လီယွန်နယ် မက်ဆီဟာ လွန်းစ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းဖော် ခီလီယန် အမ်ဘာပေရဲ့ ဖနောင့်နဲ့ ခင်းပေးလိုက်တဲ့ဘောလုံးကို အဆုံးသတ်သွင်းယူနိုင်ခဲ့ပါတယ်။

အမ်ဘာပေဟာ စနေနေ့ညက အိမ်ကွင်းမှာ ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ် ၃၁ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ၂၁ ရာစုအတွင်း လီဂူးဝမ်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကွင်းလယ်လူ ဗီတင်ညာက ၆ မိနစ်အကြာမှာပဲ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၃ မိနစ်အကြာမှာ လီယွန်နယ် မက်ဆီက မှော်ဆန်တဲ့ အခိုက်အတန့်ကို လုပ်ပြသွားခဲ့တာဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ ဘောလုံးလက်ခံရယူပြီးနောက် လွန်းစ် ပင်နယ်တီဧရိယာထဲကို ပြေးဝင်ရာမှာ အမ်ဘာပေနဲ့ အလွန်ကောင်းမွန်တဲ့ ဝမ်းတူးရိုက်ခဲ့တာဖြစ်ပါတယ်။
MESSI MAKES IT 3-0 FOR PSG
Your new digest 50
Post a Comment