ကျရိပ်များနေတဲ့ ကမ္ဘာ့ရွှေဈေးနဲ့ ဆက်တိုက် ပြန်ကျလာတဲ့ ပြည်တွင်း ရွှေဈေး…

အမေရိကန်ဗဟိုဘဏ်အနေဲ့ အတိုးနှုန်းတွေကို ဒီနှစ်ထဲ နောက်တစ်ကြိမ် မြှင့်တင်လာနိုင်မလား ဆိုတာကို အဆုံးအဖြတ် ပေးနိုင်တဲ့

ငွေဖောင်းပွမှုညွှန်းကိန်း ထွက်မလာခင် ဒီနေ့ ကမ္ဘာ့ရွှေဈေးက အကျတန်းမှာ ဆက် ရှိနေပါတယ်။

ကမ္ဘာ့ရွှေပေါက်ဈေးက တစ်အောင်စကို ၁၉၁၄ ဒေါ်လာဝန်းကျင်နဲ့ အမေရိကန်ရွှေကြိုပွိုင့်ကလည်း ၁၉၃၂.၂၀ ဒေါ်လာဈေးမှာ ရှိနေပြီး ဈေးနှစ်မျိုးစလုံး ဝ.၂ % ခန့်စီ ကျဆင်းနေပါတယ်။

တချိန်တည်းမှာ ရွှေရဲ့ဆန့်ကျင်ဘက် ဖြစ်တဲ့ အမေရိကန်ဒေါ်လာက ၁၀ လအတွင်း အမြင့်ဆုံးကို ရောက်နေပြီး အမေရိကန်ငွေတိုက်စာချုပ်တန်ဖိုးတွေလည်း အမြင့်ပိုင်းမှာ ရှိနေပါတယ်။

လေ့လာသူတွေက အမေရိကန်ဗဟိုဘဏ်အနေနဲ့ နောက်သုံးလအတွင်း အတိုးနှုန်း တစ်ကြိမ် ထပ်မြှင့်နိုင်တယ် လို့ ခန့်မှန်းထားပြီး ရင်းနှီးမြှုပ်နှံသူတွေကလည်း ဒါကို ဖြစ်တန်ချေ ၅၀ % ရှိတယ်လို့ သုံးသပ်ထားပါတယ်။

တကယ်လို့သာ ငွေဖောင်းပွမှု လျော့ပြီး အတိုးနှုန်း ဆက်မြှင့်မယ်ဆိုရင် ဒေါ်လာအတက်၊ ရွှေအကျ ဖြစ်လာပြီး ရွှေဈေးကွက်အပေါ် ဖိအားတွေ ပိုများလာနိုင်ပါတယ်

ကမ္ဘာ့ရွှေဈေးကွက်မှာ အဲဒီလို ဖိအားတွေ များနေချိန်အတွင်း မြန်မာပြည်တွင်းမှာလည်း အရင်လက အမြင့်ဆုံး စံချိန်တင်ခဲ့တဲ့ ရွှေဈေးက အခု စက်တင်ဘာလကုန်ပိုင်းမှာ တရိပ်ရိပ် ပြန်ကျနေပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၆ ရက်၊ အခေါက်ရွှေ အဖွင့်ဈေးက တစ်ကျပ်သားကို ၃၄ သိန်း ၃ သောင်းဝန်းကျင်သာ ရှိတော့တာကြောင့် မနေ့က ဖြစ်ပေါ်ခဲ့တဲ့ ၃၄ သိန်း ၇ သောင်းထက် ကျလာတာ တွေ့ရပါတယ်။ (အရောင်းအဝယ်လုပ်နေတုန်း ကျပ် ၃၄ သိန်းအောက်အထိ ကျခဲ့ပြီး ၃၄ သိန်းဈေးတန်း အပေါ်အောက်မှာ အတက်အကျ လှုပ်ရှားခဲ့ပါတယ်)

ရွှေဈေးကို ရှေ့လတွေမှာလည်း ဆက်ကျနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

The post ကျရိပ်များနေတဲ့ ကမ္ဘာ့ရွှေဈေးနဲ့ ဆက်တိုက် ပြန်ကျလာတဲ့ ပြည်တွင်း ရွှေဈေး… appeared first on Achawlaymyar.



Your new digest 49

Post a Comment

Previous Post Next Post