မိုက်ကယ်ဂျက်ဆင်အဖြစ် သူ့ရဲ့တူအရင်းပါဝင်သရုပ်ဆောင်ထားတဲ့ “Mich‌ael” ဇာတ်ကား

ပေါ့ပ်ဘုရင်မိုက်ကယ်ဂျက်ဆင်ရဲ့ဂီတအတ္ထုပ္ပတ္တိဇာတ်ကားဟာ ပိတ်ကားထက်ကို နောက်နှစ်ထဲရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ကားရဲ့တရားဝင်ဇာတ်ကားနမူနာဟာဆိုရင် ကြာသပတေးနေ့က ထွက်ရှိလာခဲ့ပြီး မိုက်ကယ်ဂျက်ဆင်အဖြစ် သူ့ရဲ့တူအရင်း ဂျာဖာ ဂျက်ဆင်က ပါဝင်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ 

ဂျာဖာဂျက်ဆင်က မိုက်ကယ်ဂျက်ဆင်ရဲ့ အစ်ကိုအရင်းဖြစ်သူ ဂျာမိန်းဂျက်ဆင်ရဲ့သားဖြစ်ပါတယ်။ ဂျာဖာက သူ့ဦးလေး မိုက်ကယ်ရဲ့စတိုင်ပုံစံအတိုင်း ပြီးပြည့်စုံအောင်သရုပ်ဆောင်ထားပါတယ်။ သူ့ကို စင်မြင့်ထက်မှာ ကကွက်တွေနဲ့ ဖျော်ဖြေတာ၊ Thriller နဲ့ Don’t Stop Til You Get Enough သီချင်းတွေအတွက် Music Video ရိုက်နေတာ၊ စတူဒီယိုမှာအသံသွင်းနေတာတွေကို ဇာတ်ကားနမူနာမှာ မြင်တွေ့ရပါတယ်။ 


Michael ဇာတ်ကားက Jackson 5 ဂီတအဖွဲ့ခေါင်းဆောင်ဘဝကနေ ကမ္ဘာပေါ်မှာ အကျော်အကြာဆုံးဖျော်ဖြေရေးသမားဖြစ်လာဖို့အတွက် ကြိုးစားအားထုတ်ခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ဘဝခရီးကို ပုံဖော်ထားတာဖြစ်ပါတယ်။ မိုက်ကယ်ဂျက်ဆင်ရဲ့စင်မြင့်ထက်ပေါ်ကတစ်ကိုယ်တော်ဖျော်ဖြေမှုတွေထဲက Highlight တွေအပြင် ဂီတထက်ကျော်လွန်တဲ့ သူ့ရဲ့ဘဝအခိုက်အတန့်တွေကိုလည်း ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၂၆ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ 

ဇာတ်ကားနမူနာကြည့်ရှုရန် – https://www.youtube.com/watch?v=723RZxnDWKE

Ref: Michael Jackson’s nephew Jaafar Jackson stars as late uncle in ‘Michael’ teaser

WL ( ရိုးရာလေး)

The post မိုက်ကယ်ဂျက်ဆင်အဖြစ် သူ့ရဲ့တူအရင်းပါဝင်သရုပ်ဆောင်ထားတဲ့ “Mich‌ael” ဇာတ်ကား appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post