ယာဂန် ကလော့ပ်က လီဗာပူးလ်ကစားသမားတွေကို ဘန် ဒုတ်ခ်ကို မကြာခဏ လူပေးကစားဖို့ တောင်းဆိုခဲ့ပြီး LASK ကို ကြာသပတေးနေ့ညမှာ အနိုင်ရရှိခဲ့ပြီးနောက် ယူရိုပါလိဂ်အုပ်စုအဆင့်တလျှောက် အမြင့်ပျံနိုင်မှာမဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။
လီဗာပူးလ်ဟာ အုပ်စု E အဖွင့်ပွဲစဉ်မှာ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီးနောက် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး ဒါဝင် နူးညက်ဇ်ရဲ့ ဒုတိယပိုင်းမှာ ရခဲ့တဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ပြိုင်ပွဲအတွင်း ပြန်လည်ဝင်ရောက်လာနိုင်ခဲ့ပြီးနောက် လူးဝစ္စ ဒီယက်ဇ်နဲ့ မိုဟာမက် ဆာလားတို့က ၃-၁ နဲ့ အနိုင်ရရှိစေမယ့် သွင်းဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။
ဘန် ဒုတ်ခ်ဟာ လီဗာပူးလ် ညာတောင်ပံမှာ စွမ်းဆောင်ရည်ကောင်းအချို့ ပြသနိုင်ခဲ့တာဖြစ်ပြီး ကလော့ပ်က ပွဲအပြီးမှာ ၎င်းရဲ့ အသင်းသားတွေကို အသက် ၁၇ နှစ်အရွယ် ကစားသမားကို မကြာခဏ ပိုပြီးတော့ အသုံးပြုစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကမ္ဘာကြီးနဲ့ လူတွေက ကျွန်တော်တို့ကို ဒီပြိုင်ပွဲမှာ အမြင့်ပျံဖို့ မျှော်မှန်းထားကြမယ်ဆိုတာ ကျွန်တော် သိပါတယ်။ အဲဒီလို ဖြစ်လာမှာမဟုတ်ပါဘူး။ အုပ်စုအဆင့်မှာ အဲဒီလို ဖြစ်လာမှာမဟုတ်ပါဘူး။ ရှုံးထွက်အဆင့်မှာ အဲဒီလို ဖြစ်လာမှာမဟုတ်ပါဘူး။ အဲဒါက ဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ လေ့လာသင်ယူဖို့ ကြိုးစားရမယ်။ ကျွန်တော်တို့ လုပ်ခဲ့တာ အဲဒါပဲ။ ဒီညမှာ ကျွန်တော်တို့ ကြီးမားတဲ့ လေ့လာသင်ယူမှုကြီးဖြစ်ခဲ့တယ်။ ပြိင်ဘက်တွေက ကျွန်တော်တို့ လုပ်ခဲ့တာထက် ကွင်းထဲမှာ ခံစားခဲ့ရတာ အများကြီး နည်းပါးခဲ့တယ်။ အဲဒါက နည်းနည်းသာမန်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မကြာခဏ ဘောလုံးရခဲ့လို့ပါ။ ဒါပေမယ့် အဲဒီအပြင် ကျွန်တော်တို့ ဒါနဲ့ အသားကျအောင် လုပ်ရမယ်။ အဲဒါဆိုရင် ကျွန်တော်တို့ အများကြီး လေ့လာသင်ယူနိုင်မှာပါ”
“ကျွန်တော်တို့ ဘန် ဒုတ်ခ်ကို မကြာခဏ နည်းနည်းပိုပြီး အသုံးပြုခဲ့မယ်၊ သူ့ကို ဘောလုံးပေးခဲ့မယ်ဆိုရင် သူ ကွင်းဘေးစည်းနားမှာ ဘောလုံးများများရပြီး အတွင်းထဲကို ဘောလုံးပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့မယ်ထင်တယ်။ စတက်ဖင်က ခက်ခဲတဲ့စတင်မှုအပြီး ပွဲစဉ်ထဲကို ဝင်ရောက်နိုင်မယ့် နည်းလမ်းတွေ့ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဘောလုံးပေးပို့မှုတွေက သူ့ကို ပြဿနာဖြစ်စေခဲ့တာ သိသာပါတယ်။ ရိုင်ယန်က အရမ်းခက်ခဲတဲ့အခြေအနေမှာ အရမ်းထူးခြားတဲ့ပွဲကို ကစားခဲ့တယ်။ ကျွန်တော်တို့အတွက် တကယ်ကို အဆုံးအဖြတ်ပေးနိုင်ခဲ့ပါတယ်။ အီဘူ(ကိုနာတီ)ကလည်း မိနစ် ၈၀ ရခဲ့တယ်လို့ ထင်တယ်။ စတက်ဖင်လည်း မိနစ်တွေ ရခဲ့တယ်။ အဲဒီတော့ အပြုသဘောဆောင်တာတွေ အများကြီးဖြစ်ပြီး ဒီပွဲနဲ့ပတ်သက်ပြီး ကျွန်တော် တကယ်ပျော်ရွှင်ဖို့အတွက် လုံလောက်အောင် အူမြူးနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ယာဂန္ ကေလာ့ပ္က လီဗာပူးလ္ကစားသမားေတြကို ဘန္ ဒုတ္ခ္ကို မၾကာခဏ လူေပးကစားဖို႔ ေတာင္းဆိုခဲ့ၿပီး LASK ကို ၾကာသပေတးေန႔ညမွာ အႏိုင္ရရွိခဲ့ၿပီးေနာက္ ယူ႐ိုပါလိဂ္အုပ္စုအဆင့္တေလွ်ာက္ အျမင့္ပ်ံႏိုင္မွာမဟုတ္ဘူးလို႔ သတိေပးခဲ့ပါတယ္။
လီဗာပူးလ္ဟာ အုပ္စု E အဖြင့္ပြဲစဥ္မွာ ဦးေဆာင္ဂိုး ခြင့္ျပဳခဲ့ရၿပီးေနာက္ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ၿပီး ဒါဝင္ ႏူးညက္ဇ္ရဲ႕ ဒုတိယပိုင္းမွာ ရခဲ့တဲ့ ပင္နယ္တီသြင္းဂိုးေၾကာင့္ ၿပိဳင္ပြဲအတြင္း ျပန္လည္ဝင္ေရာက္လာႏိုင္ခဲ့ၿပီးေနာက္ လူးဝစၥ ဒီယက္ဇ္နဲ႔ မိုဟာမက္ ဆာလားတို႔က ၃-၁ နဲ႔ အႏိုင္ရရွိေစမယ့္ သြင္းဂိုးေတြ သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။
ဘန္ ဒုတ္ခ္ဟာ လီဗာပူးလ္ ညာေတာင္ပံမွာ စြမ္းေဆာင္ရည္ေကာင္းအခ်ိဳ႕ ျပသႏိုင္ခဲ့တာျဖစ္ၿပီး ကေလာ့ပ္က ပြဲအၿပီးမွာ ၎ရဲ႕ အသင္းသားေတြကို အသက္ ၁၇ ႏွစ္အ႐ြယ္ ကစားသမားကို မၾကာခဏ ပိုၿပီးေတာ့ အသုံးျပဳေစခ်င္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
“ကမာၻႀကီးနဲ႔ လူေတြက ကြၽန္ေတာ္တို႔ကို ဒီၿပိဳင္ပြဲမွာ အျမင့္ပ်ံဖို႔ ေမွ်ာ္မွန္းထားၾကမယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္။ အဲဒီလို ျဖစ္လာမွာမဟုတ္ပါဘူး။ အုပ္စုအဆင့္မွာ အဲဒီလို ျဖစ္လာမွာမဟုတ္ပါဘူး။ ရႈံးထြက္အဆင့္မွာ အဲဒီလို ျဖစ္လာမွာမဟုတ္ပါဘူး။ အဲဒါက ျဖစ္လာမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ေလ့လာသင္ယူဖို႔ ႀကိဳးစားရမယ္။ ကြၽန္ေတာ္တို႔ လုပ္ခဲ့တာ အဲဒါပဲ။ ဒီညမွာ ကြၽန္ေတာ္တို႔ ႀကီးမားတဲ့ ေလ့လာသင္ယူမႈႀကီးျဖစ္ခဲ့တယ္။ ၿပိင္ဘက္ေတြက ကြၽန္ေတာ္တို႔ လုပ္ခဲ့တာထက္ ကြင္းထဲမွာ ခံစားခဲ့ရတာ အမ်ားႀကီး နည္းပါးခဲ့တယ္။ အဲဒါက နည္းနည္းသာမန္ပါပဲ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ မၾကာခဏ ေဘာလုံးရခဲ့လို႔ပါ။ ဒါေပမယ့္ အဲဒီအျပင္ ကြၽန္ေတာ္တို႔ ဒါနဲ႔ အသားက်ေအာင္ လုပ္ရမယ္။ အဲဒါဆိုရင္ ကြၽန္ေတာ္တို႔ အမ်ားႀကီး ေလ့လာသင္ယူႏိုင္မွာပါ”
“ကြၽန္ေတာ္တို႔ ဘန္ ဒုတ္ခ္ကို မၾကာခဏ နည္းနည္းပိုၿပီး အသုံးျပဳခဲ့မယ္၊ သူ႔ကို ေဘာလုံးေပးခဲ့မယ္ဆိုရင္ သူ ကြင္းေဘးစည္းနားမွာ ေဘာလုံးမ်ားမ်ားရၿပီး အတြင္းထဲကို ေဘာလုံးေပးပို႔မႈေတြ ျပဳလုပ္ႏိုင္ခဲ့မယ္ထင္တယ္။ စတက္ဖင္က ခက္ခဲတဲ့စတင္မႈအၿပီး ပြဲစဥ္ထဲကို ဝင္ေရာက္ႏိုင္မယ့္ နည္းလမ္းေတြ႕ခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ ေဘာလုံးေပးပို႔မႈေတြက သူ႔ကို ျပႆနာျဖစ္ေစခဲ့တာ သိသာပါတယ္။ ႐ိုင္ယန္က အရမ္းခက္ခဲတဲ့အေျခအေနမွာ အရမ္းထူးျခားတဲ့ပြဲကို ကစားခဲ့တယ္။ ကြၽန္ေတာ္တို႔အတြက္ တကယ္ကို အဆုံးအျဖတ္ေပးႏိုင္ခဲ့ပါတယ္။ အီဘူ(ကိုနာတီ)ကလည္း မိနစ္ ၈၀ ရခဲ့တယ္လို႔ ထင္တယ္။ စတက္ဖင္လည္း မိနစ္ေတြ ရခဲ့တယ္။ အဲဒီေတာ့ အျပဳသေဘာေဆာင္တာေတြ အမ်ားႀကီးျဖစ္ၿပီး ဒီပြဲနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ တကယ္ေပ်ာ္႐ႊင္ဖို႔အတြက္ လုံေလာက္ေအာင္ အူျမဴးေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post အသင်းဖော်ကို လစ်လျူရှုခဲ့တဲ့အသင်းသားတွေကို သတိပေးခဲ့တဲ့ ကလော့ပ် first appeared on Sports A2Z.
Your new digest 50
Post a Comment