ညအိပ်ယာမဝင်ခင် ခြေဆေးရုံနဲ့ ရရှိမည့်အကျိုးကျေးဇူးများ…

ယနေ့ မှစ၍ ညအိပ်ရာဝင်တိုင်း ခြေထောက်ဆေးအိပ်ဖို့မမေ့ရန်သတိပေးလိုက်ပါရစေ ။ ဘာ့ကြောင့်လဲဆိုတော့…

ညအိပ်ရာမဝင်ခင် ခြေဆေးခြင်းကြောင့်ရလာနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက အရမ်းကောင်းလို့ပါ။

၁။ တစ်နေကုန်အောင်းနေသောအပူများ အောက်သို့လှည့်ပြီးခြေဖဝါးမှထွက်သွားနိုင်သည်။

၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်းသွားကြိတ်ခြင်း၊ လျှာဝါးခြင်း သွားရည်ကျခြင်းများ သက်သာ စေသည်။

၃။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်းမှ သက်သာစေသည်။

၄။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာ သွားကိုက်ခြင်းများမှ သက်သာစေသည်။

၅။ ဆံပင်ဖြူခြင်းကို သက်သာစေသည်။

၆။ ရင်ညွှန့်သို့တက်သောလေ ဘဝင်သို့တက်သောလေ၊ နှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည်။

၇။ ခြေထောက်ကို သန့်စင်စွာဆေးပြီးအိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများမက်ခြင်းမှ သက်သာစေနိုင်သည်။

၈။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။

၉။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သက်သာစေသည်။

၁၀။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း မျက်စိဖွင့်မကောင်းခြင်းမှ သက်သာစေသည်။

၁၁။ ခန္ဓာကိုယ်အပူအအေးမျှတပြီးဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည်။

၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်းညိုခြင်းမှ သက်သာစေနိုင်သည်။

ညအိပ်ရာဝင်ချိန်ခြေထောက်ရေဆေးခြင်းဖြင့် ရောဂါအမျိုးမျိုးကို သက်သာစေနိုင်သည်။

ကြွက်တက် ရောဂါ၊ အဆစ်ရောင်အဆစ်ကိုက်ရောဂါ၊လေးဘက်နာရောဂါ၊သွားနှင့် သွားဖုံးရောင်၊ သွားဖုံးကြွရောဂါ၊

မျက်စိတိမ်ရောဂါနှင့် မျက်မှန်ဒီဂရီတိုးခြင်းအစာအိမ်လေပူထခြင်း၊ လေပူအထက်တက်၍မူးမော ရင်တုန်၊

နှလုံးလေရိုက်ရောဂါများပင်သက်သာသည်ဟုဆိုသည်။

ခြေဆေးလျှင်လုံချည်၊ ထဘီကိုပေါက်လယ်ထိအောင်မတင်ပြီး ရေအေးဖြင့်ခုနှစ်ခွက်ခန့် လောင်းဆေးသင့်သည်။

ခြေဆေးပြီးနောက် ခေတ္တအပူထွက်အောင်စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည်။

နေ့စဉ် မှန်မှန်ပြုလုပ်မှသာအကျိုးရှိမည့်နည်းဖြစ်ပါသည်။

ကြေးမုံသတင်းစာ

The post ညအိပ်ယာမဝင်ခင် ခြေဆေးရုံနဲ့ ရရှိမည့်အကျိုးကျေးဇူးများ… appeared first on Achawlaymyar.



Your new digest 49

Post a Comment

Previous Post Next Post