တစ်သက်တာစုဆောင်းထားသမျှ အားလုံးနီးပါးကို ကျောင်းသားတွေအတွက် လှူဒါန်းပေးခဲ့တဲ့ ခဝါသည်

သူ့ဘဝတစ်လျှောက်လုံး အဝတ်လျှော်၊ မီးပူတိုက်ပြီး ပင်ပင်ပန်းပန်း ငွေရှာခဲ့ရတဲ့ မက္ကာတီဟာ တစ်သက်တာ စုဆောင်းထားသမျှ အားလုံးနီးပါးကို ကျောင်းသားတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်မှာ နေထိုင်တဲ့ မက္ကာတီဟာ အဝတ်လျှော်၊ မီးပူတိုက် အလုပ်လုပ်ပြီး ငွေရှာလာတာ နှစ်ပေါင်း ၇၅ နှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က အသက် ၈၇ နှစ်အရွယ်မှာတော့ သူက စရိတ်မတတ်နိုင်တဲ့ ကျောင်းသားတွေအတွက် အမေရိကန်ဒေါ်လာ ၁၅၀၀၀၀ လှူဒါန်းခဲ့တာပါ။

သူ ငယ်စဉ်က ကျောင်းစရိတ် မတတ်နိုင်ခဲ့လို့ ပညာသင်ခွင့်မရခဲ့တာကြောင့် ခက်ခက်ခဲခဲ ငွေရှာရတဲ့ အဖြစ်မျိုး မကြုံရစေဖို့ ရည်ရွယ်ပြီး မက္ကာတီက အဲဒီလို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒီလှူဒါန်းမှုဟာ အိုဆီယိုလာမက္ကာတီပညာသင်ဆုကို ဖြစ်ပေါ်စေခဲ့ပြီး ဟားဗက်တက္ကသိုလ်က မက္ကာတီကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။

Ref: Oseola McCarty

NZ (ရိုးရာလေး)

The post တစ်သက်တာစုဆောင်းထားသမျှ အားလုံးနီးပါးကို ကျောင်းသားတွေအတွက် လှူဒါန်းပေးခဲ့တဲ့ ခဝါသည် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post