ဂျပန်အဆိုတော်၊သရုပ်ဆောင်အပြင် Anime အသံသရုပ်ဆောင်လည်းဖြစ်တဲ့ အသက် ၄၀ နှစ်အရွယ် ရှိခါ နာခါဂါဝါဟာ သူ ကိုယ်ဝန်လွယ်ထားရချိန်မှာ သူ အချိန်ကြာကြီးမက်ခဲ့ရတဲ့ အိပ်မက်လေးပြည့်မြောက်သွားခဲ့ပါပြီ။ Anime နတ်ဘုရားမလိုလည်း သိထားကြတဲ့ ရှိခါရဲ့အိပ်မက်ကတော့ သူ့အိုင်ဒေါ ဂျက်ကီချမ်းနဲ့ တွေ့ခွင့်ရဖိုပါပဲ။ ပြီးခဲ့တဲ့အပတ်က သူဟာ ဂျက်ကီချမ်းနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။

၁ လလောက်ကြာရင် အမြွှာသားလေးမွေးဖွားတော့မယ့် ရှိခါက ဂျက်ကီချမ်းနဲ့ တွေ့ဆုံတဲ့ ပုံတွေကို အင်စတာဂရမ်အကောင့်မှာ မျှဝေလာခဲ့ပါတယ်။ ဂျက်ကီချမ်းက သူ့ရဲ့ဗိုက်ကလေးကို ကိုင်နေတဲ့ဓာတ်ပုံတွေလည်းပါပါတယ်။ တစ်သက်တာအမှတ်တရဖြစ်လာခဲ့တယ်။ အရမ်းပျော်ရွှင်မိတယ်။ မယုံနိုင်စရာအံ့ဖွယ်တစ်ခုက တကယ်ဖြစ်လာခဲ့တယ်လို ရှိခါက ဆိုထားပါတယ်။ သူ့ရဲ့တစ်သတ်တာအိပ်မက်ဆန္ဒက တစ်နေ့ကျ ဂျက်ကီချမ်းနဲ့ ပြန်တွေ့နိုင်ဖိုဖြစ်တယ်လိုလည်း ဆိုထားပါတယ်။ ရှိခါက သူ ကလေးဘဝကတည်းက ဂျက်ကီချမ်းရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ခဲ့တာပါ။ သူ့ကို ထာဝရနတ်ဘုရားအဖြစ်တောင် သတ်မှတ်ခဲ့တာပါ။

ဂျက်ကီချမ်းက သူ့ရဲ့အက်ရှင်ဇာတ်ကားသစ် Karate Kid: Legendsရဲ့ Screening ပွဲကို တက်ရောက်ဖို ဩဂုတ်လ ၂၉၊ ၃၀ ရက်တွေမှာ တိုကျိုကို ရောက်ရှိနေခဲ့တာပါ။

Ref: Japanese Star Fulfils Lifelong Dream Of Meeting Jackie Chan, Gets Her Baby Bump “Blessed By The Hands Of God”, Netizens Say
WL (ရိုးရာလေး)
The post ဂျက်ကီချမ်းနဲ့ တွေ့ချင်တဲ့ တစ်သက်တာအိပ်မက်လေးပြည့်သွားခဲ့တဲ့ ဂျပန်အဆိုတော်သရုပ်ဆောင် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment