၁ နာရီအတွင်း အမြင်အာရုံ ကောင်းလာစေမယ့် မျက်စဉ်းတစ်မျိုးကို မိတ်ဆက်

အမြင်အာရုံ ထိန်းသိမ်းစောင့်ရှောက်မှု အနာဂတ်အတွက် သတင်းကောင်းတစ်ရပ် ထွက်ပေါ်လာပါပြီ။ အတွင်းတိမ်နှင့် အမြင်မှုန်ဝါးမှုဆိုင်ရာ ခွဲစိတ်ဆရာဝန်များရဲ့ ၂၀၂၅ ခုနှစ် ဥရောပကွန်ဂရက်မှာ လူသန်းပေါင်းများစွာကို စာကြည့်မျက်မှန် တပ်ဆင်ခြင်း၊ ခွဲစိတ်ကုသခြင်းတွေကနေ ကင်းလွတ်ခွင့်ရစေနိုင်တဲ့ မျက်စဉ်းဆေးရည်တစ်မျိုးကို သုတေသီတွေက မိတ်ဆက်ပြသခဲ့ပါတယ်။

ဇရာကြောင့် အနီးမှုန်ဝေဒနာ ခံစားနေရသူ ၇၆၆ ဦးကို အဲဒီမျက်စဉ်းဆေးရည်နဲ့ စမ်းသပ်ကုသပေးခဲ့ရာမှာ အမြင်အာရုံ သိသိသာသာ တိုးတက်လာတာ တွေ့ရပါတယ်။ အမြင်အာရုံ ကြင်လင်ပြတ်သားစေတဲ့ ပီလိုကာပိုင်း၊ ရောင်ယမ်းမှု သက်သာစေတဲ့ ဒီကလိုဖီနက်တို့ ပါဝင်တဲ့ အဲဒီမျက်စဉ်းဆေးရည်ခတ်ပြီး တစ်နာရီအတွင်းမှာပဲ လူနာတွေဟာ မျက်စိစမ်းသပ်တဲ့ ဘုတ်ပြားပေါ်မှာ စာလုံးအသေး ၂ ကြောင်း၊ ၃ ကြောင်းလောက်ကို ပိုဖတ်လာနိုင်တာ တွေ့ရပါတယ်။

အဲဒီမျက်စဉ်းဆေးရည်ကို တစ်နှစ်ကြာ အသုံးပြုပြီးနောက်မှာ မျက်စိဝေဒနာရှင် ၈၀ ရာခိုင်နှုန်းကျော်ဟာ ပုံမှန်နီးပါး အမြင်အာရုံ ကောင်းမွန်လာတာ တွေ့ရပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း နည်းပါးပြီး မျက်စဉ်းဆေးရည်နဲ့ မတည့်လို့ ရပ်နားခဲ့ရသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါဘူး။

Ref: New Eye Drops Sharpen Aging Eyes in Just One Hour

NZ ( ရိုးရာလေး)

The post ၁ နာရီအတွင်း အမြင်အာရုံ ကောင်းလာစေမယ့် မျက်စဉ်းတစ်မျိုးကို မိတ်ဆက် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post