Credit;
“ရည်ရွယ်မိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာအောင်မြင်ခဲ့တဲ့ ဒိုင်ယာလော့ခ်အတိုင်း အိမ်မှာနေဝင်းရဲ့လက်ရှိအခြေအနေကို ဒိုင်ယာလော့ခ်တစ်မျိုးပေးခဲ့တဲ့ အိမ့်ချစ်ချော
Snare အဖွဲ့က အဆိုတော် နေဝင်း ကတော့ လူငယ် ပရိသတ်တိုင်း ကြိုက်နှစ်သက် အားပေးရတဲ့ အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ နေဝင်းဟာ အခုဆိုရင် အိမ်ထောင်ကျပြီးခဲ့ပြီဖြစ်ပြီး သူနဲ့ ချစ်သူသက်တမ်း (၁၁) နှစ်တာချစ်ကြိုက်လာခဲ့တဲ့ ခရီးသွားဘလော်ဂါ အိမ့်ချစ်ချောနဲ့ တစ်အိုးတစ်အိမ်ထူထောင်ထားတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်သက် နှစ်နှစ်ကျော်ရှိခဲ့ပြီဖြစ်တဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ဟာ အခုအချိန်ထိ ကလေးမယူ သေးပဲ နှစ်ယောက်တည်း လွတ်လပ်တဲ့အချိန်တွေကို ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်
နေဝင်း ကတော့ လတ်တလောမှာ သူပထမဦးဆုံး အကြိမ်သရုပ်ဆောင် ခဲ့တဲ့ “ရည်ရွယ်မိုး” ရုပ်ရှင် ဇာတ်ကားကြီးထဲက ငမန်းကြီးဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေ အားပေးမှု ရရှိနေတာပဲ ဖြစ်ပါတယ်။ နေ ဝင်းက “ရည်ရွယ်မိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာ လူကြမ်း ကြီးအဖြစ် သရုပ်ဆောင်ရပေမယ့် အိမ်မှာတော့ မိန်းမ ခိုင်းတာလုပ်နေရကြောင်း “အိမ်သန့်ရှင်းရေးဆိုတာ ပြောပြရတာမဟုတ်ဘူး ရှင်းပြရတာကွ ” ဆိုပြီး နေဝင်းရဲ့ဇနီး အိမ့်ချစ်ချောက ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။
နေဝင်း ကတော့ “ရည်ရွယ်မိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာ “အချစ်ဆိုတာ လုပ်ပြရတာမဟုတ်ဘူး ချစ်ပြရတာ” ဆို တဲ့ ဒိုင်ယာလော့ခ်နဲ့ အရမ်းအောင်မြင်နေတာပဲ ဖြစ်ပါ တယ်။ ပရိသတ်ကြီးလည်း နေဝင်း သရုပ်ဆောင်ထားတဲ့ “ရည်ရွယ်မိုး” ရုပ်ရှင်ဇာတ်ကားကြီးကို အားပေးဝန်းရံ ပေးကြပါဦးနော်။
Credit;
The post “ရည်ရွယ်မိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာအောင်မြင်ခဲ့တဲ့ ဒိုင်ယာလော့ခ်အတိုင်း အိမ်မှာနေ၀င်းရဲ့လက်ရှိအခြေအနေကို ဒိုင်ယာလော့ခ်တစ်မျိုးပေးခဲ့တဲ့ အိမ့်ချစ်ချော appeared first on World info Post.
Your new digest 50
Post a Comment