ဖင်လန်နိုင်ငံ ဟယ်ဆင်ကီတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ ဓာတ်ရောင်ခြည်သင့်မှုဒဏ် ခံနိုင်စွမ်းရှိပြီး ရေဒီယိုသတ္တိုကြွ အိုင်ဆိုတုပ်တွေကို အာနိသင်မဲ့သွားအောင် လုပ်နိုင်စွမ်းရှိတဲ့ ဘက်တီးရီးယားတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ယူရေနီယံမိုင်းတွင်းဟောင်းထဲကနေ တွေ့ရှိခဲ့တဲ့ ဘက်တီးရီးယားတွေဟာ ဓာတ်ရောင်ခြည်သင့်မှုဒဏ်ကို လူတွေခံနိုင်တာထက် အဆထောင်ပေါင်းများစွာ ခံနိုင်စွမ်း ပိုရှိပါတယ်။
အဲဒီ ဘက်တီးရီးယားတွေက ရေဒီယိုသတ္တုကြွဒြပ်ဝတ္တုတွေ စားသုံးလိုက်တဲ့အခါ ကယ်ဆီယမ်-၁၃၇ ၊ စထရွန်တီယမ်-၉၀ အစရှိတဲ့ ရေဒီယိုသတ္တုကြွအိုင်ဆိုတုပ်တွေရဲ့ ဓာတ်ရောင်ခြည်သင့်နိုင်တဲ့ သက်တမ်းကာလဟာ တစ်ဝက်အထိ လျော့ကျသွားကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တာပါ။
အခုတွေ့ရှိမှုဟာ နျူကလီးယားစွန့်ပစ်ပစ္စည်းတွေကို ရှင်းလင်းဖယ်ရှားတဲ့ လုပ်ငန်းစဉ်အတွက် ကြီးမားတဲ့ အလှည့်အပြောင်းတစ်ရပ် ဖြစ်စေနိုင်ပြီး အနာဂတ်မျိုးဆက်တွေအတွက် နျူကလီးယားစွမ်းအင်ကို ပိုမိုဘေးကင်း လုံခြုံစွာ ထုတ်လုပ်အသုံးပြုနိုင်မယ့် လမ်းစပေါ်လာပြီလို့လည်း ဆိုနိုင်ပါတယ်။
Ref: A groundbreaking discovery — bacteria capable of consuming and neutralizing radioactive waste.
NZ ( ရိုးရာလေး)
The post ရေဒီယိုသတ္တုကြွ အိုင်ဆိုတုပ်တွေကို အာနိသင်မဲ့အောင်လုပ်နိုင်စွမ်းရှိတဲ့ ဘက်တီးရီးယားတစ်မျိုး တွေ့ရှိ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment