၂၅.၅.၂၀၂၆ မှ ၃၁.၅.၂၀၂၆ အထိ သောကြာသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း

သောကြာသားသမီးများသည် ဒီကာလတွင် လုပ်ငန်းကြီးများကို တာဝန်ယူလုပ်ကိုင်ရတတ်သည်။ အလုပ်နှစ်မျိုးတာဝန်နှစ်မျိုး ပူးတွဲထမ်းဆောင်ရမည့်ကိစ္စများ ကြုံတွေ့ရတတ်သည်။

အမှုအခင်း၊ ရုံးပြင်ကနားတို့နှင့် ပတ်သက်ဆက်နွယ်ရတတ်သည်။ ပြတ်ပြတ်သားသားဆုံးဖြတ်ရမည့်ကိစ္စများ ပေါ်ပေါက်လိမ့်မည်။ အခက်အခဲများရှိသော်လည်း အားလုံးအဆင်ပြေချောမွေ့လိမ့်မည်။

လူချီးမွမ်းခြင်း ခံရတတ်သည်။ အလုပ်အပြောင်းအရွှေ့၊ အိမ်အပြောင်းအရွှေ့များ ကြုံတွေ့လိမ့်မည်။ ခရီးဝေးများ သွားရလိမ့်မည်။ မင်းအစိုးရ၏ ချီးမြှင့်မြှောက်စားခြင်းကို ခံရတတ်သည်။ ငွေကြေးအလုံးအရင်းနှင့် ဝင်ရောက်ရတတ်သည်။ အလှူအတန်းတစ်ခုခု ပြုလုပ်ရလိမ့်မည်။ ဆရာသမား၊ ကြီးကဲသူ၊ ဘာသာရေးနှင့်ပတ်သက်သောပုဂ္ဂိုလ်များ၏ အကူအညီကောင်းပေးမှုကို ရရှိလိမ့်မည်။ ဘုရားဖူးခရီးများလည်း ထွက်ရတတ်သည်။

မိမိအိမ်သို့ ဘာသာရေးနှင့်ပတ်သက်သော အသုံးအဆောင်ပစ္စည်းများ ရောက်ရှိလာရတတ်သည်။ အလုပ်အင်တာဗျူးကိစ္စများ အောင်မြင်လိမ့်မည်။ ၂၉ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံဇာတာညံ့ရတတ်သည်။ ငွေလိမ်ခံရတတ်သည်။ သတိထားပါ။ တစ်စုံတစ်ယောက်က မိမိ၏ဂုဏ်သိက္ခာကို ညိုးနွမ်းအောင်ပြုလုပ်လာတတ်သည်။ မိမိနေအိမ်၌ မကောင်းသောအညံ့အခိုက်များ ရှိနေတတ်သည်။ ပရိတ်ရေဖြင့် ပက်ဖြန်းလိုက်ပါ။ ခေါင်းကိုက်ဝေဒနာများ ခံစားရတတ်သည်။

မိဘကျန်းမာရေးအညံ့ကြုံ၍ ဆေးဖိုးဝါးခအဖြစ် ငွေကုန်ကြေးကျများပြားရတတ်သည်။ ကြီးကဲသူများနှင့် ဆက်ဆံရေးအဆင်မပြေဖြစ်ရတတ်သည်။ မိမိရသင့်ရထိုက်သော အခွင့်အရေးများတွင် နစ်နာမှုများကြုံလာရတတ်သည်။ အိမ်တွင်းရေး အဆင်မပြေဖြစ်ရတတ်သည်။ မိတ်ဆွေရင်းတစ်ဦး၏ မကောင်းကြံခြင်းကိုခံရတတ်သည်။ ရန်ပွဲတစ်ပွဲ ကြုံရတတ်ပါသည်။ သည်းခံလိုက်ပါ။

လူမှုရေးတွင် လူအများ၏ ချစ်ကြောက်ရိုသေခြင်းကို ခံရတတ်သည်။

အချစ်ရေးတွင် အဖေ သို့မဟုတ် အစ်ကိုတို့ကြောင့် စိတ်ညစ်စိတ်သောကရောက်ရတတ်သည်။

အိပ်မက်
တရားသဘင်အစည်းအဝေးများကို အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၁-၅-၄

ယတြာ
ဘာသာရေးဆိုင်ရာ အကြီးအကဲတစ်ဦးဦးကို စားစရာတစ်ခုခု လှူဒါန်းလိုက်ပါ။

The post ၂၅.၅.၂၀၂၆ မှ ၃၁.၅.၂၀၂၆ အထိ သောကြာသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း appeared first on .



Your new digest 49

Post a Comment

Previous Post Next Post