ယူရို ၂၀၂၄ အတွက် ယှဉ်ပြိုင်ကစားနေကြတဲ့ ခြေစစ်ပွဲစဉ်တွေထဲက တနင်္ဂနွေနေ့မှာတော့ အုပ်စု(အေ)၊ (ဒီ)၊ (အီး)နဲ့ (အိုင်)တို့က အသင်းတွေ ကစားခဲ့ကြပြီး ဒီထဲကမှ သောကြာနေ့က ခြေစစ်ပွဲအောင်ထားတဲ့ ပြင်သစ်၊ ဘယ်လ်ဂျီယမ်နဲ့ ပေါ်တူဂီတို့အပြင် နောက်ထပ် ခြေစစ်ပွဲအောင်တဲ့ အသင်းသစ်သုံးသင်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဒီထဲက အားလုံး စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ နော်ဝေတို့အနေနဲ့ အာလင်း ဟားလန်း၊ မာတင် အော်ဒီဂွါဒ်တို့အားကိုးနဲ့ သူတို့ရှေ့က စပိန်၊ စကော့တလန်တို့ကို ခြေထိုးလှဲနိုင်မလားဆိုတာ မေးခွန်းတစ်ခုဖြစ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ နည်းပြရဲ့ ဗျူဟာပိုင်း မကြွယ်ဝမှုနဲ့ မလေးစားစရာ လူထုတ်ပုံတွေက သူတို့ကို အိမ်ကွင်းမှာ ကွဲစေခဲ့တာပါ။
နော်ဝေတို့အနေနဲ့ ဒီနေ့ပွဲကို အိမ်ကွင်း အော့စ်လိုမှာ ကစားခဲ့ပြီး လူစုံခဲ့တယ်လို့ ဆိုနိုင်ပေမယ့် ဟားလန်းနဲ့ အော်ဒီဂွါဒ်ကလွဲရင် ကျန်တဲ့သူတွေက ဘီအဆင့်တွေသာ ဖြစ်နေခဲ့တာ၊ အသင်းအတွက် အတိုးအလှုပ်ကောင်းတဲ့ နူဆာကို မထည့်ဘဲ မန်စီးတီးမှာ ကစားခွင့် နပ်မမှန်တဲ့ ဘော့ဘ်ကို ထည့်ခဲ့တာတွေက နည်းပြ စတာလီ ဆောလ်ဘက်ကင်ရဲ့ အားနည်းချက်တွေ ဖြစ်ခဲ့သလို စပိန်တို့ ရင်မခုန်ရဘဲဖြစ်ခဲ့ပါတယ်။
ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ခြိမ်းခြောက်မှုပါ သာလွန်ခဲ့တဲ့ စပိန်တို့အနေနဲ့ တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် ၄၉ မိနစ်မှာ ဘာစီလိုနာ ချာတိတ် ဂါဗီက ပေးစွမ်းခဲ့မှုနဲ့ အနိုင်ယူသွားခဲ့ပြီး နော်ဝေတို့အတွက်တော့ တစ်ပွဲသာ ကစားဖို့ ကျန်တော့ချိန်မှာ အပေါ်နှစ်သင်းနဲ့ ငါးမှတ်ပြတ်သွားခဲ့လို့ စကော့တလန်နဲ့အတူ စပိန်တို့ကို လက်လွှတ်ပေးလိုက်ရသလို ရမှတ် ၁၀ မှတ်နဲ့ Play-off ကစားခွင့်ကိုပဲ စောင့်မျှော်ရတော့မှာပါ။
တစ်ဖက်က အုပ်စု(ဒီ)မှာတော့ တူရကီအသင်းက လတ်ဗီးယားအသင်းကို ချင့်ခ် တိုဆန်၊ အက်ခ်ဂွန်၊ အက်တာ့ခ်ကိုးလူးတို့ရဲ့ ဂိုးတွေနဲ့ လေးဂိုး-ဂိုးမရှိ အောင်ပွဲခံပြီး ၁၆ မှတ် စုဆောင်းနိုင်ခဲ့ချိန်မှာ အနီးဆုံး ပြိုင်ဘက် ခရိုအေးရှားကတော့ ဝေးလ်စ်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့လို့ ၁၀ မှတ်နဲ့ ဆက်လက်ရုန်းကန်ရတော့မှာဖြစ်ပါတယ်။
ဒီနေ့မှာတော့ အိမ်ရှင် ဂျာမနီနဲ့အတူ ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ ပေါ်တူဂီ၊ စပိန်၊ စကော့တလန်နဲ့ တူရကီတို့ ခြေစစ်ပွဲအောင်မြင်တဲ့ အသင်းပေါင်း ၇ သင်းအထိ ရှိသွားခဲ့ပြီဖြစ်ပြီး ပွဲစဉ်တွေ ဆက်လက်ကစားကြဖို့ ရှိနေတဲ့ လာမယ့် သုံးရက်မှာလည်း နောက်ထပ် ခြေစစ်ပွဲအောင်အသင်းတွေ ဆက်လက်ထွက်ပေါ်လာနိုင်ခြေရှိနေသေးပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ယူ႐ို ၂၀၂၄ အတြက္ ယွဥ္ၿပိဳင္ကစားေနၾကတဲ့ ေျခစစ္ပြဲစဥ္ေတြထဲက တနဂၤေႏြေန႔မွာေတာ့ အုပ္စု(ေအ)၊ (ဒီ)၊ (အီး)နဲ႔ (အိုင္)တို႔က အသင္းေတြ ကစားခဲ့ၾကၿပီး ဒီထဲကမွ ေသာၾကာေန႔က ေျခစစ္ပြဲေအာင္ထားတဲ့ ျပင္သစ္၊ ဘယ္လ္ဂ်ီယမ္နဲ႔ ေပၚတူဂီတို႔အျပင္ ေနာက္ထပ္ ေျခစစ္ပြဲေအာင္တဲ့ အသင္းသစ္သုံးသင္း ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။
ဒီထဲက အားလုံး စိတ္ဝင္တစား ေစာင့္ၾကည့္ေနၾကတဲ့ ေနာ္ေဝတို႔အေနနဲ႔ အာလင္း ဟားလန္း၊ မာတင္ ေအာ္ဒီဂြါဒ္တို႔အားကိုးနဲ႔ သူတို႔ေရွ႕က စပိန္၊ စေကာ့တလန္တို႔ကို ေျခထိုးလွဲႏိုင္မလားဆိုတာ ေမးခြန္းတစ္ခုျဖစ္ခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ နည္းျပရဲ႕ ဗ်ဴဟာပိုင္း မႂကြယ္ဝမႈနဲ႔ မေလးစားစရာ လူထုတ္ပုံေတြက သူတို႔ကို အိမ္ကြင္းမွာ ကြဲေစခဲ့တာပါ။
ေနာ္ေဝတို႔အေနနဲ႔ ဒီေန႔ပြဲကို အိမ္ကြင္း ေအာ့စ္လိုမွာ ကစားခဲ့ၿပီး လူစုံခဲ့တယ္လို႔ ဆိုႏိုင္ေပမယ့္ ဟားလန္းနဲ႔ ေအာ္ဒီဂြါဒ္ကလြဲရင္ က်န္တဲ့သူေတြက ဘီအဆင့္ေတြသာ ျဖစ္ေနခဲ့တာ၊ အသင္းအတြက္ အတိုးအလႈပ္ေကာင္းတဲ့ ႏူဆာကို မထည့္ဘဲ မန္စီးတီးမွာ ကစားခြင့္ နပ္မမွန္တဲ့ ေဘာ့ဘ္ကို ထည့္ခဲ့တာေတြက နည္းျပ စတာလီ ေဆာလ္ဘက္ကင္ရဲ႕ အားနည္းခ်က္ေတြ ျဖစ္ခဲ့သလို စပိန္တို႔ ရင္မခုန္ရဘဲျဖစ္ခဲ့ပါတယ္။
ေဘာလုံးပိုင္ဆိုင္မႈေရာ ဂိုးေပါက္ၿခိမ္းေျခာက္မႈပါ သာလြန္ခဲ့တဲ့ စပိန္တို႔အေနနဲ႔ တစ္လုံးတည္းေသာ သြင္းဂိုးကို ပြဲခ်ိန္ ၄၉ မိနစ္မွာ ဘာစီလိုနာ ခ်ာတိတ္ ဂါဗီက ေပးစြမ္းခဲ့မႈနဲ႔ အႏိုင္ယူသြားခဲ့ၿပီး ေနာ္ေဝတို႔အတြက္ေတာ့ တစ္ပြဲသာ ကစားဖို႔ က်န္ေတာ့ခ်ိန္မွာ အေပၚႏွစ္သင္းနဲ႔ ငါးမွတ္ျပတ္သြားခဲ့လို႔ စေကာ့တလန္နဲ႔အတူ စပိန္တို႔ကို လက္လႊတ္ေပးလိုက္ရသလို ရမွတ္ ၁၀ မွတ္နဲ႔ Play-off ကစားခြင့္ကိုပဲ ေစာင့္ေမွ်ာ္ရေတာ့မွာပါ။
တစ္ဖက္က အုပ္စု(ဒီ)မွာေတာ့ တူရကီအသင္းက လတ္ဗီးယားအသင္းကို ခ်င့္ခ္ တိုဆန္၊ အက္ခ္ဂြန္၊ အက္တာ့ခ္ကိုးလူးတို႔ရဲ႕ ဂိုးေတြနဲ႔ ေလးဂိုး-ဂိုးမရွိ ေအာင္ပြဲခံၿပီး ၁၆ မွတ္ စုေဆာင္းႏိုင္ခဲ့ခ်ိန္မွာ အနီးဆုံး ၿပိဳင္ဘက္ ခ႐ိုေအးရွားကေတာ့ ေဝးလ္စ္ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရႈံးနိမ့္သြားခဲ့လို႔ ၁၀ မွတ္နဲ႔ ဆက္လက္႐ုန္းကန္ရေတာ့မွာျဖစ္ပါတယ္။
ဒီေန႔မွာေတာ့ အိမ္ရွင္ ဂ်ာမနီနဲ႔အတူ ျပင္သစ္၊ ဘယ္လ္ဂ်ီယမ္၊ ေပၚတူဂီ၊ စပိန္၊ စေကာ့တလန္နဲ႔ တူရကီတို႔ ေျခစစ္ပြဲေအာင္ျမင္တဲ့ အသင္းေပါင္း ၇ သင္းအထိ ရွိသြားခဲ့ၿပီျဖစ္ၿပီး ပြဲစဥ္ေတြ ဆက္လက္ကစားၾကဖို႔ ရွိေနတဲ့ လာမယ့္ သုံးရက္မွာလည္း ေနာက္ထပ္ ေျခစစ္ပြဲေအာင္အသင္းေတြ ဆက္လက္ထြက္ေပၚလာႏိုင္ေျခရွိေနေသးပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post စပိန်၊ တူရကီနဲ့ ခြေစစ်ပွဲအောင် အသင်းသစ်တွေ ထပ်မံပေါ်ထွက်ခဲ့တဲ့ တနင်္ဂနွေည first appeared on Sports A2Z.
Your new digest 50
Post a Comment