ဝက်ဝံရန်ကနေ ကလေးငယ်လေးကို ကာကွယ်ပေးခဲ့လို့ ဂုဏ်ပြုဆုချီးမြှင့်ခံရ တဲ့ ခွေးလေး

အခုလအစောပိုင်းမှာ ဝက်ဝံတစ်ကောင်ရဲ့တိုက်ခိုက်မှုရန်ကနေ ကလေးငယ်တစ်ဦးကို ကာကွယ်ပေးခဲ့တဲ့ ခွေးလေးတစ်ကောင်ဟာ သူ့ရဲ့ရဲစွမ်းသတ္တိအတွက် တရားဝင်အသိအမှတ်ပြုခံခဲ့ရပါတယ်။ ကွန်နက်တီကပ်ပြည်နယ်က အရာရှိတွေက ဇူလိုင်၁၇ ရက်နေ့မှာ ဂျက်ဖရီ တာဇ်ဇရာရဲ့ ခွေးလေး Husky မျိုးစပ်ခွေး Bella ကို ဥပဒေပြုရေးဆိုင်ရာ ဂုဏ်ပြုဆုကို ပေးအပ်ခဲ့ပါတယ်။

Bellaက သူ့ရဲ့ ရဲစွမ်းသတ္တိရှိတဲ့လုပ်ရပ်ကို ဇူလိုင်၄ ရက်နေ့က ပြသခဲ့တာပါ။ Bella ဟောင်နေတာကို သခင်ဖြစ်သူ ဂျက်ဖရီ ကြားတဲ့အချိန်မှာ ပါတီပွဲဆီသွားဖို့ အဆင်သင့်ဖြစ်နေခဲ့တာပါ။ အရင်က ဟောင်နေကျအသံမျိုးမဟုတ်ခဲ့ပါဘူး။ အနက်ရောင်ဝက်ဝံတစ်ကောင် ရုတ်တရက်ပေါ်လာပြီး ကလေးဆီကို အမြန်နှုန်းနဲ့ ပြေးလာနေတဲ့တဲ့အချိန်မှာ ဂျက်ဖရီရဲ့သားငယ်လေးက အိမ်အပြင်ဘက် ကားလမ်းမှာ ရပ်နေတာကို ဂျက်ဖရီရဲ့CCTV က ဗီဒီယိုမှာ တွေ့ရပါတယ်။

သားငယ်လေးက ဝက်ဝံမြင်ပြီး နောက်ဆုတ်သွားတဲ့အခါမှာ Bella က ခြံထဲကနေ ပြေးလာပြီး ဝက်ဝံကို လိုက်လံဖမ်းဆီးခဲ့ပါတယ်။ ဝက်ဝံက ကြောက်လန့်ပြီးတော့ ကလေးဆီကနေ ပြန်လှည့်သွားကာ ထွက်ပြေးသွားပါတယ်။

ဂျက်ဖရီက Bella ရဲ့ ရဲစွမ်းသတ္တိအတွက် နောက်တစ်ခေါက်မိသားစုညစာစားပွဲမှာ အမဲသားစတိတ်ကင်နဲ့ ဆုချဖို့ စီစဉ်ခဲ့တယ်လို့ ပြောပါတယ်။ Bella က ခွေးအများစုလိုချင်တဲ့ ဘဝမျိုးမှာ နေထိုင်ရပါတယ်။ သူ လိုချင်တာ၊ သူ လုပ်ချင်တာ ရတယ်လို့လည်း ဂျက်ဖရီက ဆိုထားပါတယ်။

Ref: Family dog honored after protecting boy from charging bear

WL (ရိုးရာလေး)

The post ဝက်ဝံရန်ကနေ ကလေးငယ်လေးကို ကာကွယ်ပေးခဲ့လို့ ဂုဏ်ပြုဆုချီးမြှင့်ခံရ တဲ့ ခွေးလေး appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post