ပထမဆုံးအကြိမ်အဖြစ် ကိုရီးယားရုပ်ရှင်ကားမှာ ခေါင်းဆောင်မင်းသားဖြစ်ခွင့်ရခဲ့တဲ့ အိန္ဒိယသရုပ်ဆောင် အနုပမ်ထရီပသီ

နာမည်ကြီးစီးရီး Squid Game နဲ့ ပရိသတ်တွေ သိကြတဲ့ တောင်ကိုရီးယားအခြေစိုက် အိန္ဒိယမင်းသား အနုပမ်ထရီပသီဟာဆိုရင် ကိုရီးယားလျှို့ဝှက်ဆန်းကြယ်ရုပ်ရှင်ကား Rhapsody for the Dead မှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် အနုပမ်ဟာ ကြောက်မယ်ဖွယ်ရာအတိတ်ကဖြစ်ရပ်နဲ့ ဖုန်းကွယ်ထားတဲ့လျှို့ဝှက်ချက်တွေရှိတဲ့ အနုရက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာက သူ့ကို ခေါင်းဆောင်အဖြစ် ကမ်းလှမ်းခံတဲ့အချိန် အံ့အားသင့်ခဲ့ရပြီး သူ့ကို ဘာလို့ ရွေးချယ်ခဲ့တာလဲလို့ မေးမြန်းခဲ့ပါသေးတယ်။ ရုပ်ရှင်အဖွဲ့က သူ့ကို Squid Game ရဲ့ အာလီဇာတ်ရုပ်ထက် King the Land ကိုရီးယားစီးရီးမှာ ပါဝင်ခဲ့တဲ့ ဘုရင်ဆာမာဇာတ်ရုပ်ကို ကြည့်ခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို မြင်တွေ့ခဲ့လို့ပါပဲ။

ကိုရီးယားရုပ်ရှင်မှာ ခေါင်းဆောင်အဖြစ် ပါဝင်ခွင့်ရတာပထမဆုံးဖြစ်တယ်။ အိန္ဒိယမင်းသားတစ်ယောက်အနေနဲ့ ဒါက ဖြစ်လေ့ဖြစ်ထမရှိတဲ့အရာဖြစ်တဲ့အတွက် သူ ရင်ခုန်စိတ်လှုပ်ရှားမိတယ်လို့ အနုပမ်က ပြောပါတယ်။

အနုပမ်က ကိုရီးယားဇာတ်လမ်းတွဲ Oh My Ghost Clients မှာလည်း နီမယ်အဖြစ် ပါဝင်ထားပါသေးတယ်။ Rhapsody for the Dead ကိုတော့ တောင်ကိုရီးယားမှာ ဩဂုတ်လ ၂၇ ရက်နေ့က ရုံတင်ပြသခဲ့ပါတယ်။

Ref: Squid Game’s Anupam Tripathi lands 1st lead role in Korean film: ‘For an Indian actor, this isn’t something that happens often’

WL ( ရိုးရာလေး)

The post ပထမဆုံးအကြိမ်အဖြစ် ကိုရီးယားရုပ်ရှင်ကားမှာ ခေါင်းဆောင်မင်းသားဖြစ်ခွင့်ရခဲ့တဲ့ အိန္ဒိယသရုပ်ဆောင် အနုပမ်ထရီပသီ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post