ကမ္ဘာကျော်အဆိုတော် ရီဟားနားကတော့ အခုဆို ကလေး ၃ ယောက်မိခင်ဖြစ်သွားပါပြီ။ သူ့ရဲ့လက်တွဲဖော် ASAP Rocky နဲ့ ရထားတဲ့ တတိယမြောက်ကလေးလေးကို မွေးဖွားလိုက်ပြီပဲဖြစ်ပါတယ်။
တတိယမြောက်သမီးလေးကို မွေးဖွားလိုက်ပြီဆိုတာကို ရီဟားနားက သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ ပန်းရောင်စောင်ထည်လေးနဲ့ ထွေးပွေ့ထားတဲ့ မွေးကင်းစသမီးလေးကို ပိုက်ထားတဲ့ ဓာတ်ပုံနဲ့အတူ အသိပေးခဲ့တာပါ။ Caption မှာ စက်တင်ဘာ ၁၃ ရက် ရက်စွဲနဲ့အတူ Rocki Irish Mayers လို့ ရေးသားထားပါတယ်။ ဒီနာမည်လေးကတော့ တတိယမြောက်သမီးလေးရဲ့နာမည်ပါ။
ASAP Rocky က ရီဟားနား တတိယကိုယ်ဝန်လွယ်ထားရတယ်ဆိုတာကို မေလက ၂၀၂၅ ခုနှစ်ရဲ့ Met Gala ပွဲမှာ အတည်ပြုပေးခဲ့တာပါ။ ASAP Rocky နဲ့ ရီဟားနားတို့ဟာ သားနှစ်ဦးဖြစ်တဲ့ Rza နဲ့ Riot တို့ရဲ့မိဘတွေလည်းဖြစ်ပါတယ်။ Rza ကို ၂၀၂၂ ခုနှစ် မေလမှာ မွေးဖွားခဲ့ပြီး Riot ကိုတော့ ၂၀၂၃ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။
Ref: Rihanna welcomes baby No. 3 with A$AP Rocky
WL ( ရိုးရာလေး)
The post တတိယမြောက်ကလေးလေးကို မွေးဖွားလိုက်ပြီဖြစ်တဲ့ ရီဟားနား appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment