သူမကိုမြေတောင်မြှောက်ပေးတယ်လို့ပြောတဲ့ အဆိုတော်မေရွက်ဝါကို ဒဲ့ဆော်လိုက်တဲ့ အဆိုတော်ခင်ပိုးပန်းချီ
ပရိသတ်ကြီးရေ ခင်ပိုးပန်းချီကတော့ မြန်မာသံတေးသံရှင်တစ်ယောက်ဖြစ်ပြီး အသက်ငယ်ငယ်နဲ့ အောင်မြင်တဲ့ တေးသံရှင်တွေထဲကတစ်ယောက်ပါ။ ဒီနေ့မှာတော့ သူမအနေနဲ့ငယ်ငယ်ထဲကအမေဖြစ်သူကသာပံ့ပိုးပေးခဲ့တာဖြစ်ပြီး သူမကိုပံ့ပိုးပေးပါတယ်လို့ဖြေဆိုခဲ့တဲ့ တေးသံရှင်မေရွက်ဝါရဲ့ အင်တာဗျူးဖြေဆိုမှုကို ပြန်လည်ဖြေရှင်းလာခဲ့တာပါ။
သည်အကြောင်းအရာ….ငယ်ငယ်လေးထဲက အခုချိန်ထိ ဒီလိုနေရာလေးသေးသေးလေး တစ်နေရာ ရဖို့ကိုလုပ်ပေးခဲ့တာ ဘယ်သူမှမဟုတ်ပါဘူး… ။
န်မရဲ့အမေ ဒေါ်ခင်အေးသိန်း တစ်ယောက်ထဲရဲ့အားပါ ။ဆို၊က၊ရေး၊တီး ကိုပြောထားတဲ့ကိစ္စကလဲ တိုင်ပင်ခဲ့တာ တစ်ခုမှမရှိဘူး… ။ အမေကိုယ်တိုင်စီစဉ်ပြီး ပင်ပန်းဆင်းရဲစွာနဲ့သူတစ်ယောက်ထဲမိန်းမသားအားနဲ့ ဆရာတွေဆရာမတွေအိမ် လိုက်ပို့ပြီး သင်ပေးခဲ့တာ ။ ဘက်စ်ကားခ မတက်နိုင်တဲ့အခါမှာ လမ်းလျှောက်သွားရတယ် လမ်းမလျှောက်နိုင်တဲ့နေ့ကျရင် အမေ့မှာရှိတဲ့ပစ္စည်းလေးတွေပေါင်ပြီး ဘက်စ်ကားစီးသွားရတာ အဲ့သည်လိုအခြေအနေပါ.. ။
အသည်းအသက်မကချစ်တယ်ဆိုတဲ့ကိစ္စ..ဘယ်သူ့ကိုချစ်တယ်မချစ်ဘူးဆိုတာ ကိုယ့်ကိုကိုယ်အသိဆုံးမလို့ စာတွေနဲ့မရေးတော့ဘူး ။ မြေးချင်းတူတာတောင် ခွဲခြားတက်တာ ကိုယ့်ကိုကိုယ်သိပါလိမ့်မယ်နော်.. ။ သန်းထွန်းဝင်း + ခင်အေးသိန်း ရဲ့သမီးတွေဆိုရင် နှိမ်တာ , ခွဲခြားတာ , ဆက်ဆံတာတွေမတူတာပါ ဘယ်သူ့မှမသိပဲ ကျွန်မတို့ကိုယ်တိုင်ပဲ သိနိုင်တဲ့ကိစ္စ ။
ဒေါသထွက်တဲ့အခါ “နင်တို့ကဘယ်တော့မှအောင်မြင်လာမှာ,ဖြစ်လာမှာမဟုတ်ဘူး , ကျွန်စုပ်ပစ်တဲ့သရက်စေ့” လို့ပြောခဲ့တာလဲ ကျွန်မတို့အသိဆုံးပါပဲ ။ celeမြေတောင်မြှောက်ပေးတယ်ဆိုတဲ့ စကားက အဓိပ္ပာယ်ဖွင့်မယ်ဆိုရင် လေးနက်တယ်နော်..! အိမ်မှာခေါ်ပြီး သီချင်းအော်ဆိုခိုင်းတာက မြေတောင်မြှောက်ပေးတယ်ဆိုရင် တကယ်အနစ်နာခံပေးခဲ့တဲ့ ကျွန်မရဲ့အမေရယ် ပိုက်ဆံမယူပဲသင်ပေး ထမင်းကျွေးပြီးသင်ပေး တဲ့အမေတင့်တို့ရဲ့ မျက်နှာတွေကို အရမ်းအားနာဖို့ကောင်းပါတယ် ။ “မယ်ရွေးလို့ဆင်ပါ့မယ်” album ကို မရတနာမိုင်ကျေးဇူးနဲ့ဦးညီထွ၌တို့ နဲ့တွေ့ဆုံရပြီး ထုတ်ပေးတုံးကလဲ မယုံကြည်ပဲ ဝိုင်းလှောင်ကြတာ ဘယ်သူတွေလဲဆိုတာ ကိုယ့်ကိုကိုယ်အသိဆုံးဖြစ်မှာပါရှင်… ။ အခုချိန်ရေးရင် ဒါတွေဟာ အပိုတွေလို့ထင်ပါလိမ့်မယ် ။ ဘာလို့ရေးရလဲဆိုတာ ဒီလိုနေရာရောက်ဖို့လုပ်ပေးခဲ့တာ သူတို့တွေဆိုပြီး ထင်နေကြမှာစိုးတယ် ဒါမှန်သောစကား ။ အမေ့ရဲ့ချွေးရယ် သွေးရယ် ပုခုံးထမ်းတင်ပေးခဲ့တဲ့ ကျေးဇူးကို ကျွန်မတို့ညီအမသုံးယောက်သာလျှင်အသိဆုံးမို့ ဒီလိုတွေတင်ရတာ ။ ပြိုင်ပွဲတွေပြိုင်ခဲ့တာတောင် ဘယ်သူ့ရဲ့မြေး ဘယ်သူ့ရဲ့ တူမ ဆိုတာ ဘယ်တုံးကမှ ထုတ်မပြော , ထုတ်မသုံးခဲ့ဖူးဘူး အမေရောကိုယ်ရောက သူတို့နာမည်နဲ့ဆိုတာကြောင့်ဆိုတာမျိုး မဖြစ်ချင်လို့ အခုချိန်ပြိုင်ပွဲက vd တွေပြန်ကြည့်ရင်တွေ့နိုင်ပါတယ် ။ရှင်းရှင်းပြောရရင် ခင်ပိုးပန်းချီ ဆိုတာ နာမည်ကြီးလဲမဟုတ်ဘူး အဆိုတော်လဲမဟုတ်ဘူး နိုင်ငံကျော်လဲမဟုတ်ဘူး ဒါပေမယ့် ကြိုးစားနေတဲ့လူငယ်တွေထဲမှာ လူအနဲငယ်သိတဲ့သူပဲ ဒီအဆင့်ပဲရှိတာ အေး ဒါပေမယ့် အဲ့သည်အဆင့်ကိုတောင် ဘယ်သူတစ်ဦးတစ်ယောက်ရဲ့မှ ကူညီပံ့ပိုးမှု့မပါခဲ့ဘူး ။
ဒီလိုအချိန်တွေမှာ ဒီလိုတွေရေးတင်ရတာ အားနာတယ် ။
စီးပွားရေးတွေအဆင်မပြေလို့ စိတ်ညစ်နေတာကို ကျွန်မတို့ရဲ့ကိစ္စကြောင့်နဲ့ စိတ်အနှောင့်အယှက်ဖြစ်သွားရင်လဲ ဒီနေရာကနေ မိသားစုတွေ သူငယ်ချင်းတွေ ဒီပို့စ်ကိုမြင်တဲ့သူတွေအကုန်လုံးကိုတကယ်တောင်းပန်ပါတယ် ။နောက်ပြီး … ဆို၊က၊ရေး၊တီး နဲ့ပက်သတ်လို့ ပြောထားတာတွေကလဲ မှားနေတာတွေပါတယ် ။ တကယ်ပြောချင်ရင်မှန်တာတော့ပြောစေချင်တယ် ။ နောက်ဆုံးအနေနဲ့ မကူညီခဲ့တာဘာမှမဖြစ်ပါဘူး ဒါပေမယ့် အခုကျမှ media တွေနဲ့စကားအပိုတွေကိုတော့ မပြောစေချင်ပါဘူး .. ။
ကျွန်မ ခင်ပိုးပန်းချီ သီချင်းအသစ်တွေမဆိုဖြစ်တာ interview တွေမဖြေဖြစ်တာ အရမ်းကိုမှကြာလှပြီ ကိုယ့်ဘာကိုယ် မိသားစု (၄) ယောက်စားဖို့ ရုန်းကန်နေရတာ တမျိုး , လေဖြတ်နေတဲ့အဖေကိုကုဖို့ရှာရတာတမျိုး , ကိုယ့်ဆေးဖိုးကိုရှာရတာတမျိုးနဲ့ ။ ဒါတွေကိုမြင်ရတော့စိတ်ညစ်ပါတယ် ဒါအမှန်ပြောတာ ။ နောက်ဆုံးအနေနဲ့.. ပြောချင်တာကတချို့စကားတွေမှားနေလို့ ဒီလိုတင်ရတာ ။ ခင်ပိုးပန်းချီ ဆိုတာ ဒေါ်ခင်အေးသိန်း တစ်ယောက်ထဲသာလျှင်ပျိုးထောင်ခဲ့တဲ့ ပန်းတစ်ပွင့်ဖြစ်ပါကြောင်းနဲ့ ကျွန်မရဲ့ဥယျာဉ်မှုးကလဲ ဒေါ်ခင်အေးသိန်းဆိုတဲ့ ကျွန်မရဲ့အမေတစ်ယောက်ထဲပဲရှိပါတယ်လို့ပဲ ပြောချင်ပါတယ် … ။ ကျွန်မရေးခဲ့သောစာများသည် အမှန်တရားများပါ ကြိုက်တဲ့နေရာတွင်ကြိုက်သလိုရှင်းနိုင်ပါတယ် !” အခုမှလူရာသွင်းပေးလို့လဲကျေးဇူးတင်ပါတယ် “* [ဒီကိစ္စ , ဒီပိုစ့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရင်အားလုံးကိုတောင်းပန်ပါတယ်ရှင့်
Post a Comment