အဝေးက ပုံရိပ်တွေကို တိကျလှပစွာ ဖမ်းယူနိုင်အောင် Hardware Level အဆင့်ရှိ 3.5x Optical Zoom ပါရှိတဲ့ Telephoto Camera နဲ့အတူ OPPO Reno14 5G

OPPO Reno14 5G မှာ Hardware Level အဆင့်ရှိ 3.5x Optical Zoom Telephoto Camera အပြင် ပြင်ပဆူညံသံတွေကိုပါ ဖျောက်ဖျက်ပေးနိုင်တဲ့ AI Vlog Voice Enhancer လဲ ပါရှိလာပါတယ်။

 ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ OPPO က ဇူလိုင် ၁၄ ရက်နေ့က လူငယ်တွေအကြား နာမည်ကျော်ကြားရေပန်းစားပြီး နည်းပညာပိုင်းမှာပါ ခေတ်ရှေ့ပြေးတဲ့ OPPO Reno14 Series 5G ကို မိတ်ဆက်ခဲ့ပါတယ်။ မိတ်ဆက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ OPPO Reno14 Pro 5G နဲ့ OPPO Reno14 5G မှာ ပါရှိလာတဲ့ 3.5x Telephoto Camera အပိုင်းတွေကို သုံးစွဲသူတွေအနေနဲ့ စိတ်ဝင်စားမှုများပြားခဲ့သလို သဘောကျနှစ်သက်မှုများလဲ ရှိခဲ့ကြပါတယ်။
 
OPPO Reno14 Series 5G ရဲ့ ထုတ်ကုန်တွေထဲမှာမှ OPPO Reno14 Pro 5G နဲ့ OPPO Reno14 5G တို့မှာ ပါရှိတဲ့ 3.5x Telephoto Camera ဟာဆိုရင် အဝေးက အရာဝတ္ထုတွေနဲ့ ပုံရိပ်တွေကို အသေးစိတ် အချက်အလက်ကအစ ပေါ်လွင်အောင် အသေသပ်ဆုံးနဲ့ တိကျလှပစွာ ဖမ်းယူပေးနိုင်မဲ့အပြင် တိကျလှပတဲ့ Hardware Level အဆင့်ရှိ 3.5x Telephoto Camera ကို တပ်ဆင်ထားနိုင်တဲ့ နောက်ဆုံးပေါ် Flagship နည်းပညာကြောင့် သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ပိုပြီး ပြည့်စုံစေနိုင်မှာဖြစ်ပါတယ်။


ဈေးတန်းတူ စမတ်ဖုန်းတွေအကြား 3.5x Optical Zoom နဲ့အတူ Telephoto Camera တပ်ဆင်ထားတဲ့ OPPO Reno14 5G နဲ့ OPPO Reno14 Pro 5G မှာဆိုရင် Flagship Technology ဖြစ်တဲ့ Telephoto Camera ကို Hardware Level အဆင့် တပ်ဆင်ထားတာဖြစ်ပြီး Optical Zoomအနေနဲ့ ရိုက်ကူးနိုင်ရုံသာမက Portrait Photography အထိပါ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ဖုန်းတွေဟာ ဈေးတန်းတူ စမတ်ဖုန်းတွေအကြား တစ်ခုတည်းသော Flagship Technology ဖြစ်တဲ့ Hardware Level အဆင့်ရှိ 3.5x Optical Zoom နဲ့အတူ Telephoto Camera ပါရှိလာတဲ့ စမတ်ဖုန်းအဖြစ်တည်ရှိမှာဖြစ်ပါတယ်။

ဒါတင်သာမက OPPO Reno14 Pro 5G နဲ့ OPPO Reno14 5G နှစ်မျိုးလုံးမှာဆိုရင်  Telephoto Camera နဲ့ ရိုက်ကူးမဲ့ Videography အတွက်ကိုလဲ 4K HDR Video ကို ထောက်ပံ့ထားပြီး 60 fps အထိ ပါရှိလာတဲ့အတွက် ရုပ်ထွက်ကြည်လင်မှုရှိမဲ့အပြင် မျှတတဲ့ အလင်းအမှောင်ချိန်ညှိမှု (Dynamic Range) နှင့် သဘာဝ အဆန်ဆုံး အရောင်အတိအကျကို ပေးစွမ်းနိုင်ဦးမှာဖြစ်ပါတယ်။

OPPO Reno14 Series 5G အနေနဲ့ သုံးစွဲသူတွေအတွက် ကောင်းမွန်ပြီး အသုံးဝင်မဲ့ Photography ပိုင်းနဲ့ Videography ပိုင်းတို့အတွက် ထောက်ပံ့ပေးထားမှာဖြစ်သလို OPPO Reno14 Pro 5G နဲ့ OPPO Reno14 5G တို့ရဲ့ Telephoto Camera မှာဆိုရင် အလင်းအား 70 Lux ပါရှိတာကြောင့် သာမန် စမတ်ဖုန်းတွေရဲ့ Telephoto Camera အနေနဲ့ အလင်းအား လုံလုံလောက်လောက်ထောက်ပံ့မှု မရရှိတဲ့အချိန်မှာတောင် OPPO Reno14 Pro 5G နဲ့ OPPO Reno14 5G တို့ရဲ့ Telephoto Camera သီးသန့်ကနေ ထွက်ရှိလာမဲ့ အလင်းအားက အလင်းအားပြည့်ပြည့်စုံစုံနဲ့ ပုံရိပ်တွေကို အသေးစိတ်ကျကျ သဘာဝဆန်ဆန်ပုံရိပ်တွေကို အလွယ်တကူ အသာလေးဖမ်းယူနိုင်မှာဖြစ်ပါတယ်။ အလင်းအား ဖြန့်ကြက်တဲ့အခါမှာလဲ မိမိရိုက်ချင်တဲ့ ပုံရိပ်တစ်ခုတည်းကို အလင်းစုပေးတာမျိုး မဟုတ်ဘဲ အလင်းကို မျှမျှတတ ဖြန့်ကြက်ပေးနိုင်တာကြောင့် သဘာဝဆန်ဆန်နဲ့ ခေတ်ဆန်လှပတဲ့ AI Flash Photography နည်းပညာကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်အားသာချက်အနေနဲ့ အသုံးပြုသူတွေ အကြိုက်များတဲ့ Livephoto ကို AI Livephoto 2.0 အဖြစ် အသစ်ပြန်လည်အဆင့်မြှင့်တင်ထားပြီး  LivePhoto ရဲ့ အစနဲ့ အဆုံးအထိကို Flash Light နဲ့ ပြီးပြည့်စုံအောင် ထောက်ပံ့နိုင်မှာဖြစ်ပါတယ်။  

ဓာတ်ပုံရိုက်နေတဲ့အချိန်မှာလဲ ကောင်းမွန်တဲ့ Camera Technology တွေနဲ့ ထောက်ပံ့ပေးထားတဲ့အပြင် ဓာတ်ပုံရိုက်ပြီးတဲ့ အချိန်မှာလဲ OPPO Reno14 Series 5G ရဲ့ AI Editor နဲ့အတူ အလွယ်ကူဆုံးနဲ့ သေသပ်လှပအောင် ပြုပြင်နိုင်ဦးမှာဖြစ်ပါတယ်။  


Stage Activity တွေအတွက် မပါမဖြစ် AI Vlog Voice Enhancer

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းတဲ့ ပွဲတွေနဲ့ Stage Activity တွေကို မှတ်တမ်းတင်ဖို့ဆိုရင် အဝေးက အရာဝတ္ထုတွေကို အကောင်းဆုံး အသေးစိတ်အထိ မြင်သာနိုင်တဲ့ 3.5x Optical Zoom အထိ ရိုက်ကူးနိုင်တဲ့ Hardware အဆင့် Telephoto Camera လိုအပ်ရုံသာမက ပိုပြီးအသက်ဝင်စေနိုင်မဲ့ မှတ်တမ်းတင်မှုတွေအတွက် အသံပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်ကလဲ မေ့ထားလို့မရတဲ့ အပိုင်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲ အဝေးက ပုံရိပ်တွေကို အကောင်းဆုံး ဖမ်းယူနိုင်ပါစေ ဘေးပတ်ဝန်းကျင်က မလိုလားအပ်တဲ့ ဆူညံသံတွေကို လျှော့ချပေးနိုင်မဲ့ AI Vlog Voice Enhancer လုပ်ဆောင်ချက်ပါဝင်လာမှ Party Phone တစ်ခုအဖြစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

ကောင်းမွန်ဆန်းသစ်ပြီး နောက်ဆုံးပေါ် 3.5x Optical Zoom အထိ ရရှိတဲ့ Hardware Level  Telephoto Camera  နည်းပညာ၊ တစ်နေ့တာအတွက် ကူညီဖြည့်စည်းပေးနိုင်မဲ့ AI လုပ်ဆောင်ချက်များစွာနဲ့အတူ ပိုမိုကောင်းမွန်လာတဲ့ ကင်မရာစနစ်၊ ပိုမိုအားကောင်းလာတဲ့ ဘက်ထရီစနစ်တို့ ပါရှိတဲ့ OPPO Reno14 Series 5G နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

#OPPOReno14Series5G #TelephotoCamera #OPPOAIPhone

NZ ( ရိုးရာလေး)

The post အဝေးက ပုံရိပ်တွေကို တိကျလှပစွာ ဖမ်းယူနိုင်အောင် Hardware Level အဆင့်ရှိ 3.5x Optical Zoom ပါရှိတဲ့ Telephoto Camera နဲ့အတူ OPPO Reno14 5G appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post