သိန်း (၂၀) နဲ့ ကလေးရောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်နေကြသူတွေကို သူမအနေနဲ့ ဂေဟာထောင်ပြီး ဥပဒေအကြောင်းမသိသူမဟုတ်ဘူးလို့ပြောလာတဲ့ ခိုင်နှင်းဝေ

သိန်း (၂၀) နဲ့ ကလေးရောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်နေကြသူတွေကို သူမအနေနဲ့ ဂေဟာထောင်ပြီး ဥပဒေအကြောင်းမသိသူမဟုတ်ဘူးလို့ပြောလာတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေသူ ခိုင်နှင်းဝေကတော့ ပရိသတ်တိုင်းချီးကျူးကြရတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ သူမရဲ့ဂေဟာမှာ ကလေးပေါင်းများစွာကို စောင့်ရှောက်ထားတာဖြစ်ပြီး မိဘရင်းသဖွယ် ရင်အုပ်မကွာပြုစုစောင့်ရှောက်ပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခိုင်နှင်းဝေက သွေးသားရင်းကလေးတစ်ယောက်ကို သိန်း (၂၀) ကျပ်နဲ့ လာရောက်ရောင်းချတဲ့ မိဘတွေနဲ့ပတ်သက်ပြီး ဝေဖန်ကြသူတွေကို သူမဘက်ကနေ ဖြေရှင်းစရာရှိတဲ့အကြောင်းတွေကို ဖြေရှင်းလာတာတွေ့ရပါတယ်။

ခိုင်နှင်းဝေက “ကလေးကိစ္စနဲ့ ပတ်သတ်ပြီး ထောင်ချပစ်ပါဆို တဲ့ အဖွဲ့ရယ်၊ ကလေးနဲ့ မိဘ မခွဲပါနဲ့ ဆိုတဲ့ အဖွ့ဲရယ်၊ လမ်းမှန်တဲ့ပေးပါဆိုတဲ့ အဖွဲ့ရယ် အမျိုးမျိုးပြောကြတဲ့ အပြင် ကျမတို့ ကြားက ကူညီပေးတဲ့သူတွေကိုပါ ပေါင်းပြီး ရုပ်ရှင်ရိုက်ပါတယ်ဆိုပြီး ပြောတဲ့သူတွေ နဲ့ အများကြီး အစုံလင်လဲ တွေ့ရပါတယ်။ ကလေးကို အချိန်မှီ မကယ်တင်နိုင်ပဲ မသမာသူလက်ထဲ ရောက်သွားပါက ကလေးသူငယ် ကာကွယ်ရေးဆိုတဲ့ ခံစားမှုတွေတောင် မသိရပဲ ကလေးဒုက္ခရောက်သွားနိုင်ပါတယ်။ ကျမက အနုပညာရှင်ဖြစ်တဲ့ အတွက် ဆိုးတာရော ကောင်းတာရော ကျမ ဘာလုပ်လုပ် လူတကာကတော့ သိနေမှာပါ။ကျမ အနေနဲ့ ကလေးသတင်းကြားထဲက လှိုင်သာယာ အထိ လိုက်လံစုံစမ်း တားဆီးပေးခဲ့ပါတယ်။ အခြေအနေပေါ် မူတည်လုပ်ရတဲ့ အတွက် ကလေးကို အချိန်မှီ တားဆီးဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။ ကျမ အနေနဲ့ ကလေးတွေ ဂေဟာတည်ထောင်ထားပြီး ဥပဒေမသိတဲ့သူ မဟုတ်ပါဘူး။ တချို့ အရာတွေက ကျမအနေနဲ့ မျိုးစုံကြုံတွေ့ဖူးသားမို့ အခြေအနေ အရ လုပ်ရခြင်းဖြစ်ပါတယ်။ ကျမ အနေနဲ့ နာမည်ကြီးဘို့ မလိုသလို ထိရောက်ဘ်ု့ိသာ ဦးစားပေးသူဖြစ်ပါတယ်ရှင်..<br> Your new digest 50

Post a Comment

Previous Post Next Post