ဂုဏ်ငယ်မှာစိုးတဲ့ ဖခင်နဲ့ မိဘကို မိဘလို သိတတ်တဲ့ သား

အစားအစာ လိုက်ပို့သူ ဖခင်က ဈေးကြီးတဲ့ ကော်ဖီဆိုင်ကို အော်ဒါ သွားယူချိန်မှာ သားဖြစ်သူက ကောင်မလေးတစ်ယောက်နဲ့ ချိန်းတွေ့နေတာကို တွေ့ခဲ့ပါတယ်။ သူ့ကြောင့် သားဖြစ်သူ ဂုဏ်ငယ်သွားမလား တွေးပူပြီး ဖခင်က မမြင်ချင်ယောင်ဆောင်နေခဲ့ပေမဲ့ သားဖြစ်သူက ဖခင်ကို မြင်တွေ့ချိန်မှာ လှမ်းနှုတ်ဆက်ပြီး သူ့ကောင်မလေးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

” သူ့ဘဝမှာ အကောင်းဆုံးဖခင်တစ်ယောက် ပိုင်ဆိုင်ခွင့် ရထားတာပါ”ဆိုတဲ့ သားဖြစ်သူရဲ့ မိတ်ဆက်စကားကြောင့် ဖခင်က အတိုင်းမသိ ဝမ်းသာခဲ့ရပြီး ချွေးမလောင်းလေးကပါ ကော်ဖီ ဝင်သောက်သွားဖို့ ခေါ်လို့ ဝမ်းသာမျက်ရည် ကျလုဆဲဆဲ ဖြစ်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်က ဘာမဟုတ်တဲ့ ကိစ္စလေးလို့ ထင်စရာရှိပေမဲ့ လူမှုကွန်ရက်ပေါ်မှာတော့ ပျံ့နှံ့သွားခဲ့ပြီး ဒီရုပ်သံဖိုင်ကို ကြည့်ရှုသူ သန်းချီ ရှိခဲ့ပါတယ်။

သားဖြစ်သူ ဂုဏ်ငယ်မှာ စိုးရိမ်တဲ့ ဖခင်တစ်ဦးရဲ့ မေတ္တာအကြောင်း၊ အလုပ်အကိုင် အဆင့်အတန်းဆိုတာထက် ဘယ်အခြေအနေမှာမဆို မိဘကို မိဘလိုပဲ မြင်ရမယ်ဆိုတဲ့ သားဖြစ်သူရဲ့ လုပ်ရပ်အကြောင်းကိုလည်း လူမှုကွန်ရက် အသုံးပြုသူတွေက ချီးကျူးခဲ့ကြပါတယ်။

Ref: A delivery man ran into his son on a date

NZ ( ရိုးရာလေး)

The post ဂုဏ်ငယ်မှာစိုးတဲ့ ဖခင်နဲ့ မိဘကို မိဘလို သိတတ်တဲ့ သား appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post