ကမ္ဘာကျော်တရုတ်အက်ရှင်မင်းသားကြီး ဂျက်လီဟာ မတ်လ ၄ ရက်နေ့က ဘာသာရေးဆိုင်ရာဟောပြောပွဲတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ သူ့အငယ်ဆုံးသမီးဖြစ်သူ စိတ်ဓာတ်ကျနေတဲ့အချိန် ဖခင်တစ်ယောက်တာဝန်မကျေပွန်ခဲ့သလိုဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်း ထုတ်ပြောပြခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ဂျာဒါက အသက် ၇ နှစ်အရွယ်မှာ စိတ်ကျရောဂါပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက ဂျာဒါဟာ ကျောင်းကပြန်ရောက်တာနဲ့ အခန်းထဲပိတ်နေခဲ့တယ်။ သူ့အဖေကိုလည်း စကားမပြောခဲ့ဘူးလို့ သိရပါတယ်။
အဲ့ဒီတုန်းက ဂျာဒါကို ဂရုစိုက်မယ့်အစား ပရဟိတအလုပ်တွေပဲ လုပ်နေခဲ့တယ်။အပြစ်မကင်းသလိုခံစားခဲ့ရတယ်လို့ ဂျက်လီက ပြောပါတယ်။ နောက်တော့ သူ့သမီးအပေါ် ချဉ်းကပ်ပုံပြောင်းလဲခဲ့တယ်။ စိတ်ကျရောဂါတွန်းလှန်တဲ့အချိန် အဖော်ပြုပေးခဲ့တယ်။ သမီးဖြစ်သူ လုပ်ချင်တဲ့အရာနဲ့ပတ်သက်ပြီး မပြောခဲ့ဘူး။ သူ လုပ်တဲ့အတိုင်း လိုက်နာခဲ့တယ်။ လူတစ်ယောက်အပေါ် ဘယ်လိုနားထောင်ပေးရမလဲဆိုတာ ဂျာဒါက သင်ပေးခဲ့တယ်လို့လည်း ဂျက်လီက ဆိုပါတယ်။
ဂျာဒါက စိတ်ကျရောဂါကနေ ပြန်လည်ကောင်းမွန်လာဖို့ နှစ်တော်တော်ကြာခဲ့ပါတယ်။ စိတ်ရောဂါဆရာဝန်နဲ့ ပြရတယ်။ တရားထိုင်တယ်။ ဗုဒ္ဓဘာသာကို လိုက်စားခဲ့တယ်။ ဖခင်ဖြစ်သူနဲ့ ခရီးတူတူထွက်ခဲ့တယ်။ ဗုဒ္ဓဘာသာအကြောင်းလေ့လာသင်ယူဖို့ ၃ နှစ်ကြာ တရုတ်နိုင်ငံတစ်ဝှမ်းသွားရောက်ခဲ့ပါတယ်။ ဂျက်လီက အခြားအရာတွေကို ဘေးဖယ်ထားပြီး လိုအပ်ချိန်တိုင်း အမြဲရှိနေပေးဖြစ်ခဲ့ပါတယ်။
ဂျက်လီမှာ ပထမအိမ်ထောင်နဲ့ရတဲ့ သမီး ၂ ယောက်နဲ့ ဒုတိယအိမ်ထောင်နဲ့ရတဲ့ သမီး ၂ ယောက်ရှိပါတယ်။ ဂျာဒါက ဒုတိယအိမ်ထောင်နဲ့ရတဲ့ သမီးဖြစ်ပါတယ်။
Ref: Jet Li felt guilty when daughter had depression: ‘I was doing charity work outside and neglected my family’
WL (ရိုးရာလေး)
The post အငယ်ဆုံးသမီးဖြစ်သူ စိတ်ကျရောဂါခံစားရတဲ့အချိန်က အပြစ်မကင်းသလိုခံစားခဲ့ရတယ်ဆိုတဲ့ မင်းသားကြီး ဂျက်လီ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment