၂၅.၅.၂၀၂၆ မှ ၃၁.၅.၂၀၂၆ အထိ စနေသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း

စနေသားသမီးများသည် ဒီကာလတွင် ကံကြမ္မာအပြောင်းအလဲများ ဖြစ်ပေါ်လိမ့်မည်။ ထေ့ငေါ့ကြန့်ကြာနေသောကိစ္စများ၊ ပိတ်ဆို့နေသောလုပ်ငန်းများ ပြေလည်ပွင့်လင်းသွားလိမ့်မည်။

ရပ်ဝေးမှ စာအဆက်အသွယ်၊ အချိတ်အဆက်ကောင်းများနှင့် ချိတ်ဆက်မိလိမ့်မည်။ စာချုပ်စာတမ်းကိစ္စများ အဆင်ပြေအောင်မြင်လိမ့်မည်။ သိုက်ဆက်၊ ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်များ၏ ကူညီမစမှုကို ရရှိလိမ့်မည်။

ပညာရေးနှင့်ပတ်သက်ပြီး သင်တန်းကောင်းများတက်ရောက်ရခြင်း၊ စာမေးပွဲများအောင်မြင်စွာဖြေဆိုနိုင်ခြင်းတို့ ကြုံတွေ့လိမ့်မည်။ အလုပ်အင်တာဗျူးကိစ္စများလည်း အဆင်ပြေပြေနှင့် အောင်မြင်စွာဖြေဆိုနိုင်လိမ့်မည်။

ပြည်ပခရီး၊ နိုင်ငံရပ်ခြားခရီးများလည်း ထွက်ရတတ်သည်။ အိမ်အပြောင်းအရွှေ့၊ အလုပ်အပြောင်းအရွှေ့များ ဖြစ်ပေါ်လိမ့်မည်။ အိုးသစ်အိမ်သစ်များ စတင်ဆောက်လုပ်ရတတ်သည်။ ထူးခြားဆန်းကြယ်သော ဓာတ်ပုံများ၊ ရုပ်ပုံကားချပ်များ ရောက်ရှိလာလိမ့်မည်။ ရာထူးတက်ခြင်း၊ လာဘ်ရွှင်ခြင်းတို့ ဖြစ်ပေါ်လိမ့်မည်။ ရပ်ဝေးရှိ ဆွေမျိုးမိတ်ဆွေများနှင့် ပြန်လည်ဆုံတွေ့ရတတ်သည်။ ကွဲကွာနေသော သူငယ်ချင်းဟောင်းများနှင့် အမှတ်မထင် ပြန်လည်ဆုံဆည်းရတတ်သည်။

၂၉ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံဇာတာနိမ့်ကျရတတ်သည်။ မိမိ၏အိမ်ထောင်ဖက် ဖျားနာရတတ်သည်။ ရေနှင့်ပတ်သက်ပြီး စိတ်ညစ်စိတ်သောကရောက်ရတတ်သည်။ သူတစ်ပါးအတွက် ငွေကြေးစိုက်ထုတ်လျော်ရတတ်သည်။ ငွေလိမ်ခံရတတ်သည်။ သတိထားပါ။ လက်တစ်ဖက် နာကျင်ကိုက်ခဲရတတ်သည်။ တစ်စုံတစ်ယောက်၏ လိမ်ညာလှည့်စားခြင်းကိုခံရတတ်သည်။ မိမိအိမ်အနီးအနားတွင် မီးလောင်ခြင်း၊ မီးလန့်ခြင်းတို့ ဖြစ်ပွားရတတ်သည်။ သတိထားပါ။ အကြီးအကဲများ၏ အထင်လွဲခြင်းကိုခံရတတ်သည်။ အလုပ်၌ ရန်ပေါ်ရတတ်သည်။ အိမ်တွင်းရေးမသာမယာ ဖြစ်ရတတ်ပါသည်။

လူမှုရေးတွင် လူအများကြားတွင် ထင်ပေါ်နေရတတ်သည်။

အချစ်ရေးတွင် စိတ်ဆိုးစိတ်ကောက်မှုများရှိသော်လည်း ပြန်လည်အဆင်ပြေသွားရတတ်သည်။

အိပ်မက်
ဝိဇ္ဇာများနှင့်စကားပြောဆိုရသည်ဟု အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၀-၁-၆

ယတြာ
မိမိတတ်နိုင်သလောက် ပံ့သကူပစ်ပေးပါ။

The post ၂၅.၅.၂၀၂၆ မှ ၃၁.၅.၂၀၂၆ အထိ စနေသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း appeared first on .



Your new digest 49

Post a Comment

Previous Post Next Post