ဟောင်ကောင်မှာ အထက်မြင့်တိုက်ခန်းတွဲမီးလောင်မှုကြောင့် ကမ္ဘာ့နံပါတ်ကေပေါ့ပ်ဆုပေးပွဲ MAMA Awards ကို ရွှေ့ဆိုင်းရဖွယ်ရှိ

နိုဝင်ဘာ ၂၆ ရက်နေ့က ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခန်းတွဲမီးလောင်မှုကြီးကြောင့် ကမ္ဘာ့နံပါတ် ၁ ကေပေါ့ပ်ဆုပေးပွဲ MAMA Awards ဟာ ရွှေ့ဆိုင်းရဖွယ်ရှိနေပါတယ်။ ပွဲစီစဉ်သူတွေက နိုဝင်ဘာ ၂၇ ရက်နေ့မှာ အရေးပေါ်အစည်းအဝေးတစ်ခုခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ 

ဒီမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာပြီး တိုက်ခန်းတော်တော်များများမှာ မီးငြိမ်းသတ်ရေးတွေ ဆက်လက်လုပ်ဆောင်နေကြတာကြောင့် ၂၀၂၅ ခုနှစ်ရဲ့ MAMA AWARDS ဆုပေးပွဲကို ဒီသီတင်းပတ်ကုန်မှာ စီစဉ်ထားတဲ့အတိုင်း ကျင်းပနိုင်မလားဆိုတဲ့မေးခွန်းက မရမရာဖြစ်နေပါတယ်။ 

အားလုံးစီစဉ်ထားတဲ့အတိုင်းဖြစ်ခဲ့မယ်ဆိုရင် ဆုပေးပွဲကို နိုဝင်ဘာ ၂၈-၂၉ ရက်တွေမှာ Hong Kong Kai Tak Stadium မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အဲ့ဒီနေရာက တိုက်ခန်းမီးလောင်တဲ့နေရာနဲ့ ၂၀ ကီလိုမီတာ လောက်မှာ တည်ရှိပါတယ်။ ပွဲစီစဉ်သူတွေကို ဆက်သွယ်မေးမြန်းတော့ သူတို့ ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိမှာ စစ်ဆေးနေပါတယ်လို့ ဖြေကြားထားပါတယ်။ 

နိုဝင်ဘာ ၂၇ ရက်နေ့အထိ The Wang Fuk Court apartment complex မီးလောင်မှုကြောင့် သေဆုံးသူ ၄၄ ဦး၊ ၄၅ ဦး စိုးရိမ်ရတဲ့အခြေအနေမှာရှိ၊ ၂၇၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ 

Ref: ‘2025 MAMA AWARDS’ in Hong Kong facing postponement in light of devasting apartment fires

WL ( ရိုးရာလေး)

The post ဟောင်ကောင်မှာ အထက်မြင့်တိုက်ခန်းတွဲမီးလောင်မှုကြောင့် ကမ္ဘာ့နံပါတ်ကေပေါ့ပ်ဆုပေးပွဲ MAMA Awards ကို ရွှေ့ဆိုင်းရဖွယ်ရှိ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post