ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံခဲ့ရတဲ့ ဂျပန်မင်းသား ဟီရိုရာ ရှိမီဇူ

အသက် ၂၆ နှစ်အရွယ် ဂျပန်မင်းသား ဟီရိုရာ ရှိမီဇူဟာ ဂျပန်နိုင်ငံရဲ့မူးယစ်ဆေးဝါးဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ တိုကျိုမြို့ရဲဌာနက ဆုဂီနာမီရပ်ကွက်ရှိ သူ့ရဲ့နေအိမ်ကို စက်တင်ဘာ ၃ရက်နေ့က ရှာဖွေမှုတွေပြုလုပ်ခဲ့ပါတယ်။ ဆေးခြောက်နဲ့ စက္ကူလိပ်တွေကို တွေ့ရှိခဲ့ပြီး ၂ နာရီအကြာမှာ ဟီရိုရာကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

သူနဲ့အတူ နေထိုင်နေတဲ့ အမည်မဖော်လိုသူအမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး နှစ်ဖက်စလုံးကတော့ သူတို့ရဲ့စွဲချက်တွေကို ဝန်ခံခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အခုနှစ်ဇန်နဝါရီလက ဟီရိုရာရဲ့ဆေးခြောက်သုံးစွဲမှုနဲ့ပတ်သက်ပြီး သတိပေးလို့ ရဲတွေက စတင်စုံစမ်းစစ်ဆေးနေခဲ့တာပါ။ သတိပေးတဲ့သူတွေရဲ့အရင်းအမြစ်ကိုတော့ မဖော်ပြခဲ့ပါဘူး။

ဟီရိုရာရဲ့အေဂျင်စီ Sa-ku က သူတို့ရဲ့ဝဘ်ဆိုက်ကတဆင့် သတင်းတွေကတဆင့် ဖြစ်ပျက်ခဲ့တာတွေကိုပဲ သိရှိထားပြီး စိတ်ရှုပ်ထွေးနေရပါတယ်လို့ ရှင်းပြရင်း တောင်းပန်ထားပါတယ်။

မင်းသားဟီရိုရာကို Chihayafuru (2016-2018)၊ Tokyo Revengers (2021-2023) နဲ့ Eye Love You (2024) လို ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲတော်တော်များများမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် လူသိများပါတယ်။ လက်ရှိမှာ The 19th Medical Chart စီးရီးမှာ ပါဝင်နေပြီး အဲ့ဒီစီးရီးမှာ သူ့ရဲ့ဇာတ်ရုပ်အပေါ် သက်ရောက်မှုရှိမရှိတော့မသိရသေးဘူးလို့ သတင်းတွေအရ သိရပါတယ်။

Ref: Japanese actor Hiroya Shimizu arrested for possessing marijuana

WL ( ရိုးရာလေး)

The post ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံခဲ့ရတဲ့ ဂျပန်မင်းသား ဟီရိုရာ ရှိမီဇူ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post