အက်တမ်(ATOM) နှင့် KBZMS တို့မှ မြန်မာတစ်နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအတွက် အသုံးပြုရ လွယ်ကူချောမွေ့သော ဒစ်ဂျစ်တယ် အာမခံဝန်ဆောင်မှုများအား တရားဝင် မိတ်ဆက်။
တီထွင်ဆန်းသစ်သော ဒစ်ဂျစ်တယ်အာမခံဝန်ဆောင်မှုများအား ATOM Store App မှတစ်ဆင့် လွယ်ကူ အဆင်ပြေစွာ ဝယ်ယူအသုံးပြုနိုင်။

ယခု ပူးပေါင်းဆောင်ရွက်မှုသည် ကုမ္ပဏီနှစ်ခုလုံး၏ သုံးစွဲသူဦးစားပေး တီထွင်ဆန်းသစ်မှုများမှ တစ်ဆင့် လူမှုဘဝများ တိုးတက်လာစေရန် နှင့် လူမှုအသိုင်းအဝိုင်းအား အားပေးမြှင့်တင်ရန် ကတိကဝတ်ကို ထင်ဟပ်စေလျက်ရှိ။
မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM)နှင့် KBZMS General Insurance Company Limited တို့သည် မဟာဗျူဟာကျ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ATOM Store App မှတစ်ဆင့် လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်သော ဒစ်ဂျစ်တယ်အာမခံဝန်ဆောင်မှုများအား ဂုဏ်ယူစွာဖြင့် တရားဝင် မိတ်ဆက်လိုက်ပါသည်။ ယခုပူးပေါင်းဆောင်ရွက်မှုသည် အက်တမ်(ATOM) ၏ ခေတ်မီဆန်းသစ်သော ကွန်ရက်စွမ်းရည်များ နှင့် KBZMS ၏ အာမခံလုပ်ငန်းကျွမ်းကျင်မှုတို့အား သေချာစွာ ပေါင်းစပ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများအတွက် အာမခံအကာအကွယ် ဝန်ဆောင်မှုများ ပိုမိုလွယ်ကူစွာ ရယူနိုင်စေရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး လမ်းစဉ်တွင် အရေးပါသော ခြေလှမ်းတစ်ရပ်အဖြစ် အက်တမ်(ATOM) နှင့် KBZMS တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် လူနေမှုဘဝ အရည်အသွေးများ မြှင့်တင်ပေးရန် နှင့် အားလုံးပါဝင်လက်လှမ်းမီနိုင်သော ဒစ်ဂျစ်တယ်စနစ်တစ်ခု ပိုအားကောင်းလာစေရန် အထောက်အကူဖြစ်စေကြောင်း သက်သေ ပြုလိုက်ခြင်း ဖြစ်ပါသည်။

ယခုမိတ်ဆက်မှုတွင် ခရီးသွားအာမခံ (KBZMS Travel Protect) နှင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ (KBZMS Personal Accident Insurance) ဝန်ဆောင်မှုနှစ်မျိုးပါဝင်ပြီး သုံးစွဲသူများအနေဖြင့် ATOM Store App မှတစ်ဆင့် ရယူသုံးစွဲနိုင်ပြီဖြစ်ပါသည်။ ပူးတွဲထုတ်လုပ်သွားမည့် ဒစ်ဂျစ်တယ်အာမခံဝန်ဆောင်မှုများမှာလည်း လက်ရှိတွင် အကောင်အထည်ဖော်ဆောင်လျက်ရှိနေပြီး အက်တမ်(ATOM) နှင့် KBZMS တို့ ပူးပေါင်း ဆောင်ရွက်မှု၏ နောက်တစ်ဆင့်အနေဖြင့် မကြာမီ မိတ်ဆက်သွားမည် ဖြစ်သည်။ ယခု ပူးပေါင်းဆောင်ရွက်မှုသည် အက်တမ်(ATOM) သုံးစွဲသူများအနေဖြင့် အာမခံဝန်ဆောင်မှုများအတွက် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းတစ်ခုထဲဖြင့် အဆင်ပြေထိရောက်ချောမွေ့စွာ ဝယ်ယူခြင်း၊ စီမံခန့်ခွဲခြင်းနှင့် လျော်ကြေး တောင်းခံခြင်းများအား နေရာမရွေး၊ အချိန်မရွေး ရယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။

“အက်တမ်(ATOM) အနေနဲ့ နိုင်ငံရဲ့ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ အသွင်ကူးပြောင်းရေးတို့အတွက် အမြဲမပြတ် ကြိုးပမ်းလျက်ရှိရာမှာ KBZMS နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာဆိုရင် ကျွန်တော်တို့ရဲ့ ပုံမှန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးခြင်းထက်ကျော်လွန်ပြီး အမှန်တကယ် အားပေးမြှင့်တင်မှုတွေ လုပ်ဆောင်ပေးနိုင်ဖို့ ဆိုတဲ့ မျှော်မှန်းချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ အဓိကခြေလှမ်းတစ်ခုလို့ ဆိုရမှာပါ။ မရှိမဖြစ်လိုအပ်တဲ့ အာမခံထုတ်ကုန်တွေကို လူမှုအသိုင်းအဝိုင်းထံသို့ အလွယ်တကူ ရောက်ရှိနိုင်အောင် ၄င်းတို့ကြုံတွေ့နေရတဲ့ ငွေကြေးပိုင်းဆိုင်ရာအခက်အခဲ အတားအဆီးတွေကို ကျော်လွန်နိုင်ပြီး လုံခြုံမှုတွေရှိလာစေဖို့ တိုးမြှင့်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ ATOM Store App သုံးစွဲသူတွေအတွက်လည်း ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေ ရရှိလာမှာဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ဆန်းသစ်တီထွင်မှု၊ အားလုံးပါဝင်နိုင်မှု နဲ့ သုံးစွဲသူများရဲ့ အနာဂတ် ကောင်းကျိုးအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ရိုးရှင်းလုံခြုံစွာနဲ့ ချက်ချင်းရယူနိုင်စေရေးတို့မှာ ကျွန်တော်တို့ထားရှိတဲ့ ကတိကဝတ်ကို တွေ့မြင်နိုင်ပါတယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။
ထို့အပြင် ATOM Store App မှ တစ်ဆင့် အဆိုပါ အာမခံအကာအကွယ်များ ဝယ်ယူသည့် အက်တမ်(ATOM) သုံးစွဲသူများအနေဖြင့် ဇန်နဝါရီလ၊ ၂၀၂၆ ခုနှစ် အထိ ကျင်းပသွားမည့် အထူးကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ကံထူးရှင်များအနေဖြင့် KBZMS ၏ မေတ္တာလက်ဆောင်မွန်အဖြစ် (၆) လ အကာအကွယ်ရှိသော အာမခံထားငွေ ငွေကျပ် သိန်း(၅၀) တန်ဖိုးရှိ ကိုယ်အင်္ဂါထိခိုက်မှုအာမခံပေါ်လစီ (Personal Accident Insurance Policy) အား ရရှိကြမည်လည်းဖြစ်ပါသည်။

KBZMS General Insurance ၏ အမှုဆောင်အရာရှိချုပ် ဦးလူမွန်အောင် ကလည်း “အခုမိတ်ဆက်ပွဲက မြန်မာနိုင်ငံရဲ့အကောင်းဆုံး ဆက်သွယ်ရေးကုမ္ပဏီနဲ့ အာမခံဝန်ဆောင်မှုကုမ္ပဏီတို့ကြား ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး နိုင်ငံရဲ့ ဒစ်ဂျစ်တယ်နည်းပညာ ကြံ့ခိုင်မှုစွမ်းရည်နဲ့ အားလုံးပါဝင် အသုံးပြုနိုင်သော ငွေကြေးဝန်ဆောင်မှုတွေကို အရှိန်မြှင့်တင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ KBZMS ရဲ့ ယုံကြည်စိတ်ချရတဲ့ အာမခံလုပ်ငန်းကျွမ်းကျင်မှုတွေကို အက်တမ်(ATOM)ရဲ့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံထားတဲ့ ခိုင်မာတဲ့ ဆက်သွယ်ရေးကွန်ရက်ပေါ်မှာ လာရောက်ပေါင်းစပ်လိုက်ပြီးတော့ ကျွန်တော်တို့ သုံးစွဲသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အကာအကွယ်ရရှိနိုင်မှုတွေကို ဖော်ဆောင်နိုင်ခဲ့ပါပြီ။ အက်တမ်(ATOM) နဲ့ အခုလို ပူးပေါင်းအကောင်အထည်ဖော်နိုင်ခဲ့ခြင်းနဲ့ ကျွန်တော်တို့တွေ ဝန်ဆောင်မှု ပေးနေတဲ့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေအတွက် ကောင်းကျိုးဖြစ်ထွန်းစေမယ့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှု တွေ ပူးတွဲဖန်တီးဖို့ ရေရှည်လမ်းစဉ် ချမှတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူပါတယ်” ဟု ထပ်လောင်း ပြောကြားခဲ့သည်။
အက်တမ်(ATOM) နှင့် KBZMS တို့မှ အာမခံဝန်ဆောင်မှုများအား ပိုမိုလွယ်ကူအဆင်ပြေမှုရှိစေရန် ကြိုးပမ်းလျက်ရှိသောကြောင့် ဒစ်ဂျစ်တယ် ပလက်ဖောင်း ATOM Store App တစ်ခုတည်းမှတစ်ဆင့် မရှိမဖြစ်လိုအပ်သော အာမခံအကာအကွယ်များအား သုံးစွဲသူများ၏ လက်တစ်ကမ်းတွင် ရယူ အသုံးပြုနိုင်သွားမည်ဖြစ်ပါသည်။ ဤပူးပေါင်းအားထုတ်မှုသည် ဝန်ဆောင်မှုများအား အဆင်ပြေချောမွေ့မှု ရှိလာစေရုံသာမက နေ့စဉ်လူမှုဘဝတွင် ငွေကြေးဆိုင်ရာ အသိပညာများနှင့် ငွေကြေးပိုင်းအရ ခိုင်မာမှုရှိစေရန်အတွက် မြှင့်တင်လုပ်ဆောင်ပေးနေခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံအနှံ့ မြို့နယ် (၃၀၀) ကျော်အထိ ကွန်ရက်လွှမ်းခြုံထားသော အက်တမ်(ATOM) သည် ATOM Store App တွင် အဆိုပါဒစ်ဂျစ်တယ် အာမခံဝန်ဆောင်မှုအသစ်များ မိတ်ဆက်ခြင်းအားဖြင့် အာမခံကာကွယ်မှုများ အား သုံးစွဲသူတိုင်းအတွက် ပိုမိုရင်းနှီးကျွမ်းဝင်စေခဲ့ပါသည်။ ဤလုပ်ဆောင်ချက်သည် အားလုံးနှင့် သက်ဆိုင်သော ဒစ်ဂျစ်တယ်စနစ်တစ်ခု ဖော်ဆောင်မှုအား ချဲ့ထွင်ပေးရုံသာမက မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ငွေကြေးဆိုင်ရာ အကာအကွယ်ရရှိရေး ဝန်ဆောင်မှုများကို လွယ်ကူအဆင်ပြေစွာ ရယူနိုင်စေမည်လည်း ဖြစ်ပါသည်။ အက်တမ်(ATOM) နှင့် KBZMS တို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူများအားချိတ်ဆက်ပေးရင်း၊ လူနေမှုဘဝများ တိုးတက်ပြီး လူမှုအဖွဲ့အစည်းများ ခိုင်မာလာစေနိုင်ရန် ပိုမိုကောင်းမွန်သော မြန်မာ့ဒစ်ဂျစ်တယ် အနာဂတ် ဖြစ်ထွန်းလာစေရေးဆိုသည့် အက်တမ်(ATOM) ၏ ရည်မှန်းချက်ကို ပိုမိုအားကောင်းလာစေပါသည်။
NZ ( ရိုးရာလေး)
The post အက်တမ်(ATOM) နှင့် KBZMS တို့မှ တီထွင်ဆန်းသစ်သော ဒစ်ဂျစ်တယ် အာမခံဝန်ဆောင်မှုအား မြန်မာနိုင်ငံတွင် မိတ်ဆက် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment