အောက်တိုဘာလမှာ မင်္ဂလာပွဲကျင်းပပြုလုပ်မယ့် Exo အဖွဲ့ဝင်ဟောင်း အဆိုတော်မင်းသား တာအို

နာမည်ကြီးကေပေါ့ပ်အဆိုအဖွဲ့ဖြစ်တဲ့ EXO အဖွဲ့ဝင်ဟောင်း တရုတ်အဆိုတော်မင်းသား တာအို (ဟွမ်ကျီတာပို) ဟာ သူ့ချစ်သူကောင်မလေးအဆိုတော် ရွီယီယန်းနဲ့ မင်္ဂလာပွဲကို အောက်တိုဘာလမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် တာအိုက ဒီသတင်းကို Variety Show Our Love Song မှာ ထုတ်ပြောပြသွားခဲ့တာပါ။

သူ့အဖွဲ့က သူ့မင်္ဂလာပွဲအတွက် ပြင်ဆင်မှုတွေလုပ်နေတာ နှစ်ဝက်လောက်ရှိပြီး မင်္ဂလာခန်းမမှာ ပရိသတ်အယောက် (၁၀၀) အတွက်လည်း ထိုင်ခုံသီးသန့်ထားရှိထားတယ်လို့ သတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ ဒီသတင်းက လူမှုကွန်ယက်အသုံးပြုသူတွေကို EXO အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ လူဟန် တက်ရောက်မလားဆိုတဲ့ ခန့်မှန်းချက်တွေဖြစ်ပေါ်လာစေခဲ့ပါတယ်။

တာအိုက ကေပေါ့ပ်အဖွဲ့ EXO ရဲ့အဖွဲ့ဝင်အဖြစ် ၂၀၁၂ ခုနှစ်မှာ ဖျော်ဖြေရေးလောကထဲဝင်ရောက်ခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာ အဖွဲ့ကနေ ထွက်ပြီး သူ့ကိုယ်ပိုင်အေဂျင်စီ Z.Tao Studio ကို တည်ထောင်ထားတဲ့ မွေးရပ်မြေတရုတ်နိုင်ငံကို ပြန်ခဲ့ပါတယ်။

စက်တင်ဘာလမှာ အသက် ၂၈ နှစ်ပြည့်မယ့် ယီယန်းကတော့ SM Entertainment ရဲ့ Trainee တစ်ယောက်ဖြစ်ခဲ့ပေမဲ့ အဆိုတော်အဖြစ် ပွဲဦးမထွက်ခဲ့ရပါဘူး။ သူက တာအိုရဲ့ ကုမ္ပဏီထဲ ၂၀၁၈ ခုနှစ်မှာ ဝင်ရောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ တစ်ကိုယ်တော်အဆိုရှင်အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။

သူတို့နှစ်ဦး တွဲနေကြတယ်ဆိုတဲ့ ကောလဟာလက နှစ်အတော်ကြာ ပျံ့နှံ့ခဲ့ပေမဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကမှ သူတို့ရဲ့ဆက်ဆံရေးကို အတည်ပြုခဲ့ပြီး အဲ့ဒီနှစ်ဒီဇင်ဘာလမှာ လက်ထပ်မှတ်ပုံတင်ခဲ့ကြပါတယ်။

Ref: Huang Zitao and Xu Yiyang to hold wedding in October with ( 100 ) fans in attendance

WL (ရိုးရာလေး)

The post အောက်တိုဘာလမှာ မင်္ဂလာပွဲကျင်းပပြုလုပ်မယ့် Exo အဖွဲ့ဝင်ဟောင်း အဆိုတော်မင်းသား တာအို appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post