Credit;
အချစ်ရေးနဲ့ပတ်သက်ပြီးဝေဖန်မှုတွေ မြင့်တက်နေပေမယ့် သူမရဲ့ခါးပေါ်မှာပရိတ်သတ်တွေ ထင်မှတ်မထားတဲ့စာသားလေးတစ်ခု တက်တူးထိုးလိုက်တဲ့ Bobby Soxer
အဆိုတော် Bobby Soxer ကတော့ သီချင်းဆိုကောင်း သလို ချစ်စရာလည်းကောင် းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ အဆိုတော် တစ်ယောက်ဖြစ်ပေမယ့် ဇာတ်ကားတွေ လည်း ရံဖန်ရံခါ ရိုက်ကူးတတ်တဲ့ Bobby Soxer ဟာ မကြာသေးခင်ကပဲ “အတုံ့အလှည့်” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ သရုပ်ဆောင်ခဲ့ သေးတာပဲ ဖြစ်ပါတယ်။
(၁၃) နှစ်ကြာ လက်တွဲခဲ့တဲ့ အဆိုတော် လွှမ်းပိုင်နဲ့ လမ်းခွဲခဲ့ပြီးနောက် မှာတော့ Bobby Soxer ဟာ သူမကိုယ်သူမ ပိုပြီး ဂရုစိုက်ဖြစ်နေပြီး အရင်ကထက်လှအောင်နေနေတယ်လို့လည်း ဆိုပါတယ်။ ဒီတစ်ခါမှာလည်း Bobby Soxer က သူမ ရဲ့ခါးပေါ်မှာ တက်တူးအသစ်လေးထိုးပြီး အရင်နဲ့မတူတဲ့ပြောင်းလဲမှုတွေပြုလုပ်နေတာကို တွေ့ရပါတယ်။
Bobby Soxer ရဲ့ ပထမဦးဆုံး တက်တူးထိုးစဉ်က လွှမ်းပိုင်က အဖော်အဖြစ် အတူတူလိုက်ပေးခဲ့ပေမယ့် ယခုတစ်ခါမှာ တော့ နှစ်ယောက်သား လမ်းခွဲခဲ့ပြီမို့ သီးခြားစီဖြစ်သွားခဲ့တာကတော့ တကယ့်ကိုစိတ်မကောင်းစရာပါပဲနော်။
Credit;
The post အချစ်ရေးနဲ့ပတ်သက်ပြီးဝေဖန်မှုတွေ မြင့်တက်နေပေမယ့် သူမရဲ့ခါးပေါ်မှာပရိတ်သတ်တွေ ထင်မှတ်မထားတဲ့စာသားလေးတစ်ခု တက်တူးထိုးလိုက်တဲ့ Bobby Soxer appeared first on World info Post.
Your new digest 50
Post a Comment