ဓာတ်ပုံဆရာတွေ စိတ်ရှည်ရှည်နဲ့ ရိုက်ကူးနိုင်မှုကြောင့် တောရိုင်းတိရစ္ဆာန်တွေရဲ့အံ့ဩဖွယ်ကောင်းပြီးလှပတဲ့ အခိုက်အတန့်တွေကို မြင်တွေ့ရကြတာပါ။ အခုလည်း တောရိုင်းတိရစ္ဆာန်တွေကြားမှာ မြင်တွေ့ရခဲတဲ့ လည်ဆံမွေးကောက်ကောက်နဲ့ ခြင်္သေ့ထီးတစ်ကောင်ရဲ့ဆွဲဆောင်မှုရှိလှတဲ့ဓာတ်ပုံဟာ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီဓာတ်ပုံကို အသက်မွေးကျောင်းအနေနဲ့ လေယာဉ်မှူးဖြစ်ပြီး ဝါသနာအနေနဲ့ တောရိုင်းတိရစ္ဆာန်ဓာတ်ပုံဆရာဖြစ်တဲ့ Kambiz Cameo Pourghanadu ရိုက်ခဲ့တာပါ။

Kambiz ရဲ့အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ဓာတ်ပုံမှာ ပါဝင်တဲ့ ခြင်္သေ့ကတော့ ကင်ညာနိုင်ငံ၊ Maasai Mara အမျိုးသားဘေးမဲ့တောမှာ ရှိတဲ့ Olepolos ခြင်္သေ့ရဲ့သားအဖြစ် သိကြတဲ့ Nuzuri- M6 ပါ။ Nzuri က ခြင်္သေ့ငယ် (၇) ကောင်ထဲမှာ ၆ ကောင်မြောက်ဖြစ်ပါတယ်။
Nzuri ရဲ့လည်ဆံမွေးက ပုံမှန်တောရိုင်းခြင်္သေ့တွေနဲ့ မတူဘဲ ကောက်ကွေးနေတာကို ဓာတ်ပုံထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ လည်ဆံမွေးကောက်ကောက်နဲ့ ထူးခြားတဲ့အသွင်အပြင်ဖြစ်ပေါ်လာရတာက မျိုးရိုးဗီဇ၊ စိုထိုင်းဆမြင့်မားမှုကြောင့်ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုထားပါတယ်။ လည်ဆံမွေးက မိုးရေစိုပြီးနောက် သဘာဝအတိုင်းခြောက်သွားတာကြောင့် အခုလို ထူးခြားတဲ့အသွင်အပြင်ဖြစ်စေခဲ့တာပါ။

ဓာတ်ပုံဆရာ Kambizက Nzuriဟာ လက်ရှိမှာတော့ Masai Mara မှာ အလှဆုံးခြင်္သေ့တွေထဲက တစ်ကောင်ဖြစ်တယ်လို့ ပြောထားပါတယ်။
Ref: Lion With Rare Curly Mane Takes Internet By Storm: “Handsome Boy In The Wild”
WL (ရိုးရာလေး)
The post လူမှုကွန်ယက်အသုံးပြုသူတွေကို ဆွဲဆောင်ထားတဲ့ လည်ဆံမွေးကောက်ကောက်နဲ့ ခြင်္သေ့ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment