ဇာတ်လမ်းတွဲသစ်ရဲ့အောင်မြင်မှုကြောင့် နောက်ထပ်ဇာတ်ညွှန်းအခု ၃၀လောက်ကို ကမ်းလှမ်းခံထားရတယ်ဆိုတဲ့ မင်းသား လီချယ်မင်း

လက်ရှိ မြန်မာပရိသတ်တွေကြား ရေပန်းစားနေတဲ့ ကိုရီးယားနန်းတွင်းဇာတ်လမ်းတွဲ ‘Bon Appétit, Your Majesty အောင်မြင်လာတာနဲ့အမျှ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား လီချယ်မင်းဟာလည်း နာမည်ရလာခဲ့ပါတယ်။ သူ့ရဲ့သရုပ်ဆောင်ပီပြင်မှုက လူအများရဲ့အာရုံစိုက်မှုကို ရရှိနေပါတယ်။

အဲ့ဒီဇာတ်လမ်းတွဲမှာ မင်းသားလီချယ်မင်းက အရသာခံနိုင်စွမ်းအားကောင်းတဲ့ မင်းစိုး လီဟွန်းအဖြစ် သရုပ်ဆောင်ထားတာပါ။ သူ့ရဲ့သရုပ်ဆောင်ပီပြင်မှုကလည်း ဇာတ်လမ်းတွဲအောင်မြင်အောင် တွန်းပို့ပေးနေတယ်လို့ ဆိုရမှာပါပဲ။ သူဟာ ဒီဇာတ်လမ်းတွဲ မရိုက်ကူးမိ ၁ လအလိုလောက်မှာ အရွေးချယ်ခံရပြီး ပြင်ဆင်ချိန်နည်းခဲ့ပေမဲ့ မြင်းစီးတာကစပြီး မြားပစ်တာ၊ တိုက်ခိုက်တာ၊ ရိုးရာ Cheoyongmu အကအထိ အရာအားလုံးကို မြန်မြန်ဆန်ဆန်နဲ့ ကျွမ်းကျင်စွာလုပ်နိုင်ခဲ့ပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့က Korea Reputation Research Institute က ထုတ်ပြန်တဲ့အချက်အလက်တွေအရ လီချယ်မင်းဟာ စက်တင်ဘာလအတွက် သရုပ်ဆောင်အမှတ်တံဆိပ်ဂုဏ်သတင်းအညွှန်းကိန်းမှာ ပထမဖြစ်ပါတယ်။ ကုန်အမှတ်တံဆိပ်နယ်ပယ်ကရော အနုပညာနယ်ပယ်ကပါ လီချယ်မင်းအပေါ် စိတ်ဝင်စားမှုများလာနေပါတယ်။

‘Bon Appétit, Your Majesty ရဲ့ နောက်ဆုံးအပိုင်းမရောက်ခင်မှာတောင် နောက်ထပ်ပရောဂျက်အတွက် လီချယ်မင်းဟာ ဇာတ်ညွှန်း အခု ၃၀ လောက် ကမ်းလှမ်းခံထားရတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုထားပါတယ်။

အခုအပတ်မှာတော့ ပရိသတ်တွေက Bon Appétit, Your Majesty ရဲ့ဇာတ်သိမ်းပိုင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေက လီချယ်မင်းကို ဇာတ်လမ်းတွဲတွေမှာ ထပ်ပြီး မြင်တွေ့နေချင်ကြပါတယ်။ ပရိသတ်တွေက အခုနှစ်ထဲမှာပဲ လီချယ်မင်းကို ဇာတ်ပို့အနေနဲ့ Netflix ရဲ့ Cashero ဇာတ်လမ်းတွဲမှာ မြင်တွေ့ရဦးမှာပါ။ ဇာတ်ညွှန်းတွေ ကမ်းလှမ်းခံထားရပြီဆိုရင်တော့ လီချယ်မင်းကို နောက်ထပ်ပရောဂျက်အသစ်တွေမှာလည်း မြင်တွေ့ရဖို့ မျှော်လင့်ရပါတယ်။

Ref: ‘Bon Appétit, Your Majesty’ propels Lee Chae Min to stardom as the actor receives 30 additional scripts

WL (ရိုးရာလေး)

The post ဇာတ်လမ်းတွဲသစ်ရဲ့အောင်မြင်မှုကြောင့် နောက်ထပ်ဇာတ်ညွှန်းအခု ၃၀လောက်ကို ကမ်းလှမ်းခံထားရတယ်ဆိုတဲ့ မင်းသား လီချယ်မင်း appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post