Sign-in ဝင်ပြီး ဂိမ်းဆော့ရုံနဲ့ OPPO စမတ်ဖုန်းနဲ့ အခြားဆုလက်ဆောင်တွေကို ပိုင်ဆိုင်ရရှိနိုင်မဲ့ အခွင့်အရေး

သက်ဆိုင်ရာ နေရာတွေမှာ Sign-in Revenue လုပ်ရင်း OPPO စမတ်ဖုန်း ၊ MLBB in-game လက်ဆောင်တွေနဲ့အတူ Partnership ဆိုင်တွေရဲ့ လက်ဆောင်ကူပွန်အသီးသီးတွေကို ကံစမ်းနိုင်မှာဖြစ်ပါတယ်။
 
ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေအပေါ်  အသေးစိတ် လေ့လာလျက်ရှိပြီး အမြဲတမ်း အလေးထားဂရုစိုက်လေ့ရှိတာကြောင့် ယခု နောက်ပိုင်းနှစ်တွေမှာ လူငယ်တွေနဲ့ သုံးစွဲသူတွေရဲ့ အာရုံစိုက်မှုကို
ပိုမိုရရှိလာနေပြီဖြစ်ပါတယ်။ ဒါတင်သာမက ပိုမိုကောင်းမွန်လာတဲ့ ဓာတ်ပုံနည်းပညာနဲ့အတူ ခေတ်ရှေ့ပြေးပြီး လက်တွေ့မှာ တကယ်အသုံးဝင်တဲ့ OPPO AI နည်းပညာတွေကြောင့် OPPO စမတ်ဖုန်းတွေက သုံးစွဲသူတွေအကြား ပိုပြီး ရေပန်းစားကျော်ကြားလာတာဖြစ်ပါတယ်။ ယခုအခါမှာလဲ OPPO က Mobile Legends: Bang – MM ၊ အခြားသော Partner တွေနဲ့အတူ ပူးပေါင်းကာ သုံးစွဲသူတွေ စိတ်တိုင်းကျ ပျော်ရွှင်စေနိုင်မဲ့ အစီအစဉ် တစ်ခုကို ယူဆောင်လာပြီပဲဖြစ်ပါတယ်။ OPPO ကို ချစ်ခင်ကြတဲ့ သုံးစွဲသူတွေအနေနဲ့ MLBB ဂိမ်းထဲက Mission တချို့ကို လုပ်ဆောင်ရင်း လက်ဆောင်တွေ ရရှိနိုင်မဲ့အခွင့်အရေးကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။
 
လက်ဆောင်တွေ ရရှိနိုင်မဲ့ အစီအစဉ်ကတော့ သုံးစွဲသူတွေအနေနဲ့ ပထမဦးစွာ မိမိ ဖုန်းမှာ Location ကို ဖွင့်ပြီး MLBB ဂိမ်းထဲကို ဝင်ရောက်ကာ Mode ထဲမှ Rising ကို ရွေးချယ်ရင်း Neighborhood Map ကနေ ဝင်ရောက်ကာ သက်ဆိုင်ရာ Mission တွေကို အနိုင်ရရှိအောင် ဆော့ကစားရုံနဲ့ OPPO စမတ်ဖုန်း ၊ MLBB in-game ဆုတွေ နဲ့အတူ Pizzamaru Myanmar နဲ့ ChaTraMue Myanmar တို့မှ ကူပွန်လက်ဆောင်တွေအသီးသီးကို ကံစမ်းရရှိနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ ဒီအစီအစဉ်မှာ ပါဝင်နိုင်ဖို့အတွက် ChaTraMue Myanmar (Junction City Branch) , ChaTraMue Myanmar (Myanmar Plaza Branch) , ChaTraMue Myanmar (Pearl Condo Branch) နဲ့ Pizzamaru Myanmar (The Central Branch)တို့မှာ Sign in လုပ်ရမှာ ဖြစ်ပါတယ်။


OPPO စမတ်ဖုန်းတွေကို လက်ဆောင်အဖြစ် ရယူလိုသူတွေအနေနဲ့ Junction City မှာ Sign in ဝင်ပြီး Mission
တွေကို ဆော့ကစားကာ Sign-in Venue မှာ အပတ်စဥ်တိုင်း ပထမဦးဆုံး MLBB RISING OPEN Champion အနိုင်ရရှိတဲ့ Player အဖြစ် ပါရှိအောင် ဆော့ကစားရမှာဖြစ်ပါတယ်။
 
OPPO ကို ချစ်မြတ်နိုးတဲ့ O-fan တွေအနေနဲ့ တစ်ပတ်ကို တစ်ခါ OPPO စမတ်ဖုန်းတွေကို အရယူနိုင်မှာဖြစ်ပြီး ဝါလကင်းလွတ် သီတင်းကျွတ်တဲ့အချိန်အခါသမယဖြစ်တဲ့ အောက်တိုဘာ ၅ ၊ ၆ နဲ့ ၇ ရက်နေ့တွေမှာတော့ တစ်နေ့ကို OPPO စမတ်ဖုန်းတစ်လုံးစီ ကံစမ်းနိုင်မဲ့ အခွင့်အရေးကြီးကို ရရှိမှာဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက် ပိုပြီး အဆင်ပြေ သဘောကျနိုင်မဲ့ အခု အစီအစဉ်ကြီးကို စက်တင်ဘာ ၂၀ ရက်နေ့မှ စတင်ကာ အောက်တိုဘာ ၁၂ ရက်နေ့အထိ ပါဝင်နိုင်မှာဖြစ်သလို OPPO စမတ်ဖုန်းတွေကိုလဲ စုစုပေါင်းအားဖြင့် ၇ လုံးအထိ ကံစမ်းကာ ရယူနိုင်မဲ့အပြင် တခြားသော MLBB in-game လက်ဆောင်တွေနဲ့အတူ Partner အဖြစ်ပါဝင်လာမဲ့ ဆိုင်တွေရဲ့ ကူပွန်လက်ဆောင်တွေပါ ရရှိမှာဖြစ်ပါတယ်။ ဒါတင်သာမက Professional Gamer တွေနဲ့ Streamer တွေကပါ ပရိသတ်တွေနဲ့အတူ ဒီအစီအစဉ်မှာ လာရောက် ပူးပေါင်းဆော့ကစားသွားဦးမှာဖြစ်ပါတယ်။
 
သုံးစွဲသူတွေအတွက် အဆင်ပြေချောမွေ့စေနိုင်ပြီး နေ့စဉ်ဘဝမှာ တကယ်လိုအပ်နေတဲ့ OPPO AI လုပ်ဆောင်ချက်တွေအကြောင်း အသေးစိတ်သိရှိလိုပါက OPPO Myanmar Official Facebook page –https://bit.ly/3BwNQdJ
၊ Website – http://bit.ly/4dx4nfA ၊ Viber – https://bit.ly/3W6lzCe နဲ့
Telegram –https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။
 
#OPPO #NeighborhoodMap #MLBBNEXT2025

NZ ( ရိုးရာလေး)

The post Sign-in ဝင်ပြီး ဂိမ်းဆော့ရုံနဲ့ OPPO စမတ်ဖုန်းနဲ့ အခြားဆုလက်ဆောင်တွေကို ပိုင်ဆိုင်ရရှိနိုင်မဲ့ အခွင့်အရေး appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post