အထက်တန်းကျောင်းသားတွေက ကားအဟောင်းတွေကို မွမ်းမံပြင်ဆင်ပြီး Single Mom တွေထံ ပေးအပ်လျက်ရှိ

အမေရိကန်နိုင်ငံမှ အထက်တန်းကျောင်းသားတစ်စုဟာ ကားအဟောင်းတွေကို မွမ်းမံပြင်ဆင်ပေးပြီး Single Mom(ရင်သွေးတွေကို တစ်ကိုယ်တော် ပြုစုပျိုးထောင်ပေးနေရတဲ့ အမျိုးသမီး) တွေအတွက် အခမဲ့ ပေးအပ်လျက် ရှိပါတယ်။

ဗာဂျီးနီးယားပြည်နယ် လူဝီဆာကောင်တီ အထက်တန်းကျောင်းမှ အမြန်ယာဉ်နည်းပညာကျောင်းသားတစ်စုဟာ Giving Words ပရဟိတအဖွဲ့နဲ့ ပူးပေါင်းပြီး ကားအဟောင်းတွေကို အင်ဂျင်ပိုင်း၊ ဘရိတ်ပိုင်း၊ အခြားလိုအပ်တဲ့ အစိတ်အပိုင်းအားလုံး ပြင်ဆင်မွမ်းမံကာ လိုအပ်နေသူတွေအတွက် အခမဲ့ ပေးအပ်နေတာ ဖြစ်ပါတယ်။

ဝေးလံခေါင်သီတဲ့ အဲဒီဒေသမှာ နေထိုင်သူတွေအတွက် အလုပ်သွား၊ အလုပ်ပြန်၊ ကျန်းမာရေး စောင့်ရှောက်မှု ခံယူရေး၊ ကလေးထိန်းသိမ်း စောင့်ရှောက်ရေး စတဲ့အပိုင်းတွေအတွက် ကားတစ်စီးရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ လာရောက်လှူဒါန်းထားတဲ့ ကားအဟောင်းတွေကို ပြင်ဆင်ပေးခြင်းအားဖြင့် ကျောင်းသားတွေ လက်တွေ့ အတွေ့အကြုံရသလို လူ့အဖွဲ့အစည်းထဲမှာ လိုအပ်နေတဲ့ ကွက်လပ်ကိုလည်း ဖြည့်ဆည်းပြီးသား ဖြစ်စေပါတယ်။

ဒီအစီအစဉ် စတင်ခဲ့ပြီးနောက်ပိုင်း လိုအပ်ချက်ရှိတဲ့ Single Mom တွေအတွက် ကားအစီးရေ ၆၀ ကျော် လှူဒါန်းပေးနိုင်ခဲ့ပြီး အဲဒီအထဲမှာ ကားအစီးရေတစ်ဝက်လောက်ကိုတော့ အထက်တန်းကျောင်းသားလေးတွေကိုယ်တိုင် မွမ်းမံပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

Ref: High school students fix up cars, then hand the keys to single mothers

NZ (ရိုးရာလေး)

The post အထက်တန်းကျောင်းသားတွေက ကားအဟောင်းတွေကို မွမ်းမံပြင်ဆင်ပြီး Single Mom တွေထံ ပေးအပ်လျက်ရှိ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post