မြင်းမွေးမြူရေးခြံကို ပျားတွေအတွက် ဘေးမဲ့တောအဖြစ် ပြောင်းလဲခဲ့ဖူးတဲ့ မော်ဂန်ဖရီးမင်း

ကမ္ဘာကျော်မင်းသား မော်ဂန်ဖရီးမန်းဟာ မစ္စစ္စပီပြည်နယ်မှ သူ ပိုင်ဆိုင်တဲ့ ၁၂၄ ဧကကျယ်ဝန်းတဲ့ မြင်းမွေးမြူရေးခြံကြီးကို ပျားတွေ ကျက်စားရာ ဘေးမဲ့တောအဖြစ် ပြောင်းလဲခဲ့ပါတယ်။

မြင်းမွေးမြူရေးခြံဟာ သူ့အတွက် အကျိုးအမြတ်ရနေပေမဲ့ ကမ္ဘာတစ်ဝန်းမှာ ပျားအကောင်ရေ ကျဆင်းလာတာကို တားဆီးဟန့်တားနိုင်ဖို့ အခုလို ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ သူဟာ ပျားရည် ထုတ်လုပ်ဖို့ ရည်ရွယ်တာမဟုတ်ဘဲ ဓါတုဗေဒ ကင်းလွတ်ရာနယ်မြေမှာ သဘာဝအတိုင်း လွတ်လွတ်လပ်လပ် ရှင်သန်ကျက်စားနိုင်အောင် စီမံထားတယ်လို့ ဆိုပါတယ်။

မော်ဂန်ဖရီးမင်းဟာ ၂၀၁၉ ခုနှစ်မှာ အခုလို ပြောင်းလဲပေးခဲ့တာဖြစ်ပြီး ပျား ဘေးမဲ့တောထဲ ဝင်တဲ့အခါတိုင်း အကာအကွယ်ဝတ်စုံ မဝတ်သလို တခါမှလည်း ပျားတုပ်မခံရဘူးလို့ ဆိုပါတယ်။

Ref :Morgan Freeman Converted His 124-Acre Ranch Into A Giant Bee Sanctuary

NZ ( ရိုးရာလေး)

The post မြင်းမွေးမြူရေးခြံကို ပျားတွေအတွက် ဘေးမဲ့တောအဖြစ် ပြောင်းလဲခဲ့ဖူးတဲ့ မော်ဂန်ဖရီးမင်း appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post