ဗြိတိသျှကိုလံဘီယာတက္ကသိုလ်ဟာ စွန့်ပစ်သစ်သားပစ္စည်းတွေကို အသုံးပြုပြီး ထုတ်ပိုးရာမှာ ပလတ်စတစ်အစားထိုး အသုံးပြုနိုင်မယ့် သစ်သားအမြှုပ် (Wood Foam) ကို ဖန်တီးထုတ်လုပ်လျက် ရှိပါတယ်။
ပလတ်စတစ် ရေမြှုပ်(Polystyrene foam)တွေဟာ နေ့စဉ်ဘဝမှာ တွင်ကျယ်စွာ အသုံးပြုလေ့ရှိတဲ့ပစ္စည်းဖြစ်ပြီး အခြားပလတ်စတစ်တွေနဲ့ယှဉ်ရင် ဆွေးမြေ့ပျက်စီးဖို့ အချိန် ၂ ဆ(နှစ် ၁၀၀၀ နီးပါး) ကြာမြင့်လေ့ ရှိပါတယ်။
ဗြိတိသျှကိုလံဘီယာတက္ကသိုလ်မှ ပါမောက္ခ ဖုန်းကျန်း ဦးဆောင်တဲ့ အဖွဲ့ဟာ လွှတိုက်ရာမှ ထွက်ပေါ်လာတဲ့ သစ်သားအမှုန့်တွေ၊ သစ်သားအပိုင်းအစတွေနဲ့ အခြားစွန့်ပစ်ပစ္စည်းတွေကို အပူပေးပြီး စက်နဲ့ဖိတဲ့နည်း အသုံးပြုကာ သစ်သားအမြှုပ် (Wood Foam) ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
ဗန်ကူးဗားမြို့ အရှေ့ပိုင်းက ရှေ့ပြေးစက်ရုံမှာ တစ်နေ့ကို သစ်သားအမြှုပ် ပေါင် ၄၀၀ အထိ ထုတ်လုပ်လျက်ရှိပြီး နောက်ပိုင်းမှာတော့ တစ်နှစ်ကို တန်ချိန် ၁၀၀၀ ထုတ်လုပ်မယ့် စက်ရုံဖွင့်လှစ်ဖို့ လျာထားပါတယ်။ အဲဒီအဆင့် အောင်မြင်ခဲ့ရင်တော့ ဗန်ကူးဗားကျွန်းမှာ တစ်နှစ်ကို တန်ချိန် ၁၅၀၀၀ အထိ ထုတ်လုပ်နိုင်မယ့် အကြီးစားစက်ရုံ တည်ဆောက်သွားမှာဖြစ်ပြီး ပလတ်စတစ်ရေမြှုပ်တွေနဲ့ ဈေးနှုန်း သက်သာမှု ယှဉ်နိုင်မယ့် အနေအထား ဖြစ်လာမယ်လို့ သူတို့အဖွဲ့က ဆိုပါတယ်။
သစ်သားအမြှုပ် ထုတ်လုပ်နိုင်မှုဟာ ဆွေးမြေ့ပျက်စီးဖို့ အချိန်ကြာတဲ့ ပလတ်စတစ်ရေမြှုပ်တွေကို လျှော့ချပေးနိုင်သလို သစ်ထုတ်လုပ်ရေး လုပ်ငန်းရဲ့ စွန့်ပစ်ပစ္စည်း ပြဿနာကို ဖြေရှင်းနိုင်ရာလည်း ရောက်ပါတယ်။
Ref: Wood Foam’ Startup Uses Logging Waste as Substitute for Plastic, Producing 400 Pounds Daily
NZ (ရိုးရာလေး)
The post စွန့်ပစ်သစ်သားပစ္စည်းတွေကို သစ်သားအမြှုပ် ဖန်တီးထုတ်လုပ်လျက် ရှိ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment