ကြာသပတေးသားသမီးများသည် ဒီကာလတွင် ရှေ့တိုးရခက်နောက်ဆုတ်ရခက် ကျဥ်းထဲကျပ်ထဲအခြေအနေများ ကြုံတွေ့ရတတ်သည်။ လုပ်ငန်းများ၊ ရည်ရွယ်ချက်များ ရှေ့မဆက်နိုင်ဖြစ်ရတတ်သည်။
ခြေထောက်ပိုင်း ထိခိုက်အနာတရရရှိခြင်း၊ ခွဲစိတ်ကုသမှုနှင့်ကြုံတွေ့ရခြင်းတို့ ဖြစ်ပွားရတတ်သည်။ သွေးထွက်သံယိုဖြစ်ရတတ်သည်။ လုပ်ငန်းကိစ္စများ တိုးလိုးတန်းလန်းဖြစ်ရတတ်သည်။
ငွေကြေးလာဘ်လာဘများဝင်သော်လည်း အဖတ်မတင်ဖြစ်ရတတ်သည်။ နေအိမ်အနီး၌ နာရေးကိစ္စများပေါ်ပေါက်ပါက သွားရောက်ခြင်းမပြုပါနှင့်။ လာဘ်ပိတ်ရတတ်၏။ သူတစ်ပါး၏ အကြောင်းမဲ့စွပ်စွဲပြောဆိုခြင်းကို ခံရတတ်သည်။ ကျန်းမာရေးမှာလည်း တစ်ခုပြီးတစ်ခု ညံ့ရတတ်သည်။ ဟိုဟာလုပ်ရကောင်းနိုးနိုး ဒီဟာလုပ်ရကောင်းနိုးနိုးနှင့် အချိန်ကုန်သွားရတတ်၏။ အလုပ်ထဲ၌ ပြဿနာတစ်စုံတရာဖြစ်ပွားပြီး အလုပ်ပြုတ်မလိုဖြစ်ရတတ်သည်။
ငွေကြေးကိစ္စ၊ ကြွေးကိစ္စများ ဆုံးရှုံးနစ်နာရတတ်သည်။ အလုပ်ထဲ၌ စိတ်မဝင်စားသကဲ့သို့ဖြစ်ပြီး အလုပ်ထွက်ချင်စိတ်များ ပေါ်ပေါက်နေရတတ်သည်။ မိမိထက်ကြီးသောသူများနှင့် စကားများရန်အတိုက်အခံ ဖြစ်ရတတ်သည်။ ၂၈ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံဇာတာအခွင့်အလမ်းကောင်းများနှင့် ကြုံတွေ့လိမ့်မည်။
လုပ်ငန်းအကြံအစည်သစ်များလည်း ပေါ်ထွက်လိမ့်မည်။ ငွေကြေးရှာဖွေရ လွယ်ကူလိမ့်မည်။ စက်ပစ္စည်းများ ဝင်ရောက်လိမ့်မည်။ ပညာရပ်ထူးများ သင်ယူသင်ကြားရတတ်သည်။ မိတ်ဆွေဆရာသမားတို့၏ ကူညီမစမှုကို ရရှိလိမ့်မည်။ ကောင်းသောခရီး၊ ရပ်ဝေးခရီးများ သွားရတတ်သည်။ လက်ဆောင်ပစ္စည်းများ ရရှိလိမ့်မည်။ ပညာရေးကိစ္စ၊ သင်တန်းရေးရာကိစ္စများ အဆင်ပြေအောင်မြင်လိမ့်မည်။ အထက်ပုဂ္ဂိုလ်များ၏ ကူညီစောင်မမှုကိုလည်း ရရှိရတတ်သည်။ လုပ်ငန်းသစ်၊ နေရာသစ်များ၌ အခြေချလုပ်ကိုင်ရတတ်ပါသည်။
လူမှုရေးတွင် လူအများ၏ ကောင်းမှုမကောင်းမှုကိစ္စများ၌ ဝင်မပါဘဲ မိမိဘာသာ တစ်ယောက်တည်းနေနိုင်ပါက ပို၍အကျိုးရှိသောကာလဖြစ်သည်။
အချစ်ရေးတွင် ချစ်သူနှင့်ဝေးကွာစွာနေထိုင်ရ၍ အထီးကျန်ရတတ်သည်။
အိပ်မက်
သူတော်ကောင်းများနှင့် တရားစကားများဆွေးနွေးရသည်ဟု အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၂-၃-၉
ယတြာ
ဘုရားစေတီများ၌ လျှပ်စစ်မီးအတွက် အလှူဒါနလှူဒါန်းပေးပါ။
The post ၂၅.၅.၂၀၂၆ မှ ၃၁.၅.၂၀၂၆ အထိ ကြာသပတေးသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း appeared first on .
Your new digest 49
Post a Comment