K-Pop: Demon Hunters ဇာတ်ကားဟာ Netflix ရဲ့လူကြည့်အများဆုံးဇာတ်ကားဖြစ်လာလို့ Sony Pictures က ဒေါ်လာ ၁၅ သန်း ဘောနပ်စ်ရရှိ

Netflix က အန်နီးမေးရှင်းဇာတ်ကား K-Pop: Demon Hunters ရဲ့နောက်ကွယ်က စတူဒီယို Sony Pictures ကို ဘောနပ်စ် ဒေါ်လာ ၁၅ သန်းပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လို့နေပါတယ်။ အဲ့ဒီဇာတ်ကားက Netflix ရဲ့ လူကြည့်အများဆုံးဇာတ်ကားအဖြစ် အောင်မြင်မှုကြီးကြီးမားမားရရှိထားပါတယ်။ 

အဲ့ဒီဇာတ်ကား အောင်မြင်မှုရရှိခဲ့တဲ့အတွက် Sony Pictures  ကို ဆုလာဘ်အဖြစ် ဒီငွေပမာဏပေးခဲ့တာဖြစ်တယ်လို့ နိုဝင်ဘာ ၆ ရက်နေ့က ထုတ်ပြန်တဲ့ The Hollywood Reporter ရဲ့အဆိုအရ သိရပါတယ်။ ဒီဘောနပ်စ်နဲ့အတူ Sony Pictures ရဲ့စုစုပေါင်းအမြတ်ငွေက အခုဆိုရင် ဒေါ်လာ သန်း၄၀ ရှိနေပါပြီ။ အရင်က Sony Picturesဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုန်ကျစရိတ် ဒေါ်လာ သန်း ၁၀၀ အပြင် Netflixဆီက ဒေါ်လာ ၂၅ သန်းရရှိခဲ့ပါတယ်။ 

Netflix နဲ့ Sony Pictures က “K-Pop: Demon Hunters” နောက်ဆက်တွဲအတွက် သဘောတူစာချုပ်ချုပ်ဆိုထားပြီး ၂၀၂၉ ခုနှစ်မှာ ထွက်ရှိဖို့ စီစဉ်ထားပါတယ်။ အစက K-Pop: Demon Hunters ကို ရုံတင်ပြသဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ COVID-19 ကပ်ရောဂါက ရုံတင်ပြသဖို့ရာ မသေချာမရောရဖြစ်စေခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ်မှာ Sony Pictures က Netflix ကို ဖြန့်ချီခွင့်ရောင်းချခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်ဇွန်လမှာတော့ Netflix မှာပြသခဲ့ပြီး ကြည့်ရှုသူ သန်း ၃၀၀ အထိရောက်ရှိကာ Netflix ရဲ့ကြည့်ရှုနှုန်းအများဆုံးဇာတ်ကားဖြစ်လာခဲ့ပါတယ်။ 

အဲ့ဒီဇာတ်ကားရဲ့ဇာတ်ဝင်သီချင်းတွေကလည်း ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ Golden သီချင်းဆိုရင် အမေရိကန် Billboard Hot 100 နဲ့ Official Singles Chart တို့မှာ နံပါတ် ၁ဖြစ်ခဲ့ပါတယ်။ ဂရမ်မီဆု ၅ ဆုအတွက်လည်း ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ 

Ref: K-Pop: Demon Hunters’ becomes Netflix’s most-watched film, earns Sony $15M bonus

WL ( ရိုးရာလေး)

The post K-Pop: Demon Hunters ဇာတ်ကားဟာ Netflix ရဲ့လူကြည့်အများဆုံးဇာတ်ကားဖြစ်လာလို့ Sony Pictures က ဒေါ်လာ ၁၅ သန်း ဘောနပ်စ်ရရှိ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post