တရုတ်နိုင်ငံမှာ မကြာသေးခင်က ကျင်းပသွားခဲ့တဲ့ မင်္ဂလာပွဲတစ်ခုကတော့ အမြွှာစုံတွဲ ၂ တွဲမင်္ဂလာဆောင်ဖြစ်ပြီး အဲ့ဒီအမြွှာစုံတွဲ ၂ တွဲရဲ့ မင်္ဂလာဆောင်ဓာတ်ပုံက မကြာသေးခင်ကမှ လူမှုကွန်ယက်မှာ ပျံ့နှံ့လို့နေပါတယ်။
ထူးခြားတာက အဲ့ဒီအမြွှာစုံတွဲ ၂ တွဲမှာ အမြွှာဦးလေးတွေရှိကြတယ်ဆိုတာပါပဲ။ သူတို့တွေကလည်း မင်္ဂလာပွဲနေ့ကျမှ နှစ်ဖက်စလုံးမှာရှိတဲ့ သူတို့ရဲ့ဦးလေးတွေက အမြွှာတွေဖြစ်ကြတယ်ဆိုတာ သိခဲ့ရတယ်လို့ Jiupai News သတင်းဌာနက ဖော်ပြထားပါတယ်။
မင်္ဂလာပွဲအခမ်းအနားမှူးကလည်း အံ့ဖွယ်ဖြစ်ရပ်လို့ပြောခဲ့ပြီး ဧည့်သည်တော်တွေကလည်း တအံ့တဩဖြစ်ခဲ့ရပါတယ်။ ရွာသားတစ်ဦးကလည်း “ကျွန်တော် နေလာတာ နှစ် ၆၀ ကျော်ပြီး ဒီလိုမျိုး တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ သူတို့ကို ဘဝတစ်သက်တာလုံး ပိုပြီးပျော်ရွှင်ပါစေ ဆုတောင်းပေးပါတယ်”လို့ ပြောခဲ့ပါတယ်။
အသက် ၂၀ အရွယ် အမြွှာစုံတွဲ ၂ တွဲဟာ တရုတ်နိုင်ငံအလယ်ပိုင်း၊ အန်ဟွေ့ပြည်နယ်၊ ဖုရန်မြို့ကဖြစ်ပါတယ်။ နှစ်ဖက်မိသားစုက အချင်းချင်းရင်းနှီးကြပြီး သူတို့ရဲ့မိဘတွေဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က တွေ့ဆုံခဲ့ကြပေမဲ့ အဲ့ဒီအချိန်တုန်းက သူတို့အမြွှာစုံတွဲဟာ အချင်းချင်းမရင်းနှီးခဲ့ကြပါဘူး။ ၂၀၂၂ ခုနှစ်မှာ အောင်သွယ်တော်ကတဆင့် အမြွှာညီအစ်မက အမြွှာညီအစ်ကိုနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ အစက အမြွှာညီအစ်မဟာ ချစ်သူထားဖို့ အရမ်းငယ်သေးတယ်လို့ တွေးခဲ့ပေမဲ့ အမြွှာညီအစ်ကိုက ဇွဲရှိရှိလိုက်ပိုးခဲ့တာကြောင့် သူတို့တွေ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။
ယောက္ခမတွေက အမြွှာညီအမကို အကြီးနဲ့အငယ်မှားတတ်ကြပြီး အမြွှာညီအစ်မရဲ့မိဘတွေကလည်း အမြွှာညီအစ်ကိုကို အကြီးနဲ့အငယ်မှားကြပါသေးတယ်။ အမြွှာစုံတွဲကတော့ ချစ်သူတွေဖြစ်ခဲ့တဲ့အချိန်မှာ အတူတူအချိန်ကုန်ဆုံးတာများပြီး အချင်းချင်းရဲ့ရုပ်ရည်အသွင်အပြင်နဲ့ အကျင့်စရိုက်ကို ရင်းနှီးတာကြောင့် အချင်းချင်းမမှားကြပါဘူး။ အမြွှာညီအစ်ကိုက အိမ်ခွဲနေကြတာပါ။
အခုဆို သူတို့မိသားစုနှစ်စုက အမြွှာ ၄ တွဲ ရှိတဲ့ မိသားစုအဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်နိုင်ဖို့ ကြိုးစားနေပါတယ်။
Ref: China wedding goes viral as twin brothers marry twin sisters and both sides have twin uncles
WL (ရိုးရာလေး)
The post အမြွှာညီအစ်မကို အမြွှာညီအစ်ကိုကလက်ထပ်လိုက်တဲ့အပြင် နှစ်ဖက်စလုံးမှာလည်း အမြွှာဦးလေးတွေရှိနေလို့ လူမှုကွန်ယက်မှာ နာမည်ကြီးနေ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment