သိန်း၂၀နဲ့ကလေးရောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူမကိုပေါင်းပြီးရုပ်ရှင်ရိုက်တာလားလို့မေးတဲ့သူတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ခိုင်နှင်းဝေ

သိန်း၂၀နဲ့ကလေးရောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူမကိုပေါင်းပြီးရုပ်ရှင်ရိုက်တာလားလို့မေးတဲ့သူတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေဟာ သူမရဲ့ဂေဟာမှာ ကလေးပေါင်းများစွာကို စောင့်ရှောက်ထား တာဖြစ်ပြီး မိဘရင်းသဖွယ် ရင်အုပ်မကွာပြုစုစောင့်ရှောက်ပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခိုင်နှင်းဝေက သွေးသားရင်းကလေးတစ်ယောက်ကို သိန်း (၂၀) ကျပ်နဲ့ လာရောက်ရောင်းချတဲ့ မိဘတွေနဲ့ပတ်သက်ပြီး ဝေဖန်ကြသူတွေကို သူမဘက်ကနေ ဖြေရှင်းစရာရှိတဲ့အကြောင်းတွေကို ဖြေရှင်းလာတာတွေ့ရပါတယ်။

ခိုင်နှင်းဝေက “ကလေးကိစ္စနဲ့ ပတ်သတ်ပြီး ထောင်ချပစ်ပါဆို တဲ့ အဖွဲ့ရယ်၊ ကလေးနဲ့ မိဘ မခွဲပါနဲ့ ဆိုတဲ့ အဖွဲ့ရယ်၊ လမ်းမှန်တဲ့ပေးပါဆိုတဲ့ အဖွဲ့ရယ် အမျိုးမျိုးပြောကြတဲ့ အပြင် ကျမတို့ ကြားက ကူညီပေးတဲ့သူတွေကိုပါ ပေါင်းပြီး ရုပ်ရှင်ရိုက်ပါတယ်ဆိုပြီး ပြောတဲ့သူတွေ နဲ့ အများကြီး အစုံလင်လဲ တွေ့ရပါတယ်။ ကလေးကို အချိန်မှီ မကယ်တင်နိုင်ပဲ မသမာသူလက်ထဲ ရောက်သွားပါက ကလေးသူငယ် ကာကွယ်ရေးဆိုတဲ့ ခံစားမှုတွေတောင် မသိရပဲ ကလေးဒုက္ခရောက်သွားနိုင်ပါတယ်။ ကျမက အနုပညာရှင်ဖြစ်တဲ့ အတွက် ဆိုးတာရော ကောင်းတာရော ကျမ ဘာလုပ်လုပ် လူတကာကတော့ သိနေမှာပါ။ကျမ အနေနဲ့ ကလေးသတင်းကြားထဲက လှိုင်သာယာ အထိ လိုက်လံစုံစမ်း တားဆီးပေးခဲ့ပါတယ်။ အခြေအနေပေါ် မူတည်လုပ်ရတဲ့ အတွက် ကလေးကို အချိန်မှီ တားဆီးဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။ ကျမ အနေနဲ့ ကလေးတွေ ဂေဟာတည်ထောင်ထားပြီး ဥပဒေမသိတဲ့သူ မဟုတ်ပါဘူး။ တချို့ အရာတွေက ကျမအနေနဲ့ မျိုးစုံကြုံတွေ့ဖူးသားမို့ အခြေအနေ အရ လုပ်ရခြင်းဖြစ်ပါတယ်။ ကျမ အနေနဲ့ နာမည်ကြီးဘို့ မလိုသလို ထိရောက်ဘ်ို့သာ ဦးစားပေးသူဖြစ်ပါတယ်ရှင်..<br> Your new digest 50

Post a Comment

Previous Post Next Post