MMA ဖိုက်တာ Fan Rong ကို ဒုတိယအချီမှာ ချုပ်ကွက်နဲ့အနိုင်ရခဲ့တဲ့ “အောင်လအန်ဆန်း”

ယနေ့နံနက်၊အမေရိကန်နိုင်ငံ၊ကော်လိုရာဒိုမှာ ကျင်းပတဲ့ ONE Fight Night 10 ပြိုင်ပွဲရဲ့ ONE MIDDLEWEIGHT ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု Burmese Python အောင်လအန်ဆန်းက တရုတ်နိုင်ငံသား MMA ဖိုက်တာ Fan Rong ကို ဒုတိယ အချီမှာ ချုပ်ကွက်နဲ့အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ အောင်လအန်ဆန်းအနိုင်ရခဲ့တာကြောင့် ဝမ်းမစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ ဒီရစ်ဒါကို စိန်ခေါ်နိုင်ဖို့ နီးစပ်လာပြီဖြစ်ပါတယ်။ ဒါပေမယ့်ဒီပွဲက အောင်လအန်ဆန်းရဲ့ဝမ်းချန်ပီယံရှစ်နဲ့ စာချုပ်သက်တမ်းပြည့်တဲ့ နောက်ဆုံးပွဲလည်းဖြစ်နေပါတယ်။

အောင်လအန်ဆန်းနဲ့ Fan Rong တို့ပွဲကို ပြီးခဲ့တဲ့ဇန်နဝါရီမှာ ထိုးသတ်ဖို့စီစဉ်ခဲ့ပေမယ့် တရုတ်ဖိုက်တာမှာ ကိုဗစ်ကူးစက်ခံခဲ့ရတာကြောင့် ဘရာဇီးနိုင်ငံသား Gilberto Galvaoနဲ့ အောင်လအန်ဆန်း ထိုးသတ်ခဲ့ရပါတယ်။

crd

zawgyi




crd


Your new digest 50

Post a Comment

Previous Post Next Post