မိုင္ယာမီဟာ လာမယ့္လမွာ ေျခစမ္းပြဲစဥ္အျဖစ္နဲ႔ တ႐ုတ္ႏိုင္ငံကို သြားေရာက္ရမွာျဖစ္ၿပီး ဂ်ရတ္ မာတီႏိုရဲ႕ အသင္းဟာ ေမဂ်ာလိဂ္ ပေလးေအာ့ဖ္ကစားခြင့္ မရရွိခဲ့တဲ့ေနာက္ တ႐ုတ္စူပါလိဂ္ကလပ္ေတြျဖစ္တဲ့ ခ်င္းေဒါင္း ဟိုင္းနယူးနဲ႔ ခ်န္ဒူး ေရာင္းေခ်ာင္တို႔နဲ႔ ေျခစမ္းပြဲအျဖစ္ ကစားသြားမွာျဖစ္ပါတယ္။
မက္ဆီဟာ ၿပီးခဲ့တဲ့ဇြန္လတုန္းက ေမဂ်ာလိဂ္ကို မေျပာင္းေ႐ႊ႕ခင္ တ႐ုတ္ႏိုင္ငံကို အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းနဲ႔အတူ ေရာက္ရွိခဲ့ၿပီး ေဘဂ်င္းမွာ ဩစေၾတးလ်နဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘလြန္ေဒါ ၇ ဆုရွင္ဟာ ၂၀၀၈ ခုႏွစ္တုန္းက အိုလံပစ္ေ႐ႊတံဆိပ္ဆုရရွိခဲ့ၿပီးေနာက္ ေဘဂ်င္းၿမိဳ႕နဲ႔ပတ္သက္ၿပီး ႏွစ္လိုဖြယ္ အမွတ္တရေတြ ပိုင္ဆိုင္ထားသူျဖစ္ေပမယ့္လည္း ယခုႏွစ္ အေစာပိုင္း ခရီးစဥ္အစမွာ အခက္အခဲေတြရွိခဲ့တာျဖစ္ပါတယ္။
မက္ဆီဟာ ကိုယ္ပိုင္ဂ်က္ေလယာဥ္နဲ႔ ခရီးထြက္ခဲ့ေပမယ့္လည္း နယ္စပ္လုံၿခဳံေရးမွာ ရပ္တန႔္ျခင္းခံခဲ့ရၿပီး ဗီဒီယိုထဲမွာ ပတ္စ္ပို႔ကိုင္ေဆာင္ထားတဲ့ အာဂ်င္တီးနားၾကယ္ပြင့္နားမွာ ရဲအရာရွိေတြက ဝန္းရံေနတာျဖစ္ပါတယ္။
Daily Mirror ရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာဂႏၲဝင္ဟာ စပိန္နဲ႔ အာဂ်င္တီးနား ပတ္စ္ပို႔စ္ ၂ ခု ကိုင္ေဆာင္ထားတာေၾကာင့္ ျပႆနာတက္ခဲ့တာျဖစ္တယ္လို႔ သိရၿပီး မက္ဆီဟာ ဘာစီလိုနာကို လူငယ္ၾကယ္ပြင့္အျဖစ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ စပိန္ ႏိုင္ငံသားျဖစ္ခြင့္ ရရွိခဲ့ၿပီး ကစားသမားဘဝတေလွ်ာက္လုံးကို ႏူးကမ့္မွာ အခ်ိန္ကုန္ဆုံးခဲ့ရတာျဖစ္ပါတယ္။
ဒီတစ္ႀကိမ္မွာေတာ့ မက္ဆီဟာ စပိန္ပတ္စ္ပို႔နဲ႔ ခရီးထြက္ခဲ့တာျဖစ္ၿပီး ႏိုင္ငံအသင္းအတြက္ ကိုယ္စားျပဳ ကစားေပးဖို႔အတြက္ အလည္အပတ္ထြက္ခဲ့တာျဖစ္ေပမယ့္လည္း အာဂ်င္တီးနားပတ္စ္ပို႔ ပါမလာတာေၾကာင့္ ေလဆိပ္မွာ ျပႆနာတက္ခဲ့တာျဖစ္ပါတယ္။
မက္ဆီဟာ ေဘဂ်င္းၿမိဳ႕ေတာ္ေလဆိပ္မွာ ၂ နာရီေလာက္ ႏိုင္ငံအတြင္း ဝင္ခြင့္ရဖို႔ ေစာင့္ဆိုင္းခဲ့ရၿပီး ဝန္ထမ္းေတြကို “ထိုင္ဝမ္က တ႐ုတ္မဟုတ္ဘူးလား”လို႔ ေမးျမန္းခဲ့တယ္လို႔ သိရပါတယ္။ စပိန္ပတ္စ္ပို႔ ကိုင္ေဆာင္ထားသူေတြဟာ ဗီဇာမလိုဘဲ ရက္ ၉၀ ေနထိုင္ခြင့္နဲ႔ ထိုင္ဝမ္ကို ဝင္ေရာက္ႏိုင္တာေၾကာင့္ မက္ဆီက တ႐ုတ္မွာလည္း အဲဒီအတိုင္းပဲ ထင္ျမင္ခဲ့ပုံေပၚပါတယ္။
ထိုင္ဝမ္နဲ႔ တ႐ုတ္ႏိုင္ငံတို႔ၾကား ဆက္ဆံေရးဟာ တင္းမာေနၿပီး မက္ဆီဟာ ေနာက္ဆုံးမွာေတာ့ ဆိုက္ေရာက္ဗီဇာထုတ္ေပးျခင္းခံခဲ့ရၿပီး အာဂ်င္တီးနားကို ၂-၀ နဲ႔ အႏိုင္ရရွိေအာင္ ကူညီေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အင္တာ မိုင္ယာမီၾကယ္ပြင့္အေနနဲ႔ ႏိုဝင္ဘာလအေစာပိုင္းမွာ ဒီလိုအျဖစ္အပ်က္မ်ိဳး ထပ္မျဖစ္ေအာင္ ေရွာင္လႊဲႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး တ႐ုတ္ႏိုင္ငံကို ၈ ႀကိမ္ေျမာက္ အလည္အပတ္ သြားေရာက္မွာ ျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post တရုတ်ပြည်ကို နောက်ဆုံးခရီးသွားခဲ့တုန်းက အငြင်းပွားဖွယ်မေးခွန်းမေးခဲ့တဲ့ မက်ဆီ first appeared on Sports A2Z.
Your new digest 50
Post a Comment