သတင်းဌာန Joynews24 က ၂၀၂၅ ခုနှစ်ရဲ့ အဆိုးရွားဆုံးကိုရီးယားဇာတ်လမ်းတွဲတွေအကြောင်း စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဖျော်ဖြေရေးလောကကအတွင်းလူ ၁၁၀ ဦးဆီက စစ်တမ်းကောက်ယူခဲ့တာပါ။
စာတမ်းဝင်ရောက်ဖြေဆိုသူ ၁၁၀ ထဲကမှ ၂၈ ဦးက KBS2/Disney+ ရဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ Twelve ကို အဆိုးရွားဆုံးဇာတ်လမ်းတွဲအဖြစ် နံပါတ် ၁ နေရာပေးခဲ့ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲမထွက်ခင်က မင်းသား မာဒုံဆော့နဲ့ မင်းသားပတ်ဟွန်ဆစ်တို့ပါဝင်ထားတဲ့အတွက် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို တော်တော်လေးရရှိထားပြီး အများကြီးမျှော်လင့်ထားခဲ့တာပါ။ ဒီဇာတ်လမ်းတွဲက ရာသီခွင် ၁၂ ပါးကို ပြန်လည်ဆန်းသစ်တီထွင်ထားတဲ့ ကိုရီးယားစူပါဟီးရိုးဇာတ်လမ်းသဘောဖြစ်တဲ့အတွက်ကြောင့် ထွက်ရှိလာဖို့ ပရိသတ်တွေမျှော်လင့်ထားခဲ့ပါတယ်။ ဒါပေမဲ့ ထွက်ရှိလာတဲ့အချိန်မှာ ပရိသတ်တွေ မျှော်လင့်ထားသလို ဒီဇာတ်လမ်းတွဲက အရမ်းကြီးမကောင်းခဲ့ပါဘူး။ CG အရည်အသွေးအားနည်းတယ်၊ ဇာတ်ကောင်မလေးနက်ဘူးဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေရှိလာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ကြည့်ရှုနှုန်းက အစပိုင်းမှာ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး နောက်ဆုံးအပိုင်းမှာ ကြည့်ရှုနှုန်း ၂ ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။

နံပါတ် ၂ နေရာမှာ ရပ်တည်နေတာကတော့ မဲ ၁၅ ခုနဲ့ မင်းသားလီမင်ဟိုနဲ့ မင်းသမီး ဂုံဟိုဂျင်းတို့ ပါဝင်ထားတဲ့ tvN ရုပ်သံလိုင်းဇာတ်လမ်းတွဲ When The Stars Gossip ပါ။ ထုတ်လုပ်ရေးကုန်ကျစရိတ် ကန်ဒေါ်လာ ၃၅ သန်းနဲ့ ထုတ်လုပ်ရေးကာလ ၅ နှစ်ဖြစ်ခဲ့ပေမဲ့ အာကာသထဲမှာ ဇာတ်အိမ်တည်ထားတဲ့ ယေဘုယျအချစ်ဇာတ်လမ်းတစ်ပုဒ်ထက်ပိုပြီး ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒီဇာတ်လမ်းတွဲက ကြည့်ရှုနှုန်း ၂.၆ ရာခိုင်နှုန်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။

Netflix ရဲ့ Squid Game 3 ကတော့ နံပါတ် ၃ နေရာမှာပါ။ Disney+ရဲ့ မူရင်းဇာတ်လမ်းတွဲ Tempest က နံပါတ် ၄ နဲ့ MBC ရဲ့ Crushology 101 ဇာတ်လမ်းတွဲက နံပါတ် ၅ အဖြစ် မဲပေးခဲ့ကြပါတယ်။
Ref: Industry insiders pick the worst dramas of 2025
WL ( ရိုးရာလေး)
The post ၂၀၂၅ ခုနှစ်ရဲ့ အဆိုးရွားဆုံးကိုရီးယားဇာတ်လမ်းတွဲစာရင်း appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment