အိန္ဒြာကျော်ဇင် ရဲ့တူမတော်စပ်သူ ပရိသတ်အချစ်တော် မင်းသမီးလေး မေတိုးခိုင်ရဲ့ ဘဝအကြောင်း

Unicode Version

သရုပ်ဆောင် မေတိုးခိုင် ကတော့မေလ၇ရက်နေ့၁၉၉၅ခုနှစ်မှာဖေဖေဦးတိုးခိုင်နဲ့မေမေဒေါ်အိကျော်ဇင် တို့မှ ရန်ကုန်ဆေးရုံကြီးမှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းညီအစ်မ၃ယောက်ရှိတဲ့အနက်မှာ မေတိုးခိုင်ကအကြီးဆုံးသမီးပဲဖြစ်ပါတယ်။

မေတိုးခိုင် ဟာ အကယ်ဒမီများရှင်မင်းသမီးကြီးဖြစ်တဲ့အိန္ဒြာကျော်ဇင်ခေါ် အူဝဲရဲ့တူမအရင်းလည်းဖြစ်ပါတယ်။ သူမရဲ့အန်တီနဲ့တူတဲ့အရည်အချင်းတွေကြောင့်သူမရဲ့သရုပ်ဆောင်အရည်အချင်းပိုင်းကတော့ပြောစရာကိုမလိုဘူးနော်၊အဒေါ်ဖြစ်သူရဲ့ရိုက်ကူးရေးတွေနောက်ကို ငယ်ငယ်ကလိုက်လည်လေ့ရှိတာကြောင့် အနုပညာနဲ့အကင်းသက်သက်ကြီးရှိနေတဲ့သူမဟုတ်ပါဘူး။ နိုင်ငံကျော်အဆိုတော် ဟေမာနေဝင်း ကသူမရဲ့အဖွားလေးတော်စပ်ပြီး သရုပ်ဆောင် ရာဇာနေဝင်း ကတော့သူမရဲ့အဖိုးလေးတော်စပ်ပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့ခင်ပွန်းဖြစ်သူ မင်းသား ပြေတီဦး နဲ့ဆိုရင် ဦးလေးတော်စပ်ပါသေးတယ်။ မေလမှာ မွေးဖွားခဲ့လို့ နာမည်ရဲ့အစမှာ ” မေ” ဆိုပြီးတော့ထည့်မှည့်ထားပါတယ်။

မေတိုးခိုင် ကတော့ သရုပ်ဆောင်မှုပိုင်းမှာတင်မကပဲ မော်ဒယ်၊ကြော်ငြာ၊သီချင်းတွေမှာပါလက်ခံရိုက်ကူးရပါတယ်။ သူမက နိုင်ငံခြားမှာဖက်ရှင်ဘာသာရပ်ကိုသင်ယူခဲ့ပါတယ်။ သူမက၂၀၁၈ခုနှစ်မှာအကယ်ဒမီရွှေကြိုအဖြစ်နဲ့လဲ ပါဝင်ခွင့်ရခဲ့သူပါ။ ၂၀၁၉ခုနှစ်မှာပြသခဲ့တဲ့ “ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားကြီးမှာလဲ သရုပ်ဆောင်နေတိုး၊တီတီအူဝဲတို့နဲ့လဲ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ၂၀၁၈ခုနှစ်မှာလဲ သရုပ်ဆောင် နော်ဖောအယ်ထား နဲ့အတူ “ဒဏ္ဍရီမြန်မာပုဂံသို့” ဆိုတဲ့ ခရီးသွားအစီအစဉ်မှာ ပါဝင်ရိုက်ကူးထားပြီးတော့”ကလေးအသားခါးသည်” ပညာပေးဇာတ်လမ်းတိုမှာလဲသတင်းထောက်နေရာကနေပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

အချိန်တိုင်းအားပေးနေတဲ့ Celodia Media စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ အနုပညာရှင်တွေရဲ့ Update သတင်းတွေအပြင် တခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ဂန္တဝင်အနုပညာရှင်ကြီးများ ၊ အဆိုတော်များ နဲ့ နယ်ပယ်စုံအလွှာစုံ က အနုပညာရှင်အသီးသီး တို့ရဲ့ ဘဝအကြောင်းတွေကို လေ့လာသိရှိရသလောက် ဖော်ပြပေးအုန်းမှာဖြစ်လို့ စောင့်ကြည့်အားပေးကြပါအုန်းနော်…။

ZawGyi Version

အိျႏၵာေက်ာ္ဇင္ ရဲ႕တူမေတာ္စပ္သူ ပရိသတ္အခ်စ္ေတာ္ မင္းသမီးေလး ေမတိုးခိုင္ရဲ႕ ဘဝအေၾကာင္း

သ႐ုပ္ေဆာင္ ေမတိုးခိုင္ ကေတာ့ေမလ၇ရက္ေန႔၁၉၉၅ခုႏွစ္မွာေဖေဖဦးတိုးခိုင္နဲ႔ေမေမေဒၚအိေက်ာ္ဇင္ တို႔မွ ရန္ကုန္ေဆး႐ုံႀကီးမွာ ေမြးဖြားခဲ့ပါတယ္။ ေမြးခ်င္းညီအစ္မ၃ေယာက္ရွိတဲ့အနက္မွာ ေမတိုးခိုင္ကအႀကီးဆုံးသမီးပဲျဖစ္ပါတယ္။

ေမတိုးခိုင္ ဟာ အကယ္ဒမီမ်ားရွင္မင္းသမီးႀကီးျဖစ္တဲ့အိျႏၵာေက်ာ္ဇင္ေခၚ အူဝဲရဲ႕တူမအရင္းလည္းျဖစ္ပါတယ္။ သူမရဲ႕အန္တီနဲ႔တူတဲ့အရည္အခ်င္းေတြေၾကာင့္သူမရဲ႕သ႐ုပ္ေဆာင္အရည္အခ်င္းပိုင္းကေတာ့ေျပာစရာကိုမလိုဘူးေနာ္၊အေဒၚျဖစ္သူရဲ႕႐ိုက္ကူးေရးေတြေနာက္ကို ငယ္ငယ္ကလိုက္လည္ေလ့ရွိတာေၾကာင့္ အႏုပညာနဲ႔အကင္းသက္သက္ႀကီးရွိေနတဲ့သူမဟုတ္ပါဘူး။ ႏိုင္ငံေက်ာ္အဆိုေတာ္ ေဟမာေနဝင္း ကသူမရဲ႕အဖြားေလးေတာ္စပ္ၿပီး သ႐ုပ္ေဆာင္ ရာဇာေနဝင္း ကေတာ့သူမရဲ႕အဖိုးေလးေတာ္စပ္ပါတယ္။ အိျႏၵာေက်ာ္ဇင္ရဲ႕ခင္ပြန္းျဖစ္သူ မင္းသား ေျပတီဦး နဲ႔ဆိုရင္ ဦးေလးေတာ္စပ္ပါေသးတယ္။ ေမလမွာ ေမြးဖြားခဲ့လို႔ နာမည္ရဲ႕အစမွာ ” ေမ” ဆိုၿပီးေတာ့ထည့္မွည့္ထားပါတယ္။

ေမတိုးခိုင္ ကေတာ့ သ႐ုပ္ေဆာင္မႈပိုင္းမွာတင္မကပဲ ေမာ္ဒယ္၊ေၾကာ္ျငာ၊သီခ်င္းေတြမွာပါလက္ခံ႐ိုက္ကူးရပါတယ္။ သူမက ႏိုင္ငံျခားမွာဖက္ရွင္ဘာသာရပ္ကိုသင္ယူခဲ့ပါတယ္။ သူမက၂၀၁၈ခုႏွစ္မွာအကယ္ဒမီေ႐ႊႀကိဳအျဖစ္နဲ႔လဲ ပါဝင္ခြင့္ရခဲ့သူပါ။ ၂၀၁၉ခုႏွစ္မွာျပသခဲ့တဲ့ “႐ူးေအာင္ခ်စ္မယ့္လူ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလဲ သ႐ုပ္ေဆာင္ေနတိုး၊တီတီအူဝဲတို႔နဲ႔လဲ ပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။ ၂၀၁၈ခုႏွစ္မွာလဲ သ႐ုပ္ေဆာင္ ေနာ္ေဖာအယ္ထား နဲ႔အတူ “ဒ႑ရီျမန္မာပုဂံသို႔” ဆိုတဲ့ ခရီးသြားအစီအစဥ္မွာ ပါဝင္႐ိုက္ကူးထားၿပီးေတာ့”ကေလးအသားခါးသည္” ပညာေပးဇာတ္လမ္းတိုမွာလဲသတင္းေထာက္ေနရာကေနပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။

အခ်ိန္တိုင္းအားေပးေနတဲ့ Celodia Media စာဖတ္ပရိသတ္ေတြကို ေက်းဇူးအထူးတင္ရွိပါတယ္။ အႏုပညာရွင္ေတြရဲ႕ Update သတင္းေတြအျပင္ တေခတ္တစ္ခါက နာမည္ေက်ာ္ၾကားခဲ့တဲ့ ဂႏၲဝင္အႏုပညာရွင္ႀကီးမ်ား ၊ အဆိုေတာ္မ်ား နဲ႔ နယ္ပယ္စုံအလႊာစုံ က အႏုပညာရွင္အသီးသီး တို႔ရဲ႕ ဘဝအေၾကာင္းေတြကို ေလ့လာသိရွိရသေလာက္ ေဖာ္ျပေပးအုန္းမွာျဖစ္လို႔ ေစာင့္ၾကည့္အားေပးၾကပါအုန္းေနာ္…။

The post အိန္ဒြာကျော်ဇင် ရဲ့တူမတော်စပ်သူ ပရိသတ်အချစ်တော် မင်းသမီးလေး မေတိုးခိုင်ရဲ့ ဘဝအကြောင်း appeared first on Celodia.


Your new digest 50

Post a Comment

Previous Post Next Post